Latest News

Wednesday, June 14, 2017

အိုင်ယာလန်မှာ ပထမဆုံး Gay ဝန်ကြီးချုပ် တက်ပြီ

အိုင်ယာလန်မှာ ပထမဆုံး Gay ဝန်ကြီးချုပ် တက်ပြီ

အိုင်ယာလန်ဝန်ကြီးချုပ် Enda Kenny အင်ဒါ ကင်းန်နီ မနေ့က တရားဝင် နုတ်ထွက်လိုက်ပါပြီ။  အာဏာရပါတီ ခေါင်းဆောင်အဖြစ်က ပြီးခဲ့တဲ့လမှာ နေရာဖယ်ပေးခဲ့ပြီးနောက် သူ့နေရာကို Leo Varadkar လီယို ဗရက်ကာ နဲ့ အစားထိုးခဲ့ပါတယ်။

အိုင်ယာလန်လွှတ်တော်က ၁၄ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ တင်မြှောက်မယ့် လီယို ဗရက်ကာ အနေနဲ့ စီးပွားရေးအကျပ်ရိုက်ပြီး အိုးမဲ့အိမ်မဲ့ပြသနာတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံကို ဦးဆောင်ရမှာဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံသား သူနာပြုဆရာမမိခင်နဲ့ အိန္ဒိယနိုင်ငံသား ဆရာဝန်ဖခင်တို့က မွေးဖွားခဲ့တဲ့ ဗရက်ကာ ဟာ အိုင်ယာလန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သလို Gay ဂေးခေါ် လိင်တူချင်းနှစ်သက်သူတွေထဲက ပထမဆုံး ဝန်ကြီးချုပ်လည်း ဖြစ်လာပါလိမ့်မယ်။

ဝန်ကြီးချုပ်တာဝန်က နုတ်ထွက်လိုက်ရတဲ့ အင်ဒါ ကင်းန်နီ က သူ့အနေနဲ့ ပြသနာအားလုံးကို မှန်ကန်အောင်တော့ မကိုင်တွယ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အိုင်ယာလန်လူထု အတွက် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ရိုးသားစွာဆောင်ရွက်ခဲ့ပါတယ်လို့ ပြောပါတယ်။

RFA

No comments:

Post a Comment