Latest News

Friday, June 9, 2017

မြန်မာလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ခြင်း မရှိဟု ထိုင်းစစ်တပ်အကြီးအကဲပြော

မြန်မာလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ခြင်း မရှိဟု ထိုင်းစစ်တပ်အကြီးအကဲပြော

ထိုင်းစစ်တပ်အတွင်းမှ လက်နက်များကို ခိုးထုတ်ကာ မှောင်ခိုရောင်းဝယ်မှု နှစ်ခု ဆက်တိုက်ဖြစ်ပွားပြီး နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်များကို ထောက်ပံ့ခြင်း မရှိကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလမ် ချိုင်းစစ်တီဆတ်က ပြောဆိုလိုက်သည်။

ထိုင်းစစ်တပ်မှ လက်နက်များကို ထိုင်းစစ်သားအချို့နှင့် လက်နက်မှောင်ခိုများက ခိုးယူရောင်းချမှု နှစ်ခု သောကြာနှင့် စနေနေ့တို့တွင် ဆက်တိုက်ဖမ်းဆီးရမိပြီး နောက်ပိုင်း မြန်မာနိုင်ငံမှ လက်နက်ကိုင်များကို ထိုင်းစစ်တပ်က ထောက်ခံအားပေးသည့် မူဝါဒ မရှိကြောင်း ဗိုလ်ချုပ်ကြီး ချာလမ်ချိုင်းက ငြင်းဆိုခြင်း ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသမှ လက်နက်များကို မှောင်ခိုဝယ်ယူ၍ ထိုင်းနိုင်ငံအနောက်ပိုင်း နယ်စပ်ရှိ မြန်မာလက်နက်ကိုင်အဖွဲ့များကို ရောင်းချနေသည်မှာ နှစ်ကာလကြာမြင့်ပြီ ဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက ဝန်ခံခဲ့သည်။

တရားမဝင် မှောင်ခိုရောင်းချနေသည့် လက်နက်အများအပြားကို ဖမ်းဆီးရမိပြီးနောက် ထိုင်းစစ်သားသုံးဦးနှင့် အရပ်သား ၁၅ ဦးကို လက်နက်မှောင်ခိုမှုဖြင့် ထိုင်းရဲက ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။ ယင်းအပြင် ပြီးခဲ့သည့် တစ်ပတ်ကလည်း ထိုင်းစစ်သားတစ်ဦး မောင်းနှင်လာသော မော်တော်ယာဉ် တိမ်းမှောက်ခဲ့ရာ မှောင်ခိုရောင်းချမည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

လက်နက်မှောင်ခိုမှုတွင် ထိုင်းစစ်သားအချို့က စစ်တပ်လက်နက်တိုက် အတွင်းမှ လက်နက်ခဲယမ်းများ ခိုးထုတ်ကာ နိုင်ငံအနှံ့အပြားသို့ ရောင်းချကြောင်း ကနဦး စိစစ်တွေ့ရှိထားသည်။ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အများအပြား အခြေပြုပြီး ယနေ့အထိ လက်နက်ခဲယမ်း အလွယ်တကူ ဝယ်ယူနိုင်သည့် ဈေးကွက် တည်ရှိရာအဖြစ် ထင်ရှားသည်။


The Voice

ဓါတ်ပုံ - M-16 Rifle

No comments:

Post a Comment