Latest News

Tuesday, July 11, 2017

လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ပိုမို ဖန်တီးမယ်လို့ ၀န်ကြီးပြော

လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကို ပိုမို ဖန်တီးမယ်လို့ ၀န်ကြီးပြော

အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်ရင် လူငယ်များ လမ်းမှားရောက်သွားနိုင်တဲ့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ အတွက် ဝန်ကြီးဌာန အနေနဲ့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

“မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ရင် လူငယ်တွေ လမ်းမှားရောက်နိုင်ပါတယ် ၊ ဒါကို အစိုးရ အနေနဲ့ သိရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ အလုပ်အကိုင် အခွင့်အမ်းတွေရရှိဖို့ ဦးစားပေး လုပ်ဆောင်နေတယ်။”လို့ သူက ဆိုပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား အပြီးမှာ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် ဝန်ကြီး ဌာန အနေဖြင့် ရှိပြီးသား လုပ်သားတွေကို အခြေခံ လုပ်သားများ အဖြစ်မှ ကျွမ်းကျင် လုပ်သားတွေဖြစ်အောင် လုပ်ဆောင်နေကြောင်း သူကပြောပါတယ်။
စိုင်းလမင်း(PopularNews)

No comments:

Post a Comment