Latest News

Thursday, July 6, 2017

ဖေ့စ်ဘွတ်ခ်တွင် ညစ်ညမ်းပုံများဖြင့် မြှူဆွယ်ပြီး အကောင့်လုံခြုံရေးပျက်အောင် လုပ်ဆောင်မှုများရှိလာ

ဖေ့စ်ဘွတ်ခ်တွင် ညစ်ညမ်းပုံများဖြင့် မြှူဆွယ်ပြီး အကောင့်လုံခြုံရေးပျက်အောင် လုပ်ဆောင်မှုများရှိလာ

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ညစ်ညမ်းပုံများကို ဝင်ရောက်ကြည့်ရှုရန် ဖိတ်ခေါ်၍ ဝင်ရောက်ကြည့်ရှုပါက အသုံးပြုနေသည့် ဖေ့စ်ဘွတ်ခ်အကောင့်လုံခြုံရေးကျိုးပေါက်အောင် လုပ်ဆောင်မှုများ ရှိလာသည်။
ဇွန်လ တတိယပတ်က စတင်၍ ညစ်ညမ်းပုံများသို့ ဝင်ရောက်ကြည့်ရှုရန်လင့်ခ်များသို့ အသုံးပြုပြီး အကောင့်ဝင်ရောက်ရန် ပြုလုပ်မှုများရှိလာပြီး လူဦးရေအများအပြားရှိ Group များတွင် ညစ်ညမ်းပုံပါရှိသည့် Linkကိုမျှဝေ၍ ဆွဲဆောင်ခြင်းဖြစ်သည်။ ‘‘Com- ment မှာ Ok လို့ရိုက်ပြီး ပုံကိုနှိပ်ပြီး ကြည့်ပါလို့ပြောတယ်။ ကျွန်တော်ကတော့ ကိုယ်လည်းနားမလည်တော့ ကြောက်လို့မကြည့်ဘူး’’ ဟု အမည်မဖော်လိုသူ ဖေ့စ် ဘွတ်ခ်အသုံးပြုသူက ပြောသည်။
‘‘သိချင်စိတ်များရင် ပါသွား နိုင်တယ်။ (ဖေ့စ်ဘွတ်ခ်အကောင့်) နောက်တစ်ခုက ၁၈+ ပေါ့။ ဘယ်သူမှ မသိပါဘူးဆိုပြီး နှိပ်မိရင် ပါသွားနိုင်တာပဲ။ Not Password Access ပေါ့။ Password တောင် သိစရာမလိုတော့ဘူး’’ဟု နည်းပညာကျွမ်းကျင်သူ ကိုကိုရဲက ပြောသည်။
ညစ်ညမ်းပုံများဖြင့် ဆွဲဆောင်၍ ဗီဒီယိုများဝင်ရောက်ကြည့်ရှုရန် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အများအပြား တိုက်တွန်းနေသည့် Link များသည် Blogspot များသာဖြစ်ပြီး အား လုံးသော Link များကို ရက်ပိုင်းအတွင်း အသစ်တည်ဆောက်ထားခြင်းဖြစ်သည်။
ညစ်ညမ်းပုံများဖြင့် ဆွဲဆောင်၍ Blog များဆီသို့ Link များပေး၍ ခေါ်ဆောင်သူများသည် ပရိုဖိုင်အတု၊ အကောင့်အတုများကို အသုံးပြု၍ လူအများအပြား ဝင်ရောက်ကြည့်ရှုနေသည့် ဟာသ၊ အချစ်၊ အလွမ်း၊ ကဗျာများဆုံစည်းရာ၊ 2D, 3D၊ နှစ်လုံး၊ သုံးလုံး၊ မြန်မာမော်ဒယ်ပုံရိပ်များအစရှိသည့် Group မျိုးစုံတို့ ဝင်ရောက်မျှဝေနေခြင်းဖြစ်သည်။
‘‘ဘာမှတော့မဟုတ်ပါဘူး။ ဒါတွေက Spam လိုမျိုး ပွထလာနိုင်တာတော့ရှိတယ်။ (အဆိုပါ လင့်ခ်ကို နှိပ်မိပါက ကိုယ်တိုင်အနေဖြင့် မူရင်းမျှဝေသူအတိုင်း အလိုအလျောက် လိုက်လံမျှဝေ နေခြင်းမျိုး ဖြစ်ပေါ်နိုင်ကြောင်း)အကောင့်တော့ မခိုးနိုင်ပါဘူး’’ ဟု နည်းပညာလုံခြုံရေးကျွမ်းကျင်သူ ဦးအောင်ဇော်မြင့်က ပြောကြားသည်။
ညစ်ညမ်းပုံများကို နှိပ်၍ ဝင်ရောက်ကြည့်ရှုပါက pop-myanmar031.blogspot.com, wowwewatch.blogspot.com, meylyanalyzers261.blogspot.com, lalalovess.blogspot.com, konmycceakachouy81.blogspot.com စသည်ဖြင့် Blog မျိုးစုံသို့ ရောက်ရှိမည် ဖြစ်သည်။
‘‘အလကားပါ။ Ok လို့ ရိုက်ထည့်ခိုင်းတာက ဆိုရှယ်သဘောအရ လူများများဆက်ပြီး မြင်အောင်လုပ်တာ။ တချို့က Ok လို့ Comment မှာ ရိုက်မှ ဗီဒီယိုကို ကြည့်လို့ရမယ်ထင်တာ။ ပြီးရင် သူက ပုံကိုနှိပ်ပြီး ကြည့်ပါဆိုပြီး ပြောတယ်။ ပုံနှိပ်လိုက်မှတော့ သူ့ရဲ့ Link ထဲကို ရောက်သွားမှာပေါ့။ နည်းပညာပိုင်းတော့ မသိဘူး’’ ဟု ဖေ့စ်ဘွတ်ခ်နေ့စဉ်အသုံးပြုသူတစ်ဦးက ပြောသည်။ ညစ်ညမ်းပုံများဖြင့် Blog-spotများကို ဝင်ရောက်ကြည့်ရှုရန် ဆွဲဆောင်မှုသည် ဇွန်လကုန်ပိုင်း၌ ပိုမိုများပြားခဲ့ပြီး ဖော်ပြသည့်အကောင့်များသည်လည်း နာမည်အမှန်၊ Profile အမှန်များမဟုတ်ပေ။
7Day News Journal

No comments:

Post a Comment