Latest News

Tuesday, June 27, 2017

ဆောင်းအိုလံပစ်ပွဲအတွက် ညွန့်ပေါင်းအသင်းဖွဲ့ဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်မခံ

ဆောင်းအိုလံပစ်ပွဲအတွက် ညွန့်ပေါင်းအသင်းဖွဲ့ဖို့ တောင်ကိုရီးယားရဲ့ ကမ်းလှမ်းချက် မြောက်ကိုရီးယား လက်မခံ

မြောက်ကိုရီးယားဟာ လာမယ့်ဆောင်းရာသီအိုလံပစ်အားကစားပွဲတော် အတွင်း ညွန့်ပေါင်းအသင်း တစ်သင်း ဖွဲ့ဖို့ တောင်ကိုရီးယားရဲ့ကမ်းလှမ်း ချက်ကို ငြင်းဆန်လိုက်ပါတယ်။ တောင်ကိုရီးယားအားကစားဝန်ကြီး ဒိုဂျွန်ဟွမ်းရဲ့ သည်ညွန့်ပေါင်းအသင်းအကြံပြုချက်ကို သမ္မတမွန်းဂျေအင်း က ထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) အဖွဲ့ဝင် ချန်းအန်ကတော့ သည်အကြံကို ငြင်းပယ် ခဲ့ပြီး သဘောတူညီချက် တစ်ခုရအောင်ညှိနှိုင်းဖို့ အချိန်မရှိဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမှာ သည်အာကစားပွဲကို ၂၀၁၈ ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၅ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
သည်နှစ်နိုင်ငံဟာ ၁၉၉၁ ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲတုန်းက အသင်းတစ်သင်းအဖြစ် အတူကစားခဲ့ဖူးကြပါတယ်။

ဒါပေမဲ့ မစ္စတာချန်းကတော့ သည်လိုမျိုး ညွန့်ပေါင်းအသင်းတစ်သင်းရဖို့ အတွက် ၂၂ ကြိမ်လောက်ဆွေးနွေးခဲ့ရပြီး အချိန်ငါးလ ကြာမြင့်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေကိုပြောပါတယ်။

တောင်ကိုရီးယားအားကစားဝန်ကြီးက ရေခဲပြင်ဟော်ကီ ညွန့်ပေါင်း အသင်းဖွဲ့ဖို့ အကြံပြုခဲ့တဲ့အပြင် ၂၀၁၈ ခုနှစ် အားကစားပွဲတော်ကို ငြိမ်းချမ်းရေးအိုလံပစ်ပွဲတော်ဖြစ်ဖို့အတွက် မြောက်ကိုရီးယားမှာ စကိတ်ပွဲအချို့ ကိုပါ လက်ခံကျင်းပခွင့်ပြုသွားလို့ရနိုင်တယ်လို့လည်း အကြံပေးထားပါသေးတယ်။

ဒါပေမဲ့ မစ္စတာချန်းကတော့ သည်အားကစားပွဲကို နိုင်ငံရေးရည်ရွယ်ချက်အတွက်အသုံးမပြုသင့်ဘူးလို့ ဆိုပြီး အိုလံပစ်ရဲ့ပညာရှင်တစ်ယောက်အနေနဲ့ ပူးတွဲအိမ်ရှင်ပြုလုပ်ဖို့ ဆွေးနွေးမှုဟာ အနည်းငယ် နောက်ကျသွားပြီလို့ ဆိုပါတယ်။

‘ ပူးတွဲအိမ်ရှင်လုပ်မယ်လို့ ဆွေးနွေးရတာ မခက်ပေမယ့် အဲဒီအတွက် လက်တွေ့ကျတဲ့ပြဿနာတွေကို ဖြေရှင်းဖို့က ဘယ်လိုမှမလွယ်ကူပါဘူး။ ဒီလိုပဲ ညွန့်ပေါင်းရေခဲပြင်ဟော်ကီအသင်း ဖွဲ့စည်းဖို့ကလည်း မလွယ်ကူပါဘူး’ လို့ သူက ပြောပါတယ်။
ချိုလေးငယ်/Kumudra

No comments:

Post a Comment