Latest News
Thursday, June 29, 2017
YGW ကျောင်းက ကလေးတွေ ရိုက်နှက် ခံရမှု နင့်မဖွယ်မရပြုသည့်အခြေနေများအတွက်ကလေးသူငယ်ဥပဒေဖြင့်အမှုဖွင့်ဖို့  စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြံပြု
YGW ကျောင်းက ကလေးတွေ ရိုက်နှက် ခံရမှု နင့်မဖွယ်မရပြုသည့်အခြေနေများအတွက်
ကလေးသူငယ်ဥပဒေဖြင့်အမှုဖွင့်ဖို့  စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြံပြု
လပွတ္တာခရိုင်အ၀ါရောင်မျိုးဆက်သစ်ကျောင်းမှ ကလေးငယ်များကို ရိုက်နှက်ခံရမှု နှင့် အရွယ်ရောက်ပြီး ကလေးငယ်များကို မဖွယ်မရာပြုမူသည့် ကိစ္စများအတွက် နစ်နာသူကာယကံရှင် မိဘများမှ ကလေးသူငယ်များဥပဒေအရ တရားဆွဲဆိုရန် သင့် သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ က အစိုးရထံအကြံပြုထားသည်။
"ဒါကတိုင်းဒေသကြီး အစိုးရအဖွဲ့  လူမှုရေးဝန်ကြီးကို သင့်တော်တဲ့ အကြံပြုချက်တွေနဲ့ တင်ပြထားတာပါ။  ဒါနဲ့ ပတ်သတ်ပြီးအထက်က တော့တစ်စုံတစ်ရာအကြောင်းပြန်လာတာမရှိသေးဘူး။" လို့  လပွတ္တာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နိုင် က ပြောသည်။
မေလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့က ထိုကျောင်းတွင် ဆက်လက်မနေလိုကြောင်း ပြောသည့်ကလေး ၁၂ဦးနှင့် ကျောင်း မထားတော့ပဲ ပြန်ခေါ်သည့် မိခင်တစ်ဦးတို့အား  ဘုန်းတော်ကြီးသုံးပါးက ဝါးတုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းနှင့်မဖွယ်မရာပြုလုပ်ခဲ့ မှုများအပေါ် ကလေးများ၏ မိဘများနှင့် အရိုက်ခံရသူများက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
"သာသနာကိုလည်းမစော်ကားဘူး ဘာသာကိုလည်းမစော်ကားပါဘူး။ ဒီကျောင်းကိုပြိုကွဲပါစေဆိုတဲ့စိတ်လည်းမရှိဘူး။ ဒါပေမဲ့  အပြစ်ရှိလို့  အပြစ်ရှိတဲ့ သူကိုပဲအမှုဖွင့်တိုင်ကြားတာ ။ "ဟု မိဘတစ်ဦးဖြစ်သည့် ဒေါ်ကြည်အေးကပြောသည်။
နေပြည်တော် လူမှုဝန်ထမ်းညွန်ကြားရေးမျူးချုပ်ထံ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက စစ်ဆေးပေး
ပို့ သောအစီရင်ခံစာတွင် ယောက်င်္ကျာလေး(၅၁) ဦး မိန်းကလေး (၅၆)ဦးရှိသည့် အဆိုပါကျောင်းတွင်
မိန်းကလေးရေချိုးဆောင်မှာအကာအကွယ်များမရှိကြောင်းနှင့်ကိုးတန်းဆယ်တန်းမိန်းကလေးများမှာ
ဘုန်းတော်ကြိးများကို နှိပ်ပေးရပြီး မိန်းကလေးများအားလက်ဆွဲခြင်း ဖက်နမ်းခြင်းများပြုလုပ်ကြောင်း
သိရှိရသည်ဟု ဖော်ပြပါရှိသည်။
"လက်ဆွဲပြီး အဆောင်ဘက်ခေါ်သွားတယ်။ ပြီးတော့ ပါးကိုနမ်းလိုက်တယ်။ ထဘီစကိုဆွဲတော့ နဂီုတည်းကအသက်က(၁၄)နှစ်ဆိုတော့ ထဘီမစီးတတ်စီးတတ်ဆိုတော့ ကျွတ်မလိုဖြစ်သွားတော့ သူထွက်ပြေးရ
တယ်။ အဲ့ လို တွေရှိလို့ မနေချင်တော့ဘူးဆိုပြီး ကျွန်မသမီးကပြန်ဖို့ ပြောတော့ ကျွန်မသမီးကိုလည်း ၀ါးနဲ့ ရိုက်တာ " လို့ မိခင်ဖြစ်သူတစ်ဦးကပြောသည်။
အိမ်ပြန်မည်ဆိုပါက (၂၅)ချက်အရိုက်ခံရမည်ဖြစ်ပြီး ကလေးအစားလူကြီး အရိုက်ခံပါက အချက်(၅၀)
အရီုက်ခံရမည်ဟု နှုတ်ဖြင့်ပြောဆို ထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၏စစ်ဆေးတွေ့ ရှိချက်တွင်ဖော်ပြပါရှိသည်။
အဆိုပါဖြစ်စဉ်များအတွက် ပြစ်မှုဆိုင်ရာဥပဒေ အပါဝင် ကလေသူငယ်ဥပဒဖြင့်ပါ ထိထိရောက်ရောက်
အရေးယူသင့်သည်ဟု လူအခွင့်ရေးနှင့်ကလေးသူငယ်များရေးဆောင်ရွက်သူ ညီမျှခြင်း မြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။
ရင်ကလေးတွေဒုက္ခရောက်တယ်။ ခုဆိုရင် ကလေးတွေ ရီုက်နှက်ခြင်းတွေမဖွယ်မရာပြုမူမှုတွေအတွက် ရာဇာသတ်ဥပဒေအရရောကလေးသူငယ်ဥပဒေအရ ထိရောက်စွာအရေးယူဖို့ တိုက်တွန်းလိုပါတယ်။
ဘာ့ကြောင့်လည်းဆိုကလေးငယ်တွေကိုဒိလို မလုပ်ရဘူးလို့ ကလေးသူငယ်ဥပဒေ အဟောင်းရော အသစ်မှာပါတိတိကျကျပြဌာန်းထားလို့ ပါ "ဟု ၄င်းကပြောသည်။
လက်တလောတွင် သက်ဆိုင်ရာ ကပြစ်မှုဆိုင်ရာဥပဒေ  ပုဒ်မ ၃၂၃ သာမာန်နာကျင်စေမှုဖြင့်သာအမှုဖွင့်ဆောင်ရွက်ထားသည့်အတွက် မထိရောက်နိုင်ပဲကလေးသူငယ်ဥပဒေဖြင့် တရားဆွဲဆိုနိုင်မှသာလျင် ကလေးသူများ သည်လုံလောက်သော ဥပဒေ အကာကွယ်ရနိုင်သည် လပွတ္တာမြို့ ခံ ဦးဇော်ဝင်းကသုံးသပ်သည်။
"ဘာသာရေး နိုင်ငံရေး အခြေနေတွေဖြစ်လာမှာစိုးလို့ ထိမ်းထိမ်းသိမ်းသိမ်းလုပ်နေတာလားလိုမြင်တယ်။ ဒါတွေကို လည်းအပြစ်ပြောစရာမရှိပေမဲ့ ထိမ်းသိမ်းမှုတွေ လွန်ကဲသွားရင် ကလေးတွေနစ်နာမှာလည်းဆိုးတယ်။ကျူးလွန်ခံရသူတွေဟာ အသက်မပြည့် သေးတဲ့ ကလေးတွေဖြစ်တဲ့ အတွက် ဥပဒေအတိုင်းပြောကြစတမ်းဆိုရင် ကလေးသူငယ်ဥပဒေနဲ့ ပဲဖြေရှင်းသင့်တယ်။ ဒီဥပဒေနဲ့ မှပဲ ကလေးတွေအတွက်ထိုက်တန်တဲ့  တရားစီရင်မှုရလိမ့်မယ်လို့ ထင်တယ်။" ဟု သူကပြောသည်။
လတ်တလောဖြစ်ပေါ်နေသည့်အခြေနေများကို တွေ့ ဆုံမေးမြန်း လျှောက်ထားလိုသည်ဟု အဆိုပါကျောင်းကဆရာတော် လေးပါးကို လျှောက်ထားသော်လည်း  "ကျုပ်တို့ ဖြေလို့ မရဘူး။ဘာမှ ပြောလို့ မရဘူး" ဟု
မိန့် သည်။
ရိုက်နှက်ခြင်းခံရသည်ဟုဆိုသည့်ကလေးများနှင့် မဖွယ်မရာပြုမူခြင်းများခံရသည်ဟုဆိုသူများသည် အသက်ကိုးနှစ်မှဆယ့်လေးနှစ်အတွင်းကလေးများဖြစ်သည်။
မျိုးမင်းပိုင်
No comments:
Post a Comment