Latest News

Wednesday, June 28, 2017

ဖမ်းဆီးခံ သတင်းထောက်သုံးဦးနှင့် မိခင်သတင်းဌာနတို့ အဆက်အသွယ်မရသေးဟုဆို

ဖမ်းဆီးခံ သတင်းထောက်သုံးဦးနှင့် မိခင်သတင်းဌာနတို့ အဆက်အသွယ်မရသေးဟုဆို

ကိုသိန်းဇော်(ခ) လ၀ီဝမ်၊ ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင်
တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းထားသည့် သတင်း ထောက်သုံးဦးကို သက်ဆိုင်ရာ သတင်းဌာနများက ဖမ်းဆီးခံရပြီး ၂၆ နာရီကျော် ဇွန်လ ၂၇ ရက် ညနေအထိ အဆက်အသွယ်မရ သေးကြောင်း သတင်းရရှိသည်။

တအာင်းလက်နက်ကိုင်အ ဖွဲ့(TNLA)နှင့် ဆက်သွယ်သည် ဆိုကာ ဇွန်လ ၂၆ ရက်ညနေ ၃ နာရီခွဲတွင် ဒီဗီဘီသတင်းဌာနမှ သတင်းထောက်နှစ်ဦးနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် တစ်ဦးတို့ကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး လားရှိုးရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ခဲ့သော်လည်း  ဇွန်လ ၂၇ ရက်ညနေအထိ လားရှိုးရဲစခန်းသို့ မရောက်ရှိသေးဘဲ အဆက်အသွယ်မရရှိသေးကြောင်း သက် ဆိုင်ရာသတင်းဌာနများက ပြော ကြားသည်။

‘‘ကျွန်တော်တို့(အဆက်အ သွယ်) အခုထိ မရသေးဘူး။ မနေ့ ကထက်ပိုပြီး Information မသိရ သေးဘူး။ လှမ်းဆက်သွယ်နေ တယ်။ လားရှိုးရဲစခန်းကလည်း မသိဘူးလို့ပြောထားတယ်။ ဘယ် နေရာကို ရောက်နေမှန်း ကျွန် တော်တို့မသိဘူး။ အဲဒါကို ကျွန် တော်တို့ တော်တော်စိုးရိမ်တယ်’’ ဟု ဧရာဝတီအင်္ဂလိပ်ပိုင်း အယ်ဒီ တာ ကိုကျော်စွာမိုးက ပြောသည်။ ဧရာဝတီသတင်းဌာနနှင့် ဒီဗီဘီသတင်းဌာနတို့သည် ယင်း တို့၏လားရှိုးမြို့ခံ သတင်း ထောက်များကို စုံစမ်းစေရာတွင် လည်း လားရှိုးနှင့် နမ့်ဆန်မြို့မရဲ စခန်းများ၌ ဖမ်းဆီးခံသတင်း ထောက်သုံးဦး ရှိမနေကြောင်း ဇွန်လ ၂၇ ရက်ညနေတွင် 7Day Daily သတင်းစာအား အတည်ပြု ပြောကြားသည်။

‘‘ကျွန်တော်တို့က တပ်မ တော်က ထုတ်ပြန်တဲ့သတင်းကို အတည်ပြုလို့ မရဘူး။ အတည်ပြု လို့ မရဘူးဆိုတာ လားရှိုးရဲစခန်း ကို အပ်ထားတယ်ပြောပေမယ့် လားရှိုးရဲစခန်းက ဘာမှမသိဘူး။ လားရှိုးမှာ ကျွန်တော်တို့သတင်း ထောက်ရှိတယ်။ သတင်းထောက် လိုက်စုံစမ်းတာလည်း ဘာမှ အဲဒီ မှာ မရှိသေးဘူး။ နမ့်ဆန်ကို လှမ်း မေးတယ်။ နမ့်ဆန်ရဲစခန်းမှာ လည်း မရှိသေးဘူး’’ဟု ဒီဗီဘီ သ တင်းဌာန သတင်းအယ်ဒီတာ ဦး ခင်မောင်စိုးက ပြောသည်။

ဆက်လက်၍  ဦးခင်မောင်စိုး က ‘‘ကျွန်တော်တို့က တပ်မတော် က ထုတ်ပြန်ထားတဲ့ နေရာတွေ မှာ မရှိတဲ့အတွက် တော်တော်စိုး ရိမ်တာပေါ့။ ဒါက ထူးခြားနေ တယ်’’ဟု ပြောသည်။

တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ထံသို့ အထက် ပါသတင်းဌာနများက ဆက်သွယ် ရာတွင်လည်း ဖုန်းမကိုင်ခြင်း(သို့ မဟုတ်)ဖုန်းကိုင်ပါကလည်း မသိ ရှိဟု ပြန်လည်ဖြေဆိုကြောင်း ဦး ခင်မောင်စိုးက ပြောသည်။

ယင်းအခြေအနေနှင့် ပတ် သက်၍ မေးမြန်းရန် 7Day Daily သတင်းစာက ကာကွယ်ရေးဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်း၏ လက်ကိုင်ဖုန်း ကို ဇွန်လ ၂၇ ရက်ညနေ ၄ နာရီ၄၅ မိနစ်ခန့်တွင် (၅)ကြိမ်ဆက် တိုက်ခေါ်ဆိုရာ ပထမနှစ်ကြိမ် တွင် ဖုန်းမအားဘဲ နောက်သုံးကြိမ်၌ ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။

ဖမ်းဆီးထိန်းသိမ်းခံ သတင်း ထောက်သုံးဦးနှင့် ပတ်သက်၍ သက်ဆိုင်ရာသတင်းဌာနများက မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပြန်ကြားရေးဝန်ကြီး ထံ မေတ္တာရပ်ခံစာပေးပို့ထား ကြောင်းနှင့် အစိုးရက ဝိုင်းဝန်း ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ စာပေးပို့မည်ဖြစ် သည်။   တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA)က ပြုလုပ်သော မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှ သတင်းယူပြီး ပြန်လာသည့် ဒီဗီဘီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်း ထောက် ဦးပြည့်ဘုန်းနိုင်နှင့်  ဧရာ ဝတီသတင်းဌာနမှ သတင်းထောက် ဦးသိန်းဇော်(ခ)လဝီဝမ်တို့ကို ဇွန်လ ၂၆ ရက်တွင် တပ်မတော်က ဖမ်းဆီးထားခြင်းဖြစ်သည်။

7Day News

No comments:

Post a Comment