Latest News

Wednesday, June 28, 2017

နျူလက်နက် အပြီးတိုင်စွန့်လွှတ်ရေးမြောက်ကိုရီးယားကို ဖိအားပေးမယ်လို့ တရုတ်နဲ့ အမေရိကန်ကတိပြု

နျူလက်နက် အပြီးတိုင်စွန့်လွှတ်ရေးမြောက်ကိုရီးယားကို ဖိအားပေးမယ်လို့ တရုတ်နဲ့ အမေရိကန်ကတိပြု

အမေရိကန် သမ္မတ ထရမ့်။

ဇွန် ၂၅ – အမေရိကန်ကျောင်းသားအော့တို ဝမ်ဘီယာသေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာကမကျေမနပ်ဖြစ် လာကာ ထိပ်တန်းသံတမန်တွေနဲ့ ကာကွယ်ရေးဝန်ကြီးကြား အဆင့်မြင့်ဆွေးနွေးပွဲတွေတစ်သီကြီး ပြုလုပ်ပြီး နောက်တရုတ်အစိုးရဟာ အရင်နဲ့မတူတဲ့ ကြေညာချက်အသစ်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အပေါ်တစ် ကမ္ဘာလုံးရဲ့စိတ်ဆိုးဒေါသထွက်မှုတွေဟာ အသက် ၂၂ နှစ်အရွယ် ကောလိပ်ကျောင်းသား မစ္စတာဝမ်ဘီယာမြောက်ကိုရီးယားမှာ ထောင် ၁၈ လ ကျခံပြီး နောက်အို ဟိုင်ယိုးက စင်စင်နာတီကို ပြန်ရောက်လာပြီး ခြောက်ရက်အကြာမှာ သေဆုံးသွားတာကြောင့် ပိုပြင်းထန်လာပါတယ်။

မြောက်ကိုရီးယားရဲ့ အရာရှိတွေကတော့ ဝမ်ဘီယာနှိပ်စက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းကိုငြင်းဆိုခဲ့ပြီး ဝမ်ဘီယာ ဈာပန အပြီး နောက်တစ်ရက်မှာ မြောက်ကိုရီးယားဟာသည်ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ရဲ့အကြီးမားဆုံး အပြစ်မဲ့သားကောင်သာဖြစ်ပြီး နိုင်ငံတကာရဲ့ စွပ်စွဲပြောဆိုစော်ကားမှုတွေခံနေရတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

အမေရိကမှာလည်း ဝမ်ဘီယာ သေဆုံးမှုကြောင့် စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ သူဟာ ၁၉၉၆ ခုနှစ် နောက်ပိုင်း  မြောက်ကိုရီးယားဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား ၁၆ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။
တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုကြား ဆွေးနွေးပွဲဟာအများဆန္ဒနဲ့ညီတဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ တရုတ်မီဒီယာက တင်ပြပါတယ်။

‘နှစ်ဖက်လုံးဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားပပျောက်သွားဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပြီး အာမခံခဲ့ကြတယ်လို့ သည်သဘောတူညီချက်ထဲမှာ ကြေညာထားပါတယ်။
သည်သဘောတူချက်ဟာ နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီ၊ ဗိုလ်ချုပ်ဖန်းဖန်ဟွေတို့နဲ့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တေလာဆန်၊ ကာကွယ်ရေးဝန်ကြီး ဂျင်မက်ဒေါ့မက်တစ်တို့ကြားဆွေးနွေးမှုတွေ ကနေရရှိခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။

ချိုလေးငယ်/Kumudra

No comments:

Post a Comment