Latest News

Tuesday, June 27, 2017

အရေပြား တွန့်ခြင်း အကြောင်း သိကောင်းစရာ

အရေပြား တွန့်ခြင်း အကြောင်း သိကောင်းစရာ


မေး။ ဆရာရှင့်။ကျွန်မတို့တစ်တွေ အသက်ကြီးလာတဲ့အခါမှာ လူတိုင်း အသားအရေတွေ တွန့်လာတာဟာ ဘာ ကြောင့်ပါလဲဆရာ။
ဖြေ။ ပါးရေတွန့်ခြင်း အပါအဝင် အသားအရေတွေ တွန့်လာရခြင်းဟာ ဇရာရဲ့လက္ခဏာတစ်ခုဖြစ်တော့ ဘယ်သူမှ လွန်ဆန်လို့တော့ မရပါဘူး။ဒါပေမဲ့ စောေ စာဖြစ်တာ၊နောက်ကျမှဖြစ်တာ၊ နည်းနည်းဖြစ်တာ၊ များများဖြစ်တာတွေက တော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘဲကွဲပြားခြားနားလေ့ ရှိပါတယ်။ အဓိက အကြောင်းအရာအနေနဲ့ သုံးချက် ရှိပါတယ်။
(၁) လူ့ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေ ပြောင်းလဲမှုကြောင့် အသားအရေတွန့်ခြင်း
(၂)ပြင်ပ ပယောဂကြောင့် အသားအရေတွန့်ခြင်း
(၃)ဆွဲငင်အား အပါအဝင် အခြားသော အားသက်ရောက်မှုကြောင့် အသားအရေ တွန့်ခြင်းတို့ ဖြစ်ပါတယ်။
မေး။ ကျွန်မတို့ ခန္ဓာကိုယ်အတွင်းပိုင်း ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အသားအရေ တွန့်ခြင်း အကြောင်းကိုလည်း အသေးစိတ် သိပါရစေဆရာ။
ဖြေ။Intrensic cause ဆိုရာမှာ ခန္ဓာကိုယ်မှာ နေ့စဉ်ပြောင်းလဲနေတဲ့ Biological aging process ကြောင့်မို့ ဖြစ်လာရတဲ့ အရေပြား တွန့်ခြင်းဖြစ်ပါတယ်။ အဲဒီမှာ ဘာပေါ် မူတည်သလဲဆိုရင် လူတွေရဲ့ မျိုးဗီဇနဲ့ အသားအရောင် ပေါ် အဓိက မူတည်ပါတယ်။ ဥပမာ အသားဖြူတဲ့ ဥရောပတိုက်သားတွေဟာ ကျွန်တော်တို့ အရှေ့တိုင်းသားတွေ ထက်စာရင် အရေပြားတွန့်တာ၊ ပါးရေတွန့်တာ ပိုစောတာ တွေ့ရပါတယ်။
ဒုတိယအချက်အနေနဲ့ အရေပြားအောက်မှာရှိတဲ့Collagen နဲ့ Elastin tissue တွေဟာလည်း တဖြည်းဖြည်း နည်းလာလို့ ဖြစ်ပါတယ်။ Collagen ဆိုတာ ကတော့ အရေပြားကို ထောက်ထားတဲ့ Structural protein တွေဖြစ်ပါတယ်။ ဒါက အသက်ကြီးရင် Collagen တွေ တည်ဆောက်တာ နည်းလာသလို ရှိပြီး သားတွေ ပျက်စီးတာ များလာလို့ ဖြစ်ပါတယ်။
တတိယ အနေနဲ့ Elastin tissue တွေ ဖြစ်ပါတယ်။ သူကတော့ သားရေကြိုးလို ကျုံ့နိုင် ဆန့်နိုင်အောင် လုပ်ပေးတဲ့ Tissue တွေ ဖြစ်ပါတယ်။ ဥပမာ အရေပြား ကို လက်နဲ့ဆွဲပြီး ပြန်လွှတ်လိုက်ရင် အောက်မှာရှိတဲ့ Elastin tissue တွေ ကြောင့် သားရေကြိုးကိုဆွဲပြီး လွှတ်လိုက်သလို သူ့နေရာသူ ပြန်ရောက်သွားမှာ ဖြစ်ပါ တယ်။ အဲဒီTissue တွေဟာလည်း အမြဲအသစ် တည်ဆောက်ဖြည့်တင်း နေရပါတယ်။ အသက်ကြီးလာတဲ့အခါ အဲဒီ Elastin tissue တွေ အသစ် ဖြစ်တည်မှု လျော့နည်းသွားတဲ့အတွက် ငယ်တုန်းကလို အရေပြား တင်းတင်းရင်းရင်း မရှိနိုင်တော့ပါဘူး။ အဲဒီသုံးခု ပေါင်းဆုံ လိုက်တဲ့အခါ ပါးရေတွန့်ခြင်း၊ အရေပြား တွန့်ခြင်းဆိုတာ ဖြစ်ပေါ်လာရခြင်းပါ။
မေး။ စိတ်ဝင်စားစရာ ကောင်းပါတယ်ဆရာ။ ကျွန်မသတိထား မိတာကတော့ အသက်ကြီးရင် အရေပြားလည်း ပါးလာတာ တွေ့ရပါတယ်ဆရာ။ အဲဒါ ကရော ဘာကြောင့်ပါလဲ။
ဖြေ။ဟုတ်ကဲ့ပါ။ ကျွန်တော်ဆက်ပြီး ရှင်းပြပါ့မယ်။ကျွန်တော်တို့ အရေပြားမှာ အလွှာသုံးခု ရှိပါတယ်။ Epidermis, dermis နဲ့ Subcutanceous tissue အလွှာေ တွ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဲဒီအလွှာ သုံးခုစလုံးမှာရှိတဲ့ ဆဲလ်အရေအတွက်ဟာ လျော့ကျသွားပါတယ်။ အဓိကကတော့ ဆဲလ်အသစ်တွေ ထုတ်လုပ်မှု လျော့ကျသွားလို့ ဖြစ်ပါတယ်။
အထူးသဖြင့် Epidermis လို့ခေါ်တဲ့ အပေါ်ဆုံး အလွှာကို ကြည့်ရင် အောက်ခြေမှာ ရှိတဲ့ဆဲလ်က ပွားများနှုန်းနှေးလာလို့ အပေါ်မှာရှိတဲ့ ဆဲလ်သေတွေဟာ ကွာကျရမယ့်အချိန်မှာ မကွာနိုင်တဲ့အတွက် အသားအရေတွေတွန့်တာ တွေ့ရ ပါလိမ့်မယ်။ နောက်ကြာရင်ဆဲလ်သေတွေ ကွာကျပြီး အောက်ကလည်း ထုတ်လုပ် မှု သိပ်နည်းသွားရင်တော့ အရေ ပြားပါးလွှာသွားတာ တွေ့ရပါလိမ့်မယ်။
နောက် အရေပြား ပါးသွားတဲ့အကြောင်းက အောက်ဆုံးမှာရှိတဲ့ အဆီပြင်မရှိတော့လို့ ဖြစ်ပါတယ်။ အသက်ကြီးလာ တာနဲ့အမျှ Subcutanceous အလွှာလို့ ခေါ်တဲ့ အဆီတွေ လျော့နည်းသွားပါတယ်။ အဲဒီအခါမှာ အသားအရေ တွန့်ခြင်းဟာ ပိုသိသာလာပါတယ်။ ဥပမာ-မျက်စိဆိုရင်လည်း မျက်စိဘေးမှာ အဆီတွေ လျော့သွားလို့ မျက်တွင်း ဟောက်ပက် ဖြစ်လာတာမျိုးတွေ့ဖူးမှာပါ။
ဒီထက် ပိုဆိုးတာက အရေပြား ခြောက်သွေ့လာခြင်းပဲ။ ချွေးထွက်တာ နည်းလာတယ်။ ရေဓာတ်ကို ထိန်းသိမ်းနိုင် စွမ်းကျလာတယ်။အသက်ကြီးလေ ပိုဆိုးလေ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ သူတွေဟာ ရေကို မကြာခဏ သောက်ပေးဖို့ လိုအပ်ပါတယ်။
မေး။ ပြင်ပ ပယောဂကြောင့်ဖြစ်တဲ့ အသားအရေ တွန့်ခြင်းအကြောင်းလည်း ဆက်ပါဦးဆရာ။
ဖြေ။ ဒီနေရာမှာ အဓိက အကြောင်းရင်းလေးခု ရှိပါတယ်။ နေရောင်ခြည်၊ ပြင်းထန်တဲ့ ရာသီဥတု၊ လေထုညစ်ညမ်းမှုနဲ့ ဆေးလိပ်သောက်ခြင်း အလေ့အထတို့ ဖြစ်ပါတယ်။ ဒီလေးခုထဲက တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ထိတွေ့ရင် ထိတွေ့မှုများလေလေ၊ အရေပြားတွန့်မှု ပိုမြန်လေ ပိုများလေဖြစ်ပါတယ်။
(၁) နေရောင်ခြည် - နေရောင်ခြည်ဟာ အထူးသဖြင့် UVB တွေဟာ အရေပြားကို ပျက်စီးစေပါတယ်။ တစ်နေ့ကို ၁၅ မိနစ်၊ နာရီဝက်လောက်သာ ကျန်းမာရေး အတွက် ထိတွေ့ဖို့လိုပါတယ်။ ဒီထက်ပိုပြီး ထိတွေ့ခဲ့ရင် အရေပြားတွန့်ခြင်း ကို ဖြစ်စေရုံမက တင်းတိပ်၊ မှဲ့ခြောက်မှအစ အရေပြားကင်ဆာအဆုံး ဖြစ်စေနိုင်ပါ တယ်။ ဒါကြောင့် နေပူထဲသွားရင် ထီးတို့၊ ဦးထုပ်တို့ ဆောင်းပြီးမှ သွားသင့်ပါတယ်။
(၂) ပြင်းထန်သောရာသီဥတု - ရာသီဥတု ပူလွန်းအေးလွန်းခြင်းဟာလည်း အရေပြားကို ပျက်စီးစေပါတယ်။ရာသီဥတု သိပ်အေးခဲ့ရင် ပတ်ဝန်းကျင်မှာရှိတဲ့ ရေငွေ့ပါဝင်မှု ကျသွားတဲ့အတွက် အရေပြားကို ခြောက်သွေ့ပြီး ကွဲအက်စေပါ တယ်။အသားတွေပပ်ပြီး ကွဲအက်တဲ့အတွက် ဆီပါတဲ့ Ointment တစ်ခုခုကို လိမ်းဖို့ လိုအပ်ပါတယ်။ သိပ်ပူလွန်းရင် လည်း အရေပြားမှာရှိတဲ့ ချွေးဂလင်းတွေဟာ အလုပ်ပိုလုပ်ရလို့ အရည်များများ သောက်ဖို့ လိုအပ်ပါတယ်။
(၃) လေထုညစ်ညမ်းမှု - ပတ်ဝန်းကျင် လေထုညစ်ညမ်းတာကို အမြဲရှူခဲ့ရင် ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကြောင့် Aging process ကို မြန်စေပါတယ်။အရေပြား တွန့်ခြင်းကို အားပေးရာ ရောက်ပါတယ်။
(၄) ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တဲ့သူမှာ Aging process ဟာ လျင်မြန်ပါတယ် ။အရေပြားမှာ တွန့်ရုံ တင်မက အရောင်ပါ ညစ်ထည်းစေပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ ပမာဏနဲ့ သုံးစွဲခဲ့တဲ့ နှစ်တွေပေါ်မူတည်ပြီး အ သားအရေ တွန့်တာပေါ်မှာ များစွာ သက်ရောက်မှု ရှိပါတယ်။ များများသောက်လေ၊ ကြာကြာသောက်ခဲ့လေ ပါးရေမြန်မြန် တွန့်လေ ဖြစ်ပါတယ်။ဆေးလိပ်သောက်ရင် အရေပြားကိုသွားတဲ့ သွေးကြောလေးတွေ ကျဉ်းကုန်ပါတယ်။ ဒီတော့ အရေပြားမှာရှိတဲ့ ဆဲလ်အသစ်တွေ ကောင်းကောင်း မထုတ်နိုင်တော့ပါဘူး။
ဆေးလိပ်သောက်ရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးမှာ အရေပြားတွန့်ခြင်း ဖြစ်စေတာမို့ အဆိုးဆုံး ဖြစ်ပါတယ်။ လေ့လာချက်တွေအရ စီးကရက် သို့မ ဟုတ် ဆေးလိပ်တစ်နေ့ ၁ဝ လိပ်နှုန်းနဲ့ ၁ဝ နှစ်သောက်ခဲ့ရင် အရေပြားတွန့်ခြင်း ဖြစ်ပေါ်စေနိုင်တယ် ဆိုပါတယ်။
မေး။ ဆေးလိပ်ဆိုရာမှာ သောက်တဲ့သူပဲ ဖြစ်တာလား။ တစ်အိမ်တည်း အတူနေတဲ့ အခြားသူတွေရော ဖြစ်နိုင်ပါ သလားဆရာ။
ဖြေ။ ဖြစ်နိုင်တာပေါ့။ ကိုယ်တိုင် ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်သောက်တဲ့သူနဲ့ တစ်အိမ်တည်း တစ်ခန်းတည်း နေတဲ့သူတွေဟာလည်း ဆေးလိပ်ေ သာက်တဲ့သူ ရှူထုတ်လိုက်တဲ့ အဆိပ်ငွေ့တွေကို ရှူနေရတဲ့အတွက် ဆေးလိပ် သောက်သကဲ့သို့ အတူတူ ဖြစ်ပါတယ်။ တကယ်တမ်းပြောရင် သူက ပိုတောင် ဆိုးဆိုးဝါးဝါး ခံစားရနိုင်ပါတယ်။
လေ့လာချက်တစ်ခုမှာ အဆုတ်ကင်ဆာဖြစ်ရတဲ့ အမျိုးသမီး အတော်များများဟာ သူတို့ရဲ့ ခင်ပွန်းဆေးလိပ် သောက် သုံးမှုကြောင့်လို့ သိရပါတယ်။ သူတို့ကိုယ် တိုင် မသောက်ဘဲ ဝေဒနာ ခံစားရတဲ့အတွက် အပြစ်မဲ့တဲ့သူတွေ အတွက်ကို အထူးဆင်ခြင် သင့်ပါတယ်။အလားတူပါပဲ။ ဘတ်စ်ကားတွေထဲမှာ ဆေးလိပ်ေ သာက်တဲ့ အကျင့်တွေ၊ စားသောက် ဆိုင်၊ ဟိုတယ်၊ လေဆိပ်အစရှိတဲ့ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါ တယ်။
မေး။ ဆွဲငင်အား အပါအဝင် အခြားအားသက်ရောက် မှုတွေကြောင့် အသားအရေ တွန့်ရတဲ့ အကြောင်းကိုလည်း ဆက်ပါဦးဆရာ။
ဖြေ။ အဲဒီမှာလည်း အဓိက အချက်သုံးချက် ရှိပါတယ်။
(၁) Repetitive facial expression လို့ခေါ်တဲ့ မျက်နှာကိုမကြာခဏ မျက်မှောင်ကျုံ့တာ မျိုးလုပ်ရင် အရေပြားတွန့် လွယ်ပါတယ်။ နဖူးကြောကျုံ့တဲ့ အလေ့ အကျင့်ရှိသူဟာ နဖူးကြောအရေတွေ ပိုတွန့်တတ်ပါတယ်။
(၂) Sleeping position အိပ်တဲ့အခါမှာ ခေါင်းကိုဘယ်လိုထားပြီး အိပ်သလဲဆိုတာ မူတည်ပြီး မျက်နှာအရေးအ ကြောင်း ဖြစ်ပေါ်လေ့ရှိပါတယ်။ဥပမာ၊ တစ်ဖက် တည်းကို စောင်းအိပ်တာများရင် လည်ပင်းမှာ အရေးအကြောင်းတွေ ပိုဖြစ်တတ်ပါတယ်။ မှောက်အိပ်ရင် မျက်နှာမှာ အရေးအကြောင်း ပိုဖြစ်တတ်ပါတယ်။ ပက်လက်လန်အိပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။
(၃) Gravity ကမ္ဘာမြေဆွဲငင်အားဟာလည်း မျက်နှာအရေး အကြောင်းဖြစ်ဖို့၊ ပါးရေတွန့်ဖို့ အဓိကကျပါတယ်။ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အားဟာ အချိန်နဲ့အမျှ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေတာကို ဂရုပြုမိသူ နည်းပါလိမ့် မယ်။ အထူးသဖြင့် မျက်လုံးအောက်၊ လည်ပင်းအောက်၊ နားရွက်စတဲ့ေ နရာတွေမှာ အရေးအကြောင်းတွေ တွဲကျလာ ခြင်းဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ဖြစ်ပါတယ်။
မေး။ ပါးရေတွန့်ခြင်းကို နှေးကွေးအောင် လုပ်လို့ ရပါသလား။
ဖြေ။ ရပါတယ်လို့ ပြောနိုင်ပါတယ်။ လုပ်သင့်တာတွေလုပ်ရင် ပါးရေတွန့်ခြင်းကို နောက်ကို အများကြီး ရွှေ့ပစ်လို့ရပါတယ်။ထင်ရှားတဲ့ လုပ်ဆောင်မှုတွေ အနေနဲ့
(၁) နေပူထဲ တိုက်ရိုက်မထွက်ပါနဲ့။ အပြင်ထွက်ရင် ထီး၊ ဦးထုပ် တစ်ခုခုဆောင်းသွားပါ။ နေကာမျက်မှန်တပ်ရင် မျက် စိတစ်ဝိုက် အရေးအကြောင်း သက်သာပါ တယ်။
(၂) ရေ ဒါမှမဟုတ် သဘာဝသစ်သီး ဖျော်ရည်တွေ များများ သောက်ပေးပါ။ အထူးသဖြင့် ပူအိုက်တဲ့ ရာသီမှာ အပြင် ထွက်တဲ့ အခါတွေမှာ ပိုသောက်ပေးပါ။ လိမ္မော်သီးဖျော်ရည်၊ ကမ္ဗလာသီး ဖျော်ရည်တွေဟာ အင်မတန် အကျိုးရှိပါတယ်။
(၃) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်နေသူ အနားမှာ မနေမိအောင် ရှောင်ကြဉ်ပါ။
(၄) အရေပြားကို ချောမောလှပစေတဲ့ ဗီတာမင်တွေပါတဲ့ အသီးအနှံတွေကို မကြာခဏ စားပေးပါ။ဥပမာ သရက်သီး၊ သင်္ဘောသီး၊ နာနတ်သီး၊ ရွှေဖရုံသီး
(၅) ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းသိမ်းပါ။ အလွန်အမင်းပိန်ခြင်း၊ ဝခြင်းမရှိစေရန် ဂရုပြုပါ။
(၆) မျက်နှာကို မျက်မှောင်ကျုံ့တဲ့ အကျင့်မျိုး မပြုလုပ်ပါနဲ့။
(၇) Facial message လုပ်ပေးနိုင်ရင် ပိုကောင်းတယ်။ ကျွမ်းကျင်သူနဲ့လုပ်ရင် မျက်နှာမှာ သွေးလှည့်ပတ်မှုကောင်း စေပြီး ကြွက်သားတွေ သန်စွမ်းလာပါမယ်။ O2 ပိုရပြီး Collagen tissue တွေ အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။
(၈) Supplement အနေနဲ့ Antioxi-Dant တွေပါတဲ့ သောက်ဆေးတစ်ခုခု မှီဝဲပါ။ (ဥပမာ။ Completec ဆေး)
(၉) Antiwrinkle cream တစ်မျိုးမျိုးကို ညအိပ်ခါနီး လိမ်းအိပ်ပါ။ (ဥပမာ။ Ladymax Antiwrinkle Cream)
မေး။ ကျွန်မရဲ့ အသိတစ်ယောက် အသက်က ၅၅ နှစ်လောက်ရှိပါပြီ။ မျက်နှာမှာ ပါးရေတွန့်လို့ဆိုပြီး နိုင်ငံခြားမှာ ဆေး ထိုးပြီး ကုသခဲ့ပါတယ်။ အဲဒါနဲ့ပတ် သက်လို့ ဆရာ့အမြင်လေး သိပါရစေ။
ဖြေ။ အဓိက အသုံးများတဲ့ ထိုးဆေးနှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးက Botox injection ပါ။သူကတော့ Botuliom လို့ခေါ်တဲ့ ဗက်တီးရီးယားရဲ့အဆိပ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။သူ့ကို ထိုးလိုက်ရင် အောက်မှာရှိတဲ့ muscle လေး တွေကျုံ့ခြင်း မပြုလုပ်နိုင်တဲ့အတွက် အရေးအကြောင်းတွေ ပျောက်သွားတာ ဖြစ်ပါတယ်။ခဏပဲ ခံပါတယ်။ဆေး အာနိသင် ပြယ်သွားရင် မူလအတိုင်း ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒုတိယ တစ်မျိုးကတော့ Restylane injection ပါ။ သူကတော့ အောက်မှာရှိတဲ့ Fibroblast တွေကို new collagen တွေထုတ်ပေးနိုင်အောင် ပြုလုပ်တဲ့ဆေးဖြစ် လို့ ပိုကောင်းပါတယ်။ Collagen tissue တွေ ပြန်ပြည့်လာလို့ မျက်နှာအ ရေးအကြောင်းတွေ ပြည့်သွားတာဖြစ်လို့ ဒုတိယ ထိုးဆေးကိုတော့ ကျွန်တော့်အနေနဲ့ ပိုသဘောကျပါတယ်။ ဒါ့အပြင် Collagen tissue တွေကို ဖျက်ဆီးမယ့် Collagenase enzyme တွေကိုပါ ဟန့်တားနိုင်စွမ်းရှိလို့ ပိုကောင်းပါတယ်။
မေး။ ခွဲစိတ်ကုသမှု ပြုလုပ်ရင်ကော ကောင်းမလား သိပါရစေ။
ဖြေ။ Plastic surgery အနေနဲ့ တွန့်နေတဲ့ အရေပြားကို တင်းနေအောင် ခွဲစိတ်ပြုပြင်ပေးလို့ ရပါတယ်။ အချို့လည်း လုပ်ကြပါတယ်။လတ်တလော တင်းသွားလို့ ကြည့်ကောင်းတာ မှန်ပေမယ့် ငွေကြေးကုန်ကျမှု များတာရယ်၊ ခွဲပြီးရင် အနာကျက်အောင် စောင့်ရတာရယ်၊ နာကျင်မှု ရှိတာရယ်တွေကြောင့် မိမိကို ခွဲစိတ်ေ ပးမယ့် ခွဲစိတ်ဆရာဝန်နဲ့ သေ သေချာချာ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်။ ။

မြ၀တီ

No comments:

Post a Comment