Latest News

Wednesday, June 28, 2017

အဆောက်အဆောက်လုပ်ခွင့်နှုန်းထားများ ပြောင်းလဲကောက်ခံ

အဆောက်အဆောက်လုပ်ခွင့်နှုန်းထားများ ပြောင်းလဲကောက်ခံ

မြို့တော်စည်ပင်အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ဖြည့်ဆည်းပေးဖို့လိုပါတယ်။

ရန်ကုန်၊ ဇွန် ၂၅ – ရန်ကုန်မြို့တွင်းအဆောက်အအုံဆောက်လုပ် ခွင့်ပုံစံ စစ်ဆေးခ၊ အာမခံစပေါ်ငွေ၊ ကြိုတင်ဆောက်ဒဏ်ကြေးငွေ နှုန်းထားတွေကို ပြောင်းလဲကောက်ခံနေတယ်လို့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အဲသည် ဒဏ်ကြေးနှုန်းထားတွေကို ဇွန်လ ၁ ရက်နေ့ကပြောင်းလဲ ကောက်ခံနေပြီး ပုံစံစစ်ဆေးခအတွက် မိသားစုနေအိမ်တစ်စတု ရန်းပေကို ၅၀ ကျပ်၊ စီးပွားရေးအဆောက်အအုံ တစ်စတုရန်း ပေကို ၇၅ ကျပ်၊ အုတ်ညှပ် အိမ်တစ်စတုရန်းပေကို ၅၀ ကျပ်နဲ့ စစ်ဆေးပေးနေကြောင်းသိရပါတယ်။ကြိုတင်ဆောက် ဒဏ်ကြေးငွေအတွက် မိသားစုနေအိမ်တစ်စတု ရန်းပေကို ကျပ် ၅၀ဝ၊ စီးပွားရေးအဆောက်အဆောက်အအုံ တစ်စတုရန်းပေကို ကျပ်၂၅၀ဝ၊ ခြံစည်းရိုးတစ်ပေကိုငွေ ၃၆၀ ကျပ်နဲ့ ကျော်လွန်ဆောက်လုပ်တဲ့ ဒဏ်ကြေးတစ်စတုရန်းပေကို ကျပ် ၁၅,ဝ၀ဝ ကောက်ခံမှာဖြစ်တယ်။

အဆောက်အအုံဖျက်ဒဏ်ကြေးအနေနဲ့ တိုက်အိမ်တစ်စတုရန်းပေကို ၂၅ ကျပ်၊ အုတ်ညှပ်အိမ်တစ်စတုရန်းပေကို ၂၀ ကျပ်၊ ပျဉ်ထောင် အိမ်တစ်စတုရန်းပေကို ၁၅ ကျပ်ပြောင်းလဲကောက်ခံမှာဖြစ်ပြီး အဆောက်အအုံ ကြိုတင်ဖျက် သိမ်းဒဏ်ကြေးကတော့ တိုက်အိမ်တစ် စတုရန်းပေကို ကျပ် ၆၀၊ ပျဉ်ထောင်အိမ်တစ်စတုရန်းပေကို ကျပ် ၃၀၊ အုတ်ညှပ်အိမ်တစ်စတုရန်းပေကို ကျပ် ၅၀ နဲ့ ပြောင်းလဲ ကောက်ခံမှာ ဖြစ်တယ်။

လူနေခွင့် BCC အမည်ပြောင်းခအနေနဲ့ မိတ္တူမှန်ကူးယူခခွင့်ပြုမိန့် တစ်ရွက်ကို ကျပ် ၂၄၀ဝ၊ ခွင့်ပြုပုံစံတစ်ရွက်ကို ကျပ် ၁၂၀ဝ ပြောင်း လဲကောက်ခံမှာ ဖြစ်ပါတယ်။ အမြင့်ပေပိုဒဏ်ကြေး မိသားစုနေအိမ် တစ်ပေကို ကျပ် ၁၂၀,ဝ၀ဝ၊ စီးပွားဖြစ်အဆောက်အအုံတစ်ပေကို ကျပ် ၂၄၀,ဝ၀ဝ ကောက်ခံမှာဖြစ်ပါတယ်။

အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် အာမခံကြေး ကို သုံးထပ်ခွဲနဲ့အထက်အဆောက်အအုံတစ်လုံးကို ကျပ်သိန်း ၅၀၊ သုံးထပ်အောက်တစ်လုံးကို ကျပ်သိန်း ၃၀ နဲ့ ပြောင်းလဲကောက်ခံ မှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းအရ သိရပါတယ်။

အဆောက်အအုံအခွန်ဆိုင်ရာ အခွန်အခတွေအအရင်ကထက် ထက်ဝက်နီးပါးလောက်မြင့်လာပါတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာနအဆောက်အအုံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အဆောက်အအုံဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခတွေပိုများလေ၊ လုပ်ပိုင်ခွင့်ရှိတဲ့ သူက အဲသည်ငွေပမာဏအပေါ်ပိုတောင်းတာ ရှိလာနိုင်ပါတယ်။ စစ်ဆေးခတွေလျော့မှ ပြည်သူတွေအဆင်ပြေ မှာဖြစ်ပြီး မြို့တော်စည်ပင်အနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို ကြည့်ပြီးဖြည့်ဆည်းပေးဖို့ လိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တစ်ပတ်ကို လူနေထိုင်ခွင့် ပါမစ် (RC) အဆောက်အအုံပြီးစီးကြောင်းထောက် ခံချက်တွေတစ်ပတ်ကိုအဆောက်အအုံအလုံး၇၀ ကျော်လောက် ပါမစ်ချပေးနေတယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာနက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက တာဝန်ရှိသူတစ်ဦးက BCC (အဆောက်အအုံပြီးစီးကြောင်း) လက်မှတ်၊ YESC က လျှပ်စစ်မီတာတပ်ဆင်ပေးလို့ BCC လာ လျှောက်ကြတယ်။BCCကျမှ မီတာတပ်ဆင်ခွင့်ရှိလို့ BCCလာတင် ကြတာ၊ အရင်ကဆို BCC  မတင်ဘဲ အမြတ်ခွန်ရှောင်တာတို့၊ လူဝင်နေထိုင်တာတွေရှိတဲ့အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အရင်အစိုးရလက်ထက်က BCC လာရောက် လျှောက်ထားသူတစ်ပတ် ကို အလုံးရေ ၁၀ လုံးလောက်သာ လာရောက် လျှောက်ထားကြပြီး အစိုးရလက်ထက်မှာ BCC  လျှောက်ထားသူမှာ နိုဝင်ဘာလကစပြီး တစ်ပတ်ကိုအလုံးရေ ၇၀ ကျော်ရှိတယ်လို့သိရပါတယ်။

မေသက်/Kumudra

No comments:

Post a Comment