Latest News

Monday, July 3, 2017

တရုတ်နဲ့ဂျပန်ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတတယ်လီဖုန်းပြော

တရုတ်နဲ့ဂျပန်ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတတယ်လီဖုန်းပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်း ဆက်သွယ် ဆွေးနွေးခဲ့ပြီး မြောက်ကိုးရီးယားရဲ့ခြိမ်းခြောက်မှုကို အဓိက ပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဒီသီတင်းပတ်နှောင်းပိုင်းအတွင်း အာရှနိုင်ငံ ၂၀ က ခေါင်းဆောင်တွေနဲ့ ဂျာမဏီနိုင်ငံမှာပြုလုပ်မယ့် စီးပွားရေးဆွေးနွေးပွဲမတိုင်ခင် အကြိုအဖြစ် တရုတ်သမ္မတ ရှီချင်းပင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နဲ့ တယ်လီဖုန်းကတဆင့် စကားပြောခဲ့တာပါ။

တရုတ်သမ္မတ ရှီိချင်းပင်က အမေရိကန်သမ္မတရဲ့ လုပ်ရပ်တွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး တရုတ်ရဲ့ အမေရိကန်အပေါ်မှာရှိနေတဲ့ သဘောထားကို ရှင်းပြခဲ့တယ်လို့ တရုတ်အစိုးရပိုင်သတင်းဌာနတွေက ရေးသားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က မြောက်ကိုးရီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ တရုတ်ဘဏ်တခု၊ လုပ်ငန်းရှင်တချို့နဲ့ လုပ်ငန်းစုတခုကို စီးပွားရေးပိတ်ဆို့ခဲ့ပြီး ထိုင်ဝမ်နဲ့ အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံဖိုး လက်နက်အရောင်းအဝယ်ပြုလုပ်ဖို့ သဘောတူညီခဲ့တာဟာ တရုတ်ကို စိတ်ဆိုး ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။

Photo: President Donald J. Trump Facebook
RFA

No comments:

Post a Comment