Latest News

Friday, June 9, 2017

"ဒီနှစ် အခြေခံပညာကျောင်းတွေမှာ ကျောင်အပ်သူ ၁၀ သိန်းနီးပါရှိပြီ

"ဒီနှစ် အခြေခံပညာကျောင်းတွေမှာ ကျောင်အပ်သူ ၁၀ သိန်းနီးပါရှိပြီ

ရန်ကုန်တိုင်းဒေသကြီးမှာ ဒီနှစ်ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ဦးရေ ၉သိန်း၉သောင်းကျော် အထိ ကျောင်းအပ်နှံမှုရှိပြီဖြစ်တယ်လို့ ဇွန်လ(၇)ရက်ထိ စာရင်းများ အရ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရပါတယ်။
မနှစ်က ပညာသင်နှစ်ရဲ့ မတ်လအထိ စာရင်းတွေအရ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ဆယ်သိန်းကျော် ပညာသင်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ ခုလက်ရှိအချိန်ထိ ကျောင်းအပ်နှံမှုတွေရှိနေသေးတာကြောင့် မနှစ်က ကျောင်းသားကျောင်းသူဦးရေထက် ပိုများမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံကိန်းများကြီးကြပ်အကဲဖြတ်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဦးက ပြောပါတယ်။

ဒီနှစ်ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ(၂၅)ရက်ကနေ (၃၁)ရက် အထိသတ်မှတ်ထားပေမယ့်လည်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ဖို့ ဇွန်လဒုတိယအပတ်အထိ အချိန်ကာလတိုးမြှင့်ပေးတယ်လို့သိရပါတယ်။
ဒါ့အပြင်ဒီနှစ်မှာ အရင်နှစ်တွေကထက်ကျောင်းအပ်နှံရေးလုပ်ငန်းတွေကိုပိုမိုလုပ်ဆောင်သလို ကျောင်းသားကျောင်းသူတွေ ကျောင်းမထွက်ဘဲ ကျောင်းနေမြဲရေးကဏ္ဍကိုပါ အလေး ထားပြီးဆောင်ရွက်သွားဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ခုဆိုရင်ကျောင်းတွေမှာ ကျောင်းထွက်လက်မှတ်ယူပြီး ကျောင်းပြောင်းရွှေ့တဲ့ ကလေးတွေ အနေနဲ့သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းအပ်နှံမှု ရှိမရှိတွေကို စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်ပညာသင်နှစ်မှာ ရန်ကုန်တိုင်းဒေကြီး အတွင်း အခြေခံပညာကျောင်း (၆)ကျောင်း တိုးချဲ့ဆောက်လုပ်ထားတာ ဖြစ်တာကြောင့် ခုဆိုရင် အခြေခံပညာကျောင်း (၂၇၄၆)ကျောင်းမှာ ကျောင်းသားကျောင်းသူတွေ ပညာသင်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ အခမဲ့ပညာရေး အစီအစဉ်အရ မူလတန်းကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ၆ အုပ်နဲ့ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီပံ့ပိုးပေးခဲ့ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကိုတော့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံစီ ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

7Day TV

No comments:

Post a Comment