Latest News

Wednesday, June 14, 2017

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ သူရဦးတင်ဦးကို လာရောက်ကြည့်ရှု

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ သူရဦးတင်ဦးကို လာရောက်ကြည့်ရှု

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ဟာ ရန်​ကုန်​​ဆေးရုံကြီး နှလုံး​ရောဂါ အထူးကြပ်​မတ်​​ဆောင်​မှာ​ ဆေးကုသမှုခံယူ​နေတဲ့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ​နာယက သူရဦးတင်​ဦးရဲ့ ကျန်းမာ​ရေးအ​ခြေ​အနေကို ဒီက​နေ့ လာ​ရောက်​ကြည့်ရှုခဲ့ပါတယ်​။

နာယက သူရဦးတင်​ဦးရဲ့ ကျန်းမာ​ရေးအ​ခြေ​နေဟာ ​ကောင်း​မွန်​လာပြီဖြစ်​​ကြောင်း အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ ဒေါ်​အောင်​ဆန်းစုကြည်​ က​ပြောပါတယ်​။ အဲဒီနောက်​​ရန်​ကုန်​​ဆေးရုံကြီးမှာ လာ​ရောက်​ကြိုဆိုကြတဲ့ ပြည်သူ​တွေကို လိုက်​လံနှုတ်​ဆက်​ခဲ့ပါတယ်​။

သူရဦးတင်​ဦးရဲ့ ကျန်းမာ​ရေးအ​ခြေအနေကို နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ ဒေါ်​အောင်​ဆန်းစုကြည်​ လာ​ရောက်​ကြည့်ရှုတာဟာ ဒုတိယအကြိမ်​​မြောက်​ဖြစ်​ပါတယ်​။

Photo: Kyaw Zawe Win, Htet Arkar/RFA

No comments:

Post a Comment