Latest News

Friday, June 30, 2017

စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ်စီးတာတွေကို ဇူလိုင် ၁ ရက်က စပြီး အရေးယူမယ်

စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ်စီးတာတွေကို ဇူလိုင် ၁ ရက်က
စပြီး အရေးယူမယ်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးနင်းတာတွေကို ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး စစ်ဆေး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

 စည်ပင်နယ်နိမိတ်က ဆိုင်ကယ်စီးနင်းခွင့်တားမြစ်ထားတဲ့ နယ်မြေဖြစ်လို့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဆိုင်ကယ်စီးနင်းခွင့် လုံးဝခွင့်မပြုနိုင်ကြောင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆိုင်ကယ်စီးနင်းတာကို စစ်ဆေးတွေ့ရှိရင် ဆိုင်ကယ်တွေကို သိမ်းဆည်းသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


“စည်ပင်နယ်နိမိတ်မှာ ဆိုင်ကယ်စီးနင်းခွင့်ကိုသက်ဆိုင်ရာ အစိုးရအဖွဲ့များသာလျှင်ခွင့်ပြုထားတယ်။ ကျန်တဲ့မည်သူမဆိုစီးနင်းခွင့်ပြုမထားပါဘူး”လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရရဲ့ ဇူလိုင်လ တစ်ရက်နေ့ကစပြီး စည်ပင်နယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးနင်းတာတွေကို စိစစ်အရေးယူမယ့် စီမံချက်နဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ပြည်သူတချို့က ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ သက်ဆိုင်ရာကို တင်ပြတောင်းဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source : The Voice

Duwun

No comments:

Post a Comment