Latest News

Thursday, June 29, 2017

Body Scrub နဲ့ ပတ်သက်ပြီး အသုံးဝင်ပုံ၊ အသုံးပြုပုံနှင့် ဘေးထွက်ဆိုးကျိုးများ

Body Scrub နဲ့ ပတ်သက်ပြီး အသုံးဝင်ပုံ၊ အသုံးပြုပုံနှင့် ဘေးထွက်ဆိုးကျိုးမျာ


ရန်ကုန်၊ ဇွန် ၂၇ – Body Scrub နဲ့ပတ်သက် ပြီး အခြေခံအကြောင်းအရာတွေကို ဘယ်လို အသုံးပြုရမယ်၊ ဘာအတွက် အသုံးပြုတယ်ဆိုတာကို လည်း မိတ်ကပ်ပညာရှင်ဖြိုးက ရှင်းပြပေးပါတယ်။
ဘာကြောင့် အသုံးပြုရတာလဲ။

Scrub ကို အရေပြားပေါ်က ဆဲလ် အသေတွေ ဖယ်ဖို့သုံးတာ ဖြစ်ပြီး Facial Scrub, Body Scrub မှာ ပါဝင်တဲ့ အမှုန့်ကြမ်း ကြမ်းလေးတွေက အရေပြားပေါ်မှာရှိနေတဲ့ ဆဲလ်အသေလေးတွေကို ပွတ်ချပေးသွားတာဖြစ်ပါ တယ်။ အသက်အရွယ်ရလာတာနဲ့ လူတွေရဲ့ အရေပြားပေါ်က ဆဲလ်အသေတွေကို ခန္ဓာကိုယ်က သဘာဝအတိုင်း ဖယ်ရှားပေးတဲ့ အရှိန် လျော့သွားတာကြောင့် ပြင်ပက ပစ္စည်းတစ်ခုခုအကူအညီယူပြီး ဖယ်ရှားတဲ့သဘော မျိုးဖြစ်ပြီးScrub မှာ ဆား၊ သကြား၊ ကော်ဖီမှုန့်၊ သဲမှုန့်စတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

စနစ်တကျ အသုံးပြုနည်း။


scrub ကို အရေပြားပေါ်မှာ ခပ်ဖွဖွ စက်ဝိုင်းသဏ္ဍာန်လှည့်ပြီး ပွတ်ပေးရတာဖြစ်ပြီး အရမ်းဖိပွတ်ဖို့ မလိုအပ်ဘူး။ scrub မှာ ပါဝင် တဲ့ အမှုန့်ကြမ်းလေးတွေက ရေမှာ လွယ်လွယ်ကူကူ မပျော်တတ်တာကြောင့် စက်ဝိုင်းပုံသဏ္ဍာန် တစ် ချက်နှစ် ချက်ပွတ်ပေးရုံသာ လုပ်ရ ပြီး ပြီးမှ ရေဆေးချရမှာ ဖြစ်ပါတယ်။

ဆပ်ပြာ ထပ်သုံးရန် သင့် မသင့်။

ကိုယ်အသုံးပြုတဲ့ product အမျိုးအစား ပေါ်မူတည်ပြီး တချို့ Scrub တွေက ဆပ်ပြာရည်ပါပြီး သားဖြစ်တာကြောင့် တစ်ဆင့်တည်းနဲ့ ပြီးတယ်လို့ သိရပါတယ်။ တချို့ product  တွေက မပါဝင်တာကြောင့် ကိုယ်အသုံးပြုမယ့် product ကို သေချာကြည့်ပြီး ဝယ်ယူရမှာဖြစ်ပါတယ်။

ဘေးထွက်ဆိုး ကျိုး ရှိ မရှိ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ အရေပြားပါး သွားတာတွေ ဖြစ်လာနိုင်ပြီး မျက်နှာပေါ်မှာ scrub ခဏခဏပြုလုပ် ရင် ချွေးပေါက်ကျယ်လာနိုင်တယ် လို့ သိရပါတယ်။ ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် body scrub တိုက်ပြီးချိန် မှာ shower oil သို့ မဟုတ် body conditioner သုံးပေးသင့်ပါတယ်။ မျက်နှာပေါ်မှာ scrub သုံးပြီးချိန်ကို တိုနာ နဲ့ moisturizer တွေ သေချာပြန်သုံးပေး သင့်ပြီး အနာရှိတဲ့နေရာကို scrub လုံးဝမသုံးသင့်ဘဲ ပိုမို ဆိုးရွားလာနိုင်တယ်လို့ သိရပါတယ်။

ဘယ်နှကြိမ် သုံးသင့်သလဲ။

တစ်ပတ်ကို နှစ်ကြိမ်သုံးပေးရင် လုံလောက်ပြီး ခန္ဓာကိုယ်တွင် ပုံမှန်ထက်ညိုမည်းတဲ့ နေရာများ ဖြစ်တဲ့ တံတောင်၊ ဒူး၊ ပေါင်ခြံ စတဲ့ နေရာတွေကို သေချာ သုံးပေးသင့်ပါတယ်။ ကျောပေါ်ကို scrub သေ ချာသုံး ပေးခြင်းဖြင့် ကျောဘက် မှာပေါက်တဲ့ ဝက်ခြံတွေ ပျောက်စေနိုင်တယ်လို့ သိရပါတယ်။ မျက်နှာအတွက် မျက်နှာတစ်ပြင် လုံးသာမက နှုတ်ခမ်းတွေ ပေါ်ကိုပါ scrub သုံးပေးသင့်တယ်လို့ ပြောပါ တယ်။

အိမ်မှာလုပ်လို့ ရနိုင်သလား။

အိမ်မှာရှိတဲ့ သကြားအညို၊ ဆားကြမ်း၊ ကော်ဖီမှုန့်ကြမ်း စတာတွေက သဘာဝ scrub ပစ္စည်း တွေဖြစ်တာကြောင့် ပျားရည်၊ သံလွင်ဆီ၊ အုန်းဆီ စစ်စစ်တွေနဲ့ သင့်လျော်သလို ရောသုံးနိုင်ပါတယ်။

 မိပုံ့(Kumudra)



No comments:

Post a Comment