Latest News

Saturday, July 1, 2017

မြောက်ကိုရီးယားကို ပြတ်ပြတ်သားသား တုံ့ပြန်ရန် တောင်ကိုရီးယားနှင့်အမေရိကန် ဆော်သြ

မြောက်ကိုရီးယားကို ပြတ်ပြတ်သားသား တုံ့ပြန်ရန် တောင်ကိုရီးယားနှင့်အမေရိကန် ဆော်သြ

မြောက်ကိုရီးယားကို ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား သမ္မတွေက ဆော်သြလိုက်ပါတယ်။

ဇွန် ၃၀ ရက်နေ့က တောင်ကိုရီးယား သမ္မတ မွန်းဂျေး အင်းနဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ အပြီးမှာ ခုလို ပြောလိုက်တာပါ။

တောင်ကိုရီးယား-အမေရိကန် မဟာမိတ် ပြုမှုဟာ အရေးပါတယ်လို့ ပြောရင်း ကုန်သွယ် ရေးနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို ရည်ရွယ် ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအပေါ် ဗျူဟာမြောက် သည်းခံမှုခေတ် အဆုံးသတ်ပြီလို့လည်း ထရမ့်က ပြောပါတယ်။

မြောက်ကိုရီးယားအရေးကို ထိပ်တန်း ဦးစားပေးနေရာမှာ ထားတယ်လို့လည်း တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုနဲ့ ကျူးကျော်ရန်စမှုဟာ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ရလိမ့်မယ်၊ အားကောင်းတဲ့ လုံခြုံရေးကသာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးကို ရလိမ့်မယ်ဆိုတဲ့ အချက်အပေါ် အမေရိကန်နဲ့ တောင်ကိုရီးယား သမ္မတတွေ သဘောတူခဲ့တယ်၊ မြောက်ကိုရီးယားနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ တံခါးတွေ ဖွင့်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ထိ ရောက်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ် ပဲ့ထိန်း တာဝေးပစ် ဒုံးကျည်ကို တီထွင်နေတာပါ။

ဒီအရေးကို ဖြေရှင်းနည်းရှာဖို့ ဒေါ်နယ်ထရမ့် ဘယ်လိုလုပ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘယ်လို စစ်ရေး ဖြေရှင်းချက်မဆို နောက်ဆက်တွဲ အနေနဲ့ မယုံနိုင်တဲ့ အတိုင်းအတာနဲ့ ဝမ်းနည်းစရာတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မ် မက်တစ်က သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းနဲ့ အဓိက ကုန်သွယ်ရေးမိတ်ဖက် တရုတ်က မြောက်ကိုရီးယားကို ဖျောင်ျးဖမယ်လို့ အမေရိကန် သမ္မတက မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တရုတ် အစိုးရက ပိုအားကောင်းတဲ့ အရေးယူတာမျိုး မလုပ်ခဲ့တာကြောင့် စိတ်ပျက်ခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံခဲ့ပါတယ်။

DVB

No comments:

Post a Comment