Latest News

Friday, June 9, 2017

ရာသီဥတုကြောင့်မုံရွာမှ အခြေခံပညာကျေုာင်းများစာသင်ချိန်ပြောင်းလဲ

ရာသီဥတုကြောင့်မုံရွာမှ အခြေခံပညာကျေုာင်းများစာသင်ချိန်ပြောင်းလဲ


ရာသီဥတုပူပြင်းမှုကြောင့် မုံရွာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများ စာသင်ချိန်ပြောင်းလဲ သင်ကြားခဲ့ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီးဒေါက်တာဇော်ဝင်း က ပြောသည်။

မုံရွာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၌ ဇွန်လ ၉ ရက်က စတင်၍ ပုံမှန်စာသင်ချိန်နံနက် ၉ နာရီမှ ညနေ ၄ နာရီအစား နံနက် ၇ နာရီမှ နံနက် ၁၁ နာရီခွဲသို့ ပြောင်းလဲသင်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘မုံရွာမြို့နယ်ထဲက ကျောင်း တွေ အချိန်ပြောင်းသင်တာ ဟုတ် ပါတယ်။ ကျန်တဲ့မြို့နယ်တွေက တော့ စီမံခန့်ခွဲရေးကော်မတီနဲ့ တိုင်ပင်ပြီးတော့ ပြောင်းလဲဖွင့် လှစ်ကြမယ်ထင်တယ်။ နေ့အပူ ချိန် တအားပြင်းတော့ စာသင်တဲ့ ကလေးတွေအခက်အခဲဖြစ်မှာစိုး လို့ပါ။ မိုးလေးဖြိုင်ဖြိုင်ကျလာပြီး ရာသီဥတုအပူချိန်လျော့တဲ့ကာ လအထိ အချိန်ပြောင်းဖွင့်မယ်လို့ သိရပါတယ်’’ ဟု ဒေါက်တာဇော် ၀င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပ ညာရေးမှူးရုံးညွှန်ကြားရေးမှူးဦး မြင့်ဇော်က ‘‘ကျွန်တော်တို့ဆီ တင်ပြထားတာ မုံရွာမြို့နယ်ပဲရှိ သေးတယ်။ ကျန်တဲ့မြို့နယ်တွေ က အချိန်ပြောင်းဖွင့်မယ့် တင်ပြ စာတွေမရောက်သေးဘူး’’ ဟု ပြောသည်။

‘‘ဒီရက်ပိုင်း နေ့အပူချိန်တွေ တော်တော်ပြင်းတယ်။ အခုလို နေ့အပူချိန်မြင့်တဲ့အချိန် စာသင် ချိန်တွေ ပြောင်းဖွင့်ပေးတာ ပို ကောင်းပါတယ်။  စာသင်ခန်းထဲ မှာ ပူပူလောင်လောင် စာသင်နေ ရတဲ့ ကျောင်းသားကျောင်းသူတွေ အတွက် ပိုအဆင်ပြေတာပေါ့’’ ဟု မုံရွာမြို့ အလယ်ရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ပြော ကြားသည်။

မုံရွာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများ၌ အထက်တန်း ကျောင်း ၁၄ ကျောင်း၊ အထက် တန်းကျောင်းခွဲငါးကျောင်း၊ အ လယ်တန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၃၃ ကျောင်း၊ မူလတန်းလွန် ကျောင်း ၂၃ ကျောင်း၊ မူလတန်းကျောင်း ၈၈ ကျောင်း၊ မူလတန်းကျောင်း ခွဲတစ်ကျောင်း စုစုပေါင်း ၁၇၇ ကျောင်းဖွင့်လှစ်သင်ကြား လျက်ရှိသည်။

7Day News

No comments:

Post a Comment