Latest News

Monday, July 10, 2017

ဧရာဝတီနှင့် ငဝန်မြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းဘေးဒေသများ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နိုင်သဖြင့် မိုးဇလသတိပေး

ဧရာဝတီနှင့် ငဝန်မြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းဘေးဒေသများ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နိုင်သဖြင့် မိုးဇလသတိပေး

ချင်းတွင်းမြစ်ရေမြင့် တက်နေပြီးနောက် ဧရာဝတီမြစ် နှင့်ငဝန်မြစ်ရေသည် စိုးရိမ်ရေ မှတ်အနီးမြင့်တက်လာ၍ မြစ် ကမ်းဘေးဒေသများ ရေကြီးနစ် မြုပ်မှုအန္တရာယ်  မြင့်တက်လာ ကြောင်း မိုးဇလကသတင်းထုတ် ပြန်ထားသည်။

 လတ်တလောတွင် ချင်း တွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ခန္တီး၊ ဖောင်းပြင်၊ ဟုမ္မ လင်း၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာ မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် မြင့်တက်နေပြီး အဆိုပါမြို့များ ရှိဒေသအချို့၌ ရေဘေးကြုံနေ သည်။ ဧရာဝတီမြစ်ရေသည် လည်း ဇူလိုင် ၁၀ ရက်ကစကာ မြင့်တက်လာပြီး ရွှေကူ၊ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် စိုးရိမ်ရေမှတ် အထိ မြင့်တက်လာနိုင်၍ရေဘေး အန္တရာယ်သတိပြုရန် သတင်း ထုတ်ပြန်ထားသည်။ ဧရာဝတီနှင့် ထိစပ်နေသော ငဝန်မြစ်သည် ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေ မှတ်အနီး ရောက်နေပြီး နောက် သုံးရက်အတွင်း ယင်းမြို့၏စိုးရိမ် ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ဇူလိုင် ၁၀ ရက်ကသတင်းထုတ် ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်မိုးဦးက ‘‘မြစ် ကြီးနားမှာ မိုးကောင်းပြီး ဧရာဝတီ မြစ်ရေတက်လာတာကြောင့် ရွှေ ကူမှာဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်။ ချင်းတွင်း မြစ်ရေက ဧရာဝတီထဲ ဆင်းလာ လို့လည်း ပခုက္ကူနဲ့ညောင်ဦးမှာ စိုး ရိမ်ရေမှတ်ရောက်လာဖို့ရှိတယ်။  စစ်ကိုင်းတိုင်းအထက်ပိုင်းမှာက မိုးဆက်ကောင်းနေလို့ ချင်းတွင်း မြစ်ရေဆက်တိုးနေတယ်။ မြစ် ကမ်းဘေးဒေသတွေ ရေဘေး အန္တရာယ်ပိုများလာလို့ သတိထား ဖို့လိုတယ်’’ ဟု ပြောသည်။

ဇူလိုင် ၁၀ ရက်အခြေအနေ အရ ဧရာဝတီမြစ်ရေသည် ရွှေ ကူနှင့် ပခုက္ကူတွင် စိုးရိမ်ရေမှတ် အောက်နှစ်ပေခန့်၊ ညောင်ဦးမြို့ တွင် စိုးရိမ်ရေမှတ်အောက် တစ် ပေခွဲခန့်၌ ရောက်ရှိနေပြီး နောက် သုံးရက်မှ လေးရက်အတွင်း စိုး ရိမ်ရေမှတ်အထက်ရောက်ရှိနိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် လေးပေခန့်၊ ဟုမ္မလင်း မြို့နှင့်ဖောင်းပြင်မြို့တို့တွင် နှစ် ပေခန့်စီ၊ မော်လိုက်မြို့တွင် ငါးပေ ခွဲခန့်၊ ကလေးဝမြို့နှင့်မင်းကင်း မြို့တို့တွင် သုံးပေခွဲခန့်စီနှင့်မုံရွာ မြို့တွင် တစ်ပေခန့်စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး ဆက် လက်မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။

၂၀၁၆ ဇူလိုင် ၁၀ မှ ၂၀ ရက်ပတ်ဝန်းကျင်က ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေမြင့်တက်နေချိန် တွင် မိုးသည်းထန်စွာရွာသွန်း၍ရခိုင်ပြည်နယ်အပါအဝင် ဒေသ အများစုသည် ရေကြီးနစ်မြုပ်မှုရင် ဆိုင်ခဲ့ရသည်။ ငဝန်မြစ်ရေလည်း စိုးရိမ်ရေမှတ်အထက်တွင် တစ်လ ကျော်ကြာအောင် မြင့်တက်ခဲ့၍ ငါးသိုင်းချောင်းမြို့နယ် ဝန်းကျင်ဒေသများမှ ဒေသခံလူဦးရေ သုံးသောင်းခန့် ရေဘေးရင်ဆိုင်ခဲ့ ရသည်။ ကချင်ပြည်နယ် ဟူး ကောင်းချိုင့်ဝှမ်း လွင်ပြင်ဒေသ တွင်လည်း ဇူလိုင် ၉ ရက်ကစတင်ကာမိုးသည်းထန်စွာ ရွာသွန်းနေ၍မြစ်ရေများဆက်လက်မြင့်တက် လာနိုင်ကြောင်းကချင်ပြည်နယ် နှင့် စစ်ကိုင်းဒေသကြီးမှဒေသခံ များကပြောသည်။

‘‘ကျွန်တော်တို့ဆီရေကြီးနေ တာငါးရက်မကတော့ဘူး။ ဒီထက်ရက်ကြာလာရင် ရေမြုပ်ဒေသ တွေမှာ အတော်အခက်အခဲတွေ့ ရမှာ။ ရေကမနေ့က ကျမလိုလိုနဲ့ မိုးကောင်းပြီး ပြန်တက်တာမှာ အ ရင်ရေမှတ်ထက်ပိုသွားပြီ။ကျွန် တော်တို့ အတွေ့အကြုံအရတော့ အထက်ပိုင်းဒေသတွေမှာ ရေ ဘေးကြိုတင်ကာကွယ်ရေးတွေ အင်တိုက်အားတိုက်လုပ်ထားဖို့ လိုပြီ’’ဟု ခန္တီးမြို့ခံဦးစံမင်းက ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာနကလည်း လတ်တလော ရေဘေးအန္တရာယ် အထူးသတိ ပြုရန်နှင့် ကြိုတင်ကာကွယ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားရန်သ တင်း  ထုတ်ပြန်အသိပေးထား သည်။ လက်ရှိရာသီဥတုအခြေအ နေအရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်နှင့်ဧရာဝတီတိုင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်  မိုးကြီးနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည်။
7Day News

No comments:

Post a Comment