Latest News

Wednesday, June 28, 2017

သွေးရောဂါသည်သမီးငယ်အား မြှုပ်နှံမည့် မြေကျင်းအတွင်း အတူနေပေးခဲ့သည့် ဖခင်၏ ကြေကွဲဖွယ်ဖြစ်ရပ်

သွေးရောဂါသည်သမီးငယ်အား မြှုပ်နှံမည့် မြေကျင်းအတွင်း အတူနေပေးခဲ့သည့် ဖခင်၏ ကြေကွဲဖွယ်ဖြစ်ရပ်

တရုတ်နိုင်ငံမှ အမျိုးသားတဦးဟာ သွေးရောဂါခံစားနေရတဲ့ သမီးငယ်ကို ကုသမရနိုင်တော့တဲ့အဆုံး သူမ ကွယ်လွန်ရင် မြှုပ်နှံမယ့် မြေကျင်းတခုအတွင်းမှာ အတူရှိနေပေးခဲ့တဲ့ အဖြစ်ဟာ တကယ့်ကို ဝမ်းနည်း စိတ်ထိခိုက်စရာပါပဲ။

ဇန်ဇင်လဲ့ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ ၂ နှစ်အရွယ်ရှိပြီး သူ့အသက် ၂ လသား အရွယ်တည်းက သွေးရောဂါကို ခံစားခဲ့ရတာလို့ ဆိုပါတယ်။

သူတို့မိသားစုဟာ သမီးငယ်ရဲ့ရောဂါကို ကုသဖို့ ကုန်ကျစရိတ် ပေါင်ငွေ ၁ သောင်း ၁ ထောင်ထက်မနည်း ကုန်ကျခံခဲ့ပြီးနောက်မှာတော့ ဆက်လက်ကုသဖို့ မတတ်နိုင်တော့ပါဘူး။

လက်ရှိအချိန်မှာတော့ သမီးငယ် သေဆုံးရတော့မယ့်အချိန်ကို စောင့်နေရုံသာ ရှိတော့တာမို့ ဝမ်းနည်း ယူကျုံးမရဖြစ်နေခဲ့တဲ့ ဖခင်ဖြစ်သူဟာ သမီးငယ်ကွယ်လွန်ရင် မြှုပ်နှံမယ့် ကျင်းထဲမှာ သားအဖ ၂ ဦး အတူရှိနေပေးခဲ့တာပါ။

မိဘတွေအနေနဲ့ သမီးငယ်ကို ဆက်လက်ဆေးကုသပေးဖို့ မတတ်နိုင်တော့တဲ့ အဆုံးမှာတော့ သူ့ရဲ့သေဆုံးချိန်ကို ပြင်ဆင်ပေးဖို့သာ တတ်နိုင်တော့တယ်လို့ ဖခင်ဖြစ်တဲ့ ဇန်လီယောင်က ပြောပါတယ်။

“ဒီနေရာ(မြေကျင်း)ထဲမှာပဲ သမီးနဲ့အတူ ဆော့ကစားပြီး အတူရှိနေပေးမှာပါ။ ဒါဟာ သူ ငြိမ်းချမ်းစွာရှိနေမယ့် နေရာပေါ့။ ကျနော်တတ်နိုင်တာကတော့ သူနဲ့အတူ ခုလို နေ့တိုင်းရှိနေဖို့ပါပဲ။”

လီယောင်ဟာ မြေကျင်းထဲမှာ သမီးငယ်ကို ပွေ့ဖက်လျက်သား ရှိနေချိန်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးဖြစ်သူက သူတို့အနီး စောင့်ကြည့်နေခဲ့တဲ့ မြင်ကွင်းဟာ တကယ့်ကို ဆို့နင့်ကြေကွဲစရာပါ။

သူတို့မိသားစုဟာ သမီးငယ်ကို ဆေးဝါးကုသဖို့ တခြားမိတ်ဆွေသူငယ်ချင်းတွေဆီက ငွေကြေးအကူအညီတွေ ယူခဲ့ရပြီး လက်ရှိမှာတော့ အကုန်လုံး ကုန်ခဲ့ပြီလို့ ဆိုပါတယ်။

သမီးငယ်ကို အနီးကပ်ကုသမှုတွေမှာ သွေးပြောင်းလဲကုသတာမျိုးတွေလည်း ပါဝင်တာမို့ ပုံမှန်ကုသမှု မလုပ်ဘူးဆိုရင်တော့ အသက်အန္တရာယ် ထိခိုက်နိုင်တာမျိုးပါ။

မိခင်ဖြစ်သူ ဒဲန်ဂ်မင်ကတော့ အင်တာဗျူးတခုမှာ “ကျမတို့ အချိုးအကွေ့တခုဆီ မောင်းနှင်ခဲ့ကြပြီးပြီလေ။ ကျမတို့မှာ ရွေးချယ်စရာ မရှိပါဘူး” လို့ စိတ်ထိခိုက်စွာ ဖြေခဲ့ပါတယ်။

Credit - DVB
Search Myanmar

No comments:

Post a Comment