Latest News

Wednesday, June 28, 2017

တရားမဝင် မြန်မာလုပ်သားများ အဆင်ပြေစွာ နေရပ်ပြန်နိုင်ရေး ထိုင်း-မြန်မာ အစိုးရတာဝန်ရှိသူများကို တိုက်တွန်း

တရားမဝင် မြန်မာလုပ်သားများ အဆင်ပြေစွာ နေရပ်ပြန်နိုင်ရေး ထိုင်း-မြန်မာ အစိုးရတာဝန်ရှိသူများကို တိုက်တွန်း

ထိုင်းနိုင်ငံတွင် တရား မဝင် မြန်မာလုပ်သားများနေရပ် ပြန်ရာ၌ လမ်းတွင် ဖမ်းဆီးမခံရ ရေးနှင့် အဆင်ပြေချောမွေ့စွာ နေရပ်ပြန်နိုင်ရေးအတွက် ထိုင်း- မြန်မာနှစ်နိုင်ငံအစိုးရတာဝန်ရှိသူ များက ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာလုပ်သားများအ ရေးဆောင်ရွက်ပေးနေသော ထိုင်းရောက် မြန်မာအဖွဲ့အစည်းများ က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သော မြန်မာလုပ်သားများအပါအဝင် နိုင်ငံခြားသားလုပ်သားများကို ထားရှိတော့မည်မဟုတ်ဘဲ ဖမ်း ဆီးအရေးယူမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၂၀ ရက်၌ ကြေညာထားသည်။

‘‘မြန်မာအစိုးရနဲ့ ထိုင်းအစိုးရက လုပ်ဆောင်ပေးရမယ့် တာဝန် တွေရှိတယ်။ လမ်းမှာ အဆင်ပြေ ချောမွေ့စွာ နေရပ်ပြန်နိုင်ရေးအ တွက် သူတို့က အချိန်တစ်ခု သတ် မှတ်ပေးထားရမယ်။ အလုပ်သ မားတွေ လွတ်လွတ်လပ်လပ်ပြန် နိုင်အောင် လုပ်ပေးရမယ်။ ပြန် လည်းလွှတ်သေးတယ်၊ လမ်းမှာ နယ်စပ်ဂိတ်မှာလည်း ဖမ်းသေး တယ်ဆိုရင် မဟုတ်သေးဘူးလေ’’ ဟု ထိုင်းရောက်မြန်မာလုပ်သား များအရေး ကူညီပေးနေသော ထိုင်းနိုင်ငံအခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေး ရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

တရားမဝင် မြန်မာလုပ်သား များ အဆင်ပြေစွာ နေရပ်ပြန်လာ နိုင်ရေး မြန်မာအစိုးရအနေဖြင့် ထိုင်းနိုင်ငံအစိုးရထံ မေတ္တာရပ်ခံပြောကြားစေလိုကြောင်း ထိုင်းနိုင် ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ကွန်ရက် (MMNT)အထွေထွေအတွင်းရေးမှူး ဦးမိုး ကြိုးက ပြောသည်။

‘‘မြန်မာလုပ်သားတွေ ပြန် လာကြပြီဆိုရင် အစိုးရတာဝန်ရှိ သူတွေက နယ်စပ်ဂိတ်တွေမှာ စောင့်ဆိုင်းပြီး နွေးထွေးစွာကြိုဆို မှုတွေ လုပ်ပေးရမယ်။ ထိုင်းအစိုး ရကလည်း တရားမဝင်လုပ်သား တွေ လက်မခံတော့လို့ ပြန်လွှတ် ပြီဆိုရင် သူတို့ပြန်တဲ့ လမ်းတစ် လျှောက် လုံခြုံရေးတွေ ပေးရ မယ်။ စစ်ဆေးတာ၊ ဖမ်းတာဆီး တာတွေ မလုပ်သင့်တော့ဘူး။ နောက်ပြီး ထိုင်းမှာရှိတဲ့ မြန်မာ အဖွဲ့အစည်းတွေကလည်း ပြန်ယူ သွားတဲ့သူတွေအတွက် အစားအ သောက် ကျန်းမာရေးဆိုင်ရာ အ ပိုင်းတွေ ကူညီပေးရမယ်’’ဟု ဦးမိုးကြိုးက ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်သူများကို ထိုင်းအစိုးရက ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ မြန်မာလုပ်သားများ ဖမ်းဆီးမခံရစေရေး စာရွက်စာ တမ်းအထောက်အထားများ ပြည့် စုံစွာ ယူဆောင်သွားလာနေထိုင် ကြရန် ထိုင်းရောက်မြန်မာအဖွဲ့ အစည်းများက သတိပေးတိုက် တွန်းထားသည်။

‘‘ထူးခြားချက်က ပြစ်ဒဏ် တွေ တိုးမြှင့်လိုက်တယ်။ အထူး သဖြင့် အလုပ်ရှင်တွေ၊ အေဂျင်စီ တွေကို ပြစ်ဒဏ်တွေ၊ ထောင်ဒဏ် တွေကအစ ထည့်ထားတယ်။ အ သစ်အနေနဲ့ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းကို သိမ်းထားရင် ထောင်ဒဏ်ပေးမယ်လို့ ပါလာ တယ်။ အလုပ်သမားတွေကတော့ အခုမှ ဥပဒေလေးစားရကောင်း မှန်းသိတော့တယ်။ အရင်ကဆို သိပ်အလေးမထားခဲ့ဘူး။ လတ် တလောအဆင်ပြေဖို့ပဲ တွေးကြ တာ’’ဟု ဦးစိန်ဌေးက ပြောသည်။

နည်းဥပဒေထွက်ရှိပြီး နှစ် ရက်အကြာ ဇွန်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ချွန်ဘူရီနယ်မြေရှိ တရားမဝင် အလုပ်လုပ်ကိုင်နေ သော မြန်မာရွှေ့ပြောင်းလုပ်သား များနှင့် ကမ္ဘောဒီးယားနိုင်ငံသား ၃၀၀ ခန့်ကို ထိုင်းစစ်တပ်နှင့် ရဲ တပ်ဖွဲ့က စတင်ဖမ်းဆီးခဲ့သည်။

ဇွန်လ ၂၃ ရက်ကလည်း ဘန်ကောက်မြို့ရှိ MBK ကုန်တိုက်တွင် တရားမဝင်အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သားများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရာ မြန် မာလုပ်သား ၁၀၀ ခန့်ဖမ်းဆီးခံရ ကြောင်း ဦးမိုးအောင်ခိုင်က ပြော သည်။ ဇွန်လ ၂၆ ရက်အထိ တရားမဝင် မြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း သတင်း ရရှိသည်။

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသည့် မြန်မာလုပ်သား လေးသန်းရှိနေကြောင်း မြန်မာ လုပ်သားအရေးဆောင်ရွက်ပေး သောအဖွဲ့များက ခန့်မှန်းထား သည်။ အများစုသည် တရားမဝင် သွားရောက်လုပ်ကိုင်နေသူများ ဖြစ်ပြီး ၂၀၁၁ နောက်မှသာ တရားဝင်သွားရောက်လုပ်ကိုင်ခြင်းဖြစ် သည်။

7Day News

No comments:

Post a Comment