Latest News

Saturday, June 10, 2017

ဒေါ်အောင်ဆန်းစုကြည်၏ (၇၂) နှစ်မြောက် မွေးနေ့ ပုသိမ်၌ သံဃာတော်နှင့် သီလရှင် အပါး ၁ဝဝဝ ခန့်ကို ဆွမ်းဆန်စိမ်း လောင်းလှူမည်


ဒေါ်အောင်ဆန်းစုကြည်၏ (၇၂) နှစ်မြောက် မွေးနေ့ ပုသိမ်၌ သံဃာတော်နှင့် သီလရှင် အပါး ၁ဝဝဝ ခန့်ကို ဆွမ်းဆန်စိမ်း လောင်းလှူမည်

ကျော်ထက်လင်း (မြစ်မခ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ဇွန် ၁၉ ရက်တွင် ကျရောက်မည့် (၇၂) နှစ်မြောက် မွေးနေ့တွင် ပုသိမ်မြို့၌ သံဃာတော်နှင့် သီလရှင်အပါး ၁,ဝဝဝ ခန့်ကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်း အလှူပြုလုပ်မည် ဖြစ်သည်။
''အမေ ဒေါ်စုအတွက် (၇၂) နှစ်ပြည့် မွေးနေ့အလှူ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ကုန်သည်လမ်းအနီး ဓမ္မာရုံမှာ ပြုလုပ်သွားပါမယ်။ အစီအစဉ် အရတော့ မွန်းလွဲ ၁ နာရီမှာ သံဃာတော်တွေ၊ သီလရှင်တွေကို ဆွမ်းဆန်စိမ်း လောင်းပါမယ်။ လက်ရှိတော့ ဦးဆောင် ကော်မတီတွေ ဖွဲ့စည်းပြီးပါပြီ။ အလှူခံလည်း ထွက်နေပါတယ်'' ဟု ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။
''ပုသိမ်မြို့ပေါ်က သံဃာတော်တွေရယ်၊ သီလရှင် တွေရယ် စုစုပေါင်း အပါး ၁ဝဝဝ နီးပါး ပုသိမ်မြို့ရဲ့ ကုန်သည်လမ်း ဝိသာခါ ဓမ္မာရုံမှာ ပြုလုပ်မှာပါ။ ဒေသခံ ပြည်သူတွေကို တော့ စတုဒိသာ ကျွေးတဲ့ အစီအစဉ်ကို ညနေ ပိုင်းလောက်မှာ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်'' ဟု ပုသိမ်မြို့ဒေသခံ ကိုဇေယျာထွန်းက ပြော ဆိုသည်။
ယင်းနေ့တွင် ပုသိမ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံး အဆောက်အအုံတွင် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း ပြုလုပ်မည် ဖြစ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွင်လည်း ဆီ၊ ဆပ်ပြာ၊ လိမ်း ဆေး၊ သွားတိုက်ဆေး၊ ကော်ဖီမစ်၊ သွားတိုက် တံ၊ ခေါက်ဆွဲခြောက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ကိုလည်း ထည့်သွင်း လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း ၊ ဇွန် ၈
မြန်မာတိုင်း(မ်)

No comments:

Post a Comment