Latest News

Wednesday, June 14, 2017

လန်ဒန်မီးလောင်မှု ၆ ဦးသေ၊ ၅၀ ကျော်ဒဏ်ရာရ

လန်ဒန်မီးလောင်မှု ၆ ဦးသေ၊ ၅၀ ကျော်ဒဏ်ရာရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်က ၂၄ ထပ် အဆောက်အဦးတစ်ခု ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ ၅၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မနက် ၁ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့တာမို့ အများစုဟာ အိပ်မောကျနေချိန်ဖြစ်ပါတယ်။

မီးသတ်ကာ အစီး ၄၀၊ မီးသတ်သမား အယောက် ၂၀၀ ကျော်နဲ့ ငြိမ်းသတ်ခဲ့ရပြီး၊ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူအရေအတွက် တိုးလာနိုင်ပြီး၊ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီမီးလောင်မှုဟာ အခုနှစ်ပိုင်းအတွင်း ဗြိတိန်နိုင်ငံမှာ အကြီးမားဆုံးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

RFA

No comments:

Post a Comment