Latest News

Thursday, July 6, 2017

အားလပ်ရက်အတွင်း မိသားစုနှင့် ပျော်ရွှင်နေသည့် ရော်နယ်ဒို

အားလပ်ရက်အတွင်း မိသားစုနှင့် ပျော်ရွှင်နေသည့် ရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်က သူနဲ့ သူ့မိသားစု ပျော်ရွှင်နေတဲ့ပုံတပုံကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

ပုံကတော့ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာနဲ့အတူ သူ့ရဲ့ မွေးကင်းစ အမြွှာကလေးနှစ်ဦးကို ချီပွေ့ထားတဲ့ပုံပဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ သူ့ရဲ့သွေးသား အီဗာနဲ့ မာတီယိုလို့ခေါ်တဲ့ မွေးကင်းစ အမြွှာကလေးငယ် ၂ ဦးကို ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အိမ်ကို အပြေးသွားရောက်ပြီး ကြည့်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ကွန်ဖက်ဒရေးရှင်းဖလားမှာ တတိယရခဲ့ပြီးတဲ့နောက် လာမယ့်ရာသီသစ် မစတင်မီ အားလပ်ရက်မှာ မိသားစုနဲ့အတူ အပန်းဖြေ အနားယူနေတာပါ။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ အခွန်ရှောင်လွှဲမှု ပြဿနာတွေကြောင့် စပိန်နိုင်ငံမှာ နေထိုင်ရတာ အဆင်မပြေဖြစ်နေပြီး ပီအက်စ်ဂျီအသင်းနဲ့ အသင်းဟောင်း မန်ယူကို ပြန်လည်ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment