Latest News

Monday, July 10, 2017

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန် မော်တော်ယာဉ်များရပ်၍ ဟွန်းတီးရန် ညွှန်ကြား

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန် မော်တော်ယာဉ်များရပ်၍ ဟွန်းတီးရန် ညွှန်ကြား

 နှစ် (၇၀) ပြည့် အာဇာနည်နေ့၌ အာဇာနည်ခေါင်း ဆောင်ကြီးများ ကျဆုံးချိန်တွင် မော်တော်ယာဉ်မောင်းနှင်သူများ အနေဖြင့် ခေတ္တရပ်တန့်၍ ဟွန်း တီးကြရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများ၌ ကြေညာသည်။
ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် နှစ် (၇၀)ပြည့် အာဇာနည်နေ့၌ ခေါင်းဆောင်ကြီး များ ကျဆုံးချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားက ဥဩဆွဲအ ချက်ပေးမည်ဖြစ်ပြီး လမ်းပေါ်၌ သွားလာနေသော မော်တော် ယာဉ်များ ခေတ္တရပ်တန့်၍ ဟွန်း တီးကြရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် အာဇာနည်နေ့ တွင် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံ တော်အလံကို တိုင်တစ်ဝက်လွှင့် ထူရန်နှင့် အထက်ပါအချက်များကို အောက်ခြေအဆင့်ဆင့်သို့ ဆက်လက်ညွှန်ကြားရန် နိုင်ငံတော်သမ္မတရုံးက အစိုးရရုံးဌာနအားလုံးကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနများက ကြေညာသည်။
7Day News

No comments:

Post a Comment