Latest News

Wednesday, June 14, 2017

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ကျပ်သန်း ၅ ရာ ထပ်မံလွှဲအပ်

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ကျပ်သန်း ၅ ရာ ထပ်မံလွှဲအပ်



မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေထဲက ကျပ်သန်း ၅ ရာကို မကွေးတိုင်းအစိုးရဘဏ် စာရင်းထဲ ဇွန်လ (၁၄) ရက်နေ့ ဒီနေ့ လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။

ဦးဘုန်းမော်ရွှေ ပေးဖို့ကတိပြုထားတဲ့ ကျပ်ငွေ ၃ ဘီလီယံကျော်ထဲက ဒီနေ့ အထိ ကျပ်သန်းပေါင်း ၁.၈ ဘီလီယံ ပေးအပ်ပြီးသွားပြီလို့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။

 ကျန်တဲ့ ၁. ၄၇ ဘီလီယံကို ကတိပြုထားတဲ့အတိုင်း ဇူလိုင်လကုန်မှာ အပြီးပေးအပ်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးနေမျိုးကျော်က ပြောပါတယ်။

အရင်မကွေးတိုင်း အစိုးရလက်ထက် ရေနံလက်ယက်တွင်း လုပ်ငန်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေတွေထဲက အစိုးရသစ်ကို လွဲပြောင်းမပေးဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကျပ် ၁. ၇ ဘီလီယံနဲ့ ရွှေသုခ ချေးငွေလုပ်ငန်းကို လွှဲပေးထားတဲ့ ၁. ၅၇ ဘီလီယံ၊ စုစုပေါင်း ၃ ဘီလီယံကျော်ကို ဦးဘုန်းမော်ရွှေက ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။

အစိုးရသစ်ကို လွှဲပြောင်းမပေးဘဲ ပျောက်ဆုံးနေတဲ့ ငွေထဲက ၃ ဘီလီယံကျော်ကို ငွေချေးလုပ်ငန်းမှာ အသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေနဲ့ ရွှေသုခ အသေးစား ငွေရေးကြေးရေးအသင်း ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က တိုင်းအစိုးရသစ်လက်ထဲ ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စု အစိုးရက ဧပြီလ ၈ ရက်နေ့က အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment