Latest News

Thursday, June 29, 2017

ပုဒ်မ ၆၆ ဃ ပြင်ဆင်ရန် နီးကပ်နေပြီနှင့် ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမား များအတွက် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာတင်ပြမည်ဟု သူရဦးရွှေမန်းပြော

ပုဒ်မ ၆၆ ဃ ပြင်ဆင်ရန် နီးကပ်နေပြီနှင့် ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမား များအတွက် လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာတင်ပြမည်ဟု သူရဦးရွှေမန်းပြော

နေပြည်တော်၊ ဇွန် ၂၉။ကြယ်စင်ခ (နေပြည်တော်)

ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမား ၃ ဦးအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းမှ ပြောသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ပေါ့။ တကယ်လို့ ကော်မရှင်ကို ရောက်လာမယ်ဆိုရင် ကော်မရှင်ရဲ့အတွေး၊ ကော်မရှင်ရဲ့အမြင်များကို လေ့လာသုံးသပ်ပြီးတော့ သက်ဆိုင်ရာ တင်ပြသွားမှာဖြစ်ပါတယ်” ဟု ဦးရွှေမန်းက ပြောသည်။

၎င်း ပုဒ်မသည် မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်/ ရယူ/ တောင်းခံလျှင် သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင် ပြစ်ဒဏ်မှာ ထောင်ဒဏ်နှစ်နှစ်ထက်မနည်း သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည် ဥပဒေတွင် ဖော်ပြထားသည်။
လက်ရှိ အစိုးရသစ်လက်ထက်မှာ တရားစွဲဆိုမှုများလာသည့် ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ဖို့အတွက်လဲ အချိန်အားဖြင့် အတိအကျမပြောဆိုနိုင်ပေမယ့် အရမ်းကို နီ်းကပ်လာပြီဖြစ်ကြောင်း ဦးရွှေမန်းမှ ပြောသည်။

“ပုဒ်မ ၆၆ ဃ ဟာ ကော်မရှင်ကိုရောက်လာတာကြာပြီ။ အဲဒါကို အပြန်ပြန် အလှန်လှန်သုံးသပ်ပြီးတော့ ဒီပုဒ်မ ၆၆ဃ ဟာ ထားသင့်တယ် ပြင်ဆင်သင့်တယ်။ ၆၆ ဃဆိုတာနဲ့ အဖမ်းခံ ယမန်ယူ အချုပ်ထဲမှာထားအဲလိုဆောင်ရွက်နေတဲ့ အခါတကယ်တန်းကျတော့ မဖြစ်သင့်ဘူးလို့ ဥပဒေပညာရှင်တွေရောက လေ့လာသုံးသပ်ပြီးတော့ သက်ဆိုင်ရာကို အကြံပြုပြီးသားဖြစ်ပါတယ်”ဟု ဦးရွှေမန်းက ပြောသည်။

ပုဒ်မ ၆၆ ဃ ကို ပြင်ဆင်ရန် အတွက် ပြည်တွင်းသတင်းမီဒီယာအဖွဲ့စည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ လူအခွင့်အရေးကော်မရှင်တို့မှလည်း တင်ပြခဲ့ကြောင်း သိရှိရသည်။

CentralNewsMyanmar
NayptitawNews

No comments:

Post a Comment