Latest News

Thursday, June 29, 2017

ပုဒ်မ ၁၄၄ ထုတ်ရေး တပ်မတော်သားလွှတ်တော်အမတ် အဆို တင်သွင်းမှု NLD အမတ်များ ကန့်ကွက်

ပုဒ်မ ၁၄၄ ထုတ်ရေး တပ်မတော်သားလွှတ်တော်အမတ် အဆို
တင်သွင်းမှု NLD အမတ်များ ကန့်ကွက်

ခန္တီးမြို့နှင့် မိုင် ၂၀ ကျော် အကွာ ကျောက်စိမ်းတူးဖော်ရေး
လုပ်ကွက်များ  တည်ရှိသည့် နန်စီပွန်ဒေသ၌ ရေမဆေးကျောက်
သမားများအား ဖယ်ရှားနိုင်ရေး ပုဒ်မ ၁၄၄ ထုတ်ရန် အဆိုကို တပ်မတော်သား လွှတ်တော်အမတ်က အဆိုတင်ရာ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အမတ်များက ကန့်ကွက်ခဲ့ကြောင်း
သတင်းရရှိသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပနေသော စစ်ကိုင်းတိုင်းဒေသကြီး
လွှတ်တော် ရှစ်ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဗိုလ်မှူးနိုင်သက်လွင်က အဆိုတင်ရာတွင် လွှတ်တော်၌ လက်ခံဆွေးနွေးရန် ကန့်ကွက်မှု ခံခဲ့ရခြင်း ဖြစ်သည်။

နန်စီပွန်ဒေသ မကျန်ခမှော်ရှိ မြန်မာအမ်ပီရီယယ်ဂျိတ် ကုမ္ပဏီအတွင်းရေမဆေးသမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့တို့ မေလအတွင်းက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီး ရေမဆေးသမား ၃ဦးသေ၊ ၅ ဦးဒဏ်ရာရကာ အမှုများဖွင့်လှစ်ခံထားရသည်။ ၄င်းမတိုင်ခင်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သွားရောက်
စစ်ဆေးပြီး နန်စီပွန်ဒေသတည်ငြိမ်ရေး အစိုးရမှလုပ်ဆောင်မည့် အချက်လေးရပ်ကို တရားဝင်ထုတ်ပြန်ထားခဲ့သည်။
၎ုင်းထုတ်ပြန်ချက်အရ ခန္တီးမြို့နယ် စီ/ခန့်ကော်မတီမှ ပုဒ်မ ၁၄၃ ထုတ်ပြန်ပြီး တရားမ၀င် နေထိုင်သူအားလုးံ ထွက်ခွာပေးရန် အမိန့်တစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

"လုပ်ကွက်တွေမှာ တရားမ၀င်နေသူတွေ အားလုံးထွက်ပေးဖို့ သတ်မှတ်ကာလလည်း ပြည့်ပြီးပါပြီ။ တစ်ချို့တစ်ဝက်သာ ထွက်တယ်။ လူအင်အား သုံးထောင်လောက်ထွက်ပြီး ၂ထောင်လောက် ပြန်ဝင်လာတယ်။ ကုမ္ပဏီကျောက်ကျော မြေစာပုံတွေမှာလည်း ၀င်ရှာလို့ လုံခြုံရေး ရဲတပ်ဖွဲ့လာရင် ခဏရှောင်ပြေးကြတယ်။ တဲတွေ၊
ဈေးဆိုင်တွေလုပ် ဆောက်လုပ်နေဆဲပါ" ဟု အဆိုရှင် ဗိုလ်မှူးနိုင်
ဇင်သက်က ပြောသည်။

တိုင်းအစိုးရ၏ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ရဲတပ်ဖွဲ့နှင့်အတူ တပ်မတော်မှ ကူညီဆောင်ရွက်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရေမဆေးကျောက်ရှာသူများ မထွက်ခွာခြင်းမှာ ရေမဆေး သမားများကို ငွေထုတ်ပေးနေသော ရေမဆေး လောပန်း များကြောင့် ဖြစ်သည်ဟု အဆိုရှင် တပ်မတော်သား အမတ်က သုံးသပ်ထားသည်။

အဆိုတင်သွင်းမှုကို လက်ခံဆွေးနွေးရန် လွှတ်တော်အမတ်များ သဘောထားကို လွှတ်တော်ဥက္ကဌမှ မေးမြန်းရာ ခန္တီးအမတ် ဦးမောင်တေးက ထ၍ ကန့်ကွက်သဖြင့် လွှတ်တော်လုပ်ထုးံလုပ်နည်း အရ မဲခွဲဆုးံဖြတ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သား
လွှတ်တော်အမတ်များအပါအ၀င် လွှတ်တော်အမတ် ၁၀၁ ဦးရှိပြီး အများစု မှာ NLD ပါတီမှဖြစ်သည်။ ထိုနေ့က လွှတ်တော်အမတ် ၉၃ဦးတက်ရောက်ခဲ့ကာ အဆိုကို နယ်လုံဝန်ကြီး နှင့်တပ်မတော်
သားကိုယ်စားလှယ်များ၊ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက ထောက်ခံခဲ့သည်။

ကန့်ကွက်မှုတွင် လွှတ်တော်ဒုဥက္ကဌအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တိုင်းဒေသကြီး လွှတ်တော်အမတ်များက မတ်တပ်
ရပ်ကန့်ကွက်ခဲ့ကြသည်။

အဆိုကို ထောက်ခံသူ ၂၃ ဦး၊ကန့်ကွက်သူ ၆၇ ဦး၊ကြားနေ ၃ ဦးရှိ၍ ကန့်ကွက်သူ များသောကြောင့် လွှတ်တော်တွင် ဆွေးနွေးရန်
မသင့်ကြောင်း ဥက္ကဌက ကြေညာခဲ့သည်။

"ပုဒ်မ ၁၄၄ ထုတ်လိုက်ရင် တည်ငြိမ်မှု ပိုပျက်ပြားသွားနိုင်တယ်၊ မလိုလားတဲ့ ပြဿနာတွေ ပိုဖြစ်လာမယ်။ ဒီတိုင်းရှင်းလင်းရေး လုပ်ယူရမှာ။ မထွက်တဲ့သူ ပစ်ခိုင်းလို့ကတော့ မဖြစ်ဘူး" ဟု ခန္တီးအမတ်ဦးမောင်တေးက ပြောသည်။

နန်စီပွန်ဒေသတွင် ကုမ္ပဏီလုပ်ကွက် ၁၈ ခု ချပေးသော်လည်း မိုးရာသီတွင် ကုမ္ပဏီကြီး ၁၀ခုသာ လုပ်ဆောင်ပြီး ရေမဆေး
ကျောက်ရှာသူ ၆ ထောင်နီးပါး ရှိကြောင်း သိရသည်။

CentralNewsMyanmar

No comments:

Post a Comment