Latest News

Thursday, June 29, 2017

ဟင်္သာတမြို့အနီး ရထားနှင့်သုံးဘီးဆိုင်ကယ် တိုက်မှုဖြစ်ပွား


ဟင်္သာတမြို့အနီး ရထားနှင့်သုံးဘီးဆိုင်ကယ် တိုက်မှုဖြစ်ပွား

၂၀၁၇ ဇွန် ၂၈( ဟင်္သာတမြို့)

ယနေ့နံနက် ၁၁နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့အနီး ရထားလမ်းနှင့်ကားလမ်းဆုံရာ တာဂွကျေးရွာတွင် ရထားနှင့် သုံးဘီးဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပါသည်။

ကြက်တူရွေးကျေးရွာနေ ယဉ်မောင်း သိန်းထိုက်မောင်းနှင်လာသော JRC အမျိုးအစား သုံးဘီးဆိုင်ကယ်သည် ဟင်္သာတမြို့မှ ကြက်တူရွေးရွာဘက်သို့မောင်းနှင်လာစဉ် တာဂွကျေးရွာ မိုင်တိုင် ၁၁၃/၇ နှင့် ၁၁၃/၈ အကြား ရထားလမ်းနှင့်ကားလမ်းဆုံရာနေရာ၌ သုံးဘီးဆိုင်ကယ်မှာစက်ရပ်သွားခဲ့ပါသည်ဟု ယဉ်မောင်းထံမှ သိရသည်။ ထိုစဉ် ဟင်္သာတဘက်မှ ကြံခင်းဘက်သို့ ခုတ်မောင်းလာသော စက်ခေါင်းအမှတ်DF-1261 ရထားအမှတ် ၁၈၁(  အဆန် )လူစီးအမြန်ရထားဖြင့် တိုက်ပြီးချိတ်ပါသွားခဲ့ရာ သုံးဘီးဆိုင်ကယ်မှာ လမ်းဆုံမှ ကိုက် ၁၀၀အကွာထိ ခြိတ်ပါသွားခဲ့ပြီး မီးရထားမှာရပ်သွားကြောင်းသိရသည်။

သုံးဘီးဆိုင်ကယ်ပေါ်တွင် ယဉ်မောင်းအပါအဝင်လေးဦးအနက် ယဉ်မောင်း၏သမီးဖြစ်သူ မမေသံဇဉ်ချို အသက် ၃နှစ်မှာ နှာတံပေါ်ပွန်းခြစ်၍သွေးထွက်ဒဏ်ရာ ၁ချက် ရရှိပြီး ကျန်သူများမှာ ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။ သုံးဘီးဆိုင်ကယ်မှာ သံဂွေလိမ်ခြင်း၊ရှပ်တန်းကြိုးခြင်းဖြစ်ပေါ်ခဲ့ပါသည်။ ဟင်္သာတမြို့
အမှတ် ၂ ရဲစခန်းမှ သုံးဘီးယဉ်မောင်းအား မီးရထားလာသည်ကိုသိလျှက်နှင့်မဆင်မခြင်မောင်းနှင်
ခြင်းကြောင့် ( ပ)၉၃/၂၀၁၇၊ ရထားပိုဆောင်ရေးဥပဒေပုဒ်မ ၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း ရဲစခန်းတာဝန်ရှိသူတဦးထံမှသိရသည်။

Ko Yan Naing (Hinthada)








No comments:

Post a Comment