Latest News

Saturday, July 1, 2017

သတင်းသမားတွေကို ဓာတ်ပုံမှတ်တမ်းယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ကဆိုသူကို အမှုဖွင့်

သတင်းသမားတွေကို ဓာတ်ပုံမှတ်တမ်းယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်ကဆိုသူကို အမှုဖွင့်

The  Voice အယ်ဒီတာအချုပ် အမှုရုံးချိန်းမှာ သတင်းသွားရောက်ယူခဲ့တဲ့ သတင်းသမားတွေ ကို ဓာတ်ပုံမှတ်တမ်း ယူခဲ့တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆိုသူ တဦးကို မြန်မာသတင်းသမား များ ကာကွယ်ရေး ကော်မတီ (Protection for Journalists Committee –Myanmar –PCMJ) က မနေ့က ဗဟန်းရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

တရားရုံးရှေ့မှာThe Voice အယ်ဒီတာချုပ်ဦးကျော်မင်းဆွေရဲ့ရှေ့နေဦးခင်မောင်မြင့်ကို အင်တာဗျူးနေတုန်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆိုသူတဦးက သတင်းသမားတဦးချင်းစီကို ရှုထောင့်ပေါင်းစုံ ကနေ ဓာတ်ပုံတွေရိုက်ပါတယ်။

ဒီလိုဆောင်ရွက်တာဟာ အထက်ကခိုင်းတာကြောင့်လို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ သတင်းသမားတွေရဲ့လုံခြုံမှုနဲ့သတင်း လွတ်လပ်ခွင့်ကို ထိခိုက်တယ် ဆိုပြီး မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ ကိုယ်စား ကိုရဲလင်းထွန်းက တရားလို လုပ်ပြီး ဗဟန်း ရဲစခန်းမှာ အမှုဖွင့်လိုက်တာပါ။

တပ်မတော်ဘက်က တရားစွဲဆို ထားတဲ့ အပေါ် အမှုရင်ဆိုင်နေရတဲ့ The Voice အယ်ဒီတာချုပ် ရဲ့ရုံးချိန်းမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တဦးက အခုလိုလုပ်တာဟာ သတင်းသမားတွေ အပေါ် စောင့်ကြည့်နေတယ် ဆိုတာ သိသာထင်ရှားစေတယ်လို့လည်း သတင်းထောက် တဦးဖြစ်သူ ကိုမိုးမြင့်က ပြောပါတယ်။

PCMJ အနေနဲ့ ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအရ အမှုဖွင့်လိုက်တာဖြစ်ပြီး ဗဟန်းရဲစခန်းက ဒါကို ကနဦးတိုင်ချက် အနေ နဲ့လက်ခံထားပြီး တရားစွဲဆိုနိုင်ခြင်းရှိမရှိကိုတော့ ရက် ၃၀ အတွင်း အကြောင်းပြန်သွားမယ်လို့သိရ ပါတယ်။

(ဓာတ်ပုံ- M MOE A)
ဘီဘီစီ မြန်မာပိုင်း

No comments:

Post a Comment