Latest News

Monday, July 3, 2017

မြန်မာမီဒီယာသမားတွေ စိုးရိမ်စရာ အခြေအနေရှိလို့ အီးယူပြော

မြန်မာမီဒီယာသမားတွေ စိုးရိမ်စရာ အခြေအနေရှိလို့ အီးယူပြော

ပြီးခဲ့တဲ့လပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်း မီဒီယာသမားတွေ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်းတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိလာခဲ့တယ်လို့ ဥရောပသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခြင်း၊ တွေးခေါ်ခြင်း အခွင့်အရေးတွေဟာ  လူသားအားလုံးအတွက်  ခွင့်ပြုထားတဲ့ လူ့အခွင့်အရေးဖြစ်ပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်၏ မရှိမဖြစ် အခြေခံ အုတ်မြစ်တစ်ရပ်ဖြစ်တဲ့အပြင် တရားဥပဒေစိုးမိုးမှု အခြေပြု  တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့ အခြေခံအချက်လည်းဖြစ်ကြောင်း အီးယူ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မီဒီယာ လွတ်လပ်ခွင့်၊  အချုပ်အချယ်ကင်းခြင်းနှင့် ယှဉ်တွဲ နေထိုင်နိုင်ခြင်းများသည် ဒီမိုကရေစီရဲ့ အသည်းနှလုံးဖြစ်တာကြောင့် မည့်သည့် ခြိမ်းခြောက်မှု၊ ဖမ်းဆီးခံရမှု၊ တရားစွဲဆိုခံရမှုများ မပါရှိဘဲ လွတ်လပ်၍ လုပ်ကိုင်နိုင်စွမ်းရှိသော ၀န်းကျင်တွင် လုပ်ကိုင်နိုင်ဖို့  မီဒီယာသမားများအတွက် လိုအပ်တဲ့  ဥပဒေအကာအကွယ်များ ပေးအပ်ဖို့  မြန်မာနိုင်ငံတော် အစိုးရထံသို့ တောင်းဆိုပန်ကြားတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီကိစ္စနဲ့  ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့အနေနဲ့  မြန်မာနိုင်ငံကို  ကူညီ ထောက်ပံ့သွားဖို့လည်း အသင့်ရှိနေကြတယ်လို့လည်း ဆိုပါတယ်။

Photo: Thant Zin Oo/RFA

No comments:

Post a Comment