Latest News

Friday, June 30, 2017

ဒုတိယအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ Facebook ရဲ့ Aquila ဒရုန်း

ဒုတိယအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ Facebook ရဲ့ Aquila ဒရုန်း

လူလိုက်ပါခြင်းမရှိတဲ့ နေစွမ်းအင်သုံး Aquila ဒရုန်းကို ကမ္ဘာအင်တာနက်လိုင်း မမိတဲ့ ဒေသများအတွက် ကောင်းကင်ကနေ အင်တာနက်လိုင်း ဖြန့် ပေးဖို့ Facebook ဟာ အရီဇိုးနားသဲကန္တာရထဲမှာ ဒုတိယအကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။


ပြီးခဲ့တဲ့ နှစ်က ဇွန်လက ပထမအကြိမ် ပျံသန်းခဲ့တဲ့ Facebook ရဲ့ ဒရုန်းဟာ ၁ နာရီနဲ့ ၃၆ မိနစ်ကြာ ပျံသန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မြေပြင်ပေါ် ဆင်းသက်ခါနီးမှာ တောင်ပံပျက်စီးသွားခဲ့ပါတယ်။ ယခုနှစ် မေလ၂၂ ရက် စတင် စမ်းသပ်ပျံသန်းခဲ့ရာမှာတော့ Aquila ဒရုန်းယာဉ်ဟာ ၁ နာရီ ၄၆ မိနစ်ကြာအောင် ပျံသန်းနိုင်ခဲ့ပြီး အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


Facebook ဟာ ဒရုန်းများနဲ့ အင်တာနက်လွှင့်ဖို့ ပြီးခဲ့တဲ့ ၂၀၁၄ လောက်ကတည်းက ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ နေစွမ်းအင်သုံး ဒရုန်းနဲ့  အင်တာနက် မရတဲ့ ဒေသမှ လူများအတွက် ကောင်းကင်ကနေ အင်တာနက်ဖြန့် ဖြူးဖို့ ဆိုတာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ စိတ်ကူးဖြစ်ပြီး Aquila ကို ပထမဆုံး ပုံဖော်ခဲ့တာပါ။ Aquila ဒရုန်းယာဉ်ဟာ အပြင်မှာ တွေ့ နေကျ ဒရုန်းတွေနဲ့ ပုံစံအားဖြင့် ကွာခြားပြီး ကြီးမား ရှည်လျားလှတဲ့ တောင်ပံကြီးများနဲ့ အာရုံခံ sensors ရာပေါင်းများစွာတပ်ဆင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။


ယခုတစ်ကြိမ်မှာ Aquila ဒရုန်းဟာ အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့တယ် ဆိုပေမယ့် မဆိုစလောက် ပျက်စီးမှုလေးတွေတော့ ရှိထားတယ်လို့ ဆိုပါတယ်။ Facebook ဟာ ကောင်းကင်မှာ လနဲ့ ချီကြာအောင် ပျံသန်းနိုင်တဲ့ အင်တာနက်ဖြန့် ဖြူးရေး ဒရုန်းယာဉ်ကြီးများကို ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။ အနာဂါတ်မှာ Aquila နွယ်ဝင် ဒရုန်းကြီးများကို ကောင်းကင်မှာ လပေါင်းများစွာ ကြာအောင် လွှင့်တင်သွားဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။

Duwun

No comments:

Post a Comment