Latest News

Monday, June 12, 2017

ဖေ့စ်ဘွတ်ခ်ပေါ်က ကိုယ့်မျက်နှာပေါ် တံတွေးပြန်ထွေးသူများ - ဆောင်းပါး

ဖေ့စ်ဘွတ်ခ်ပေါ်က ကိုယ့်မျက်နှာပေါ် တံတွေးပြန်ထွေးသူများ - ဆောင်းပါ


(၁)

လူတွေအတွက် တတ်မြောက်မှု အမြန်ဆုံးဘာသာစကားမှာ ‘ဆဲရေးခြင်း’ဖြစ်လိမ့်မည်ဟု ကျွန် တော်ထင်သည်။ စကားသင်စ ကလေးငယ်တချို့သည် ပတ်ဝန်း ကျင်အပေါ်မူတည်၍ ဖေဖေ၊ မေမေကိုမှ ပီပီသသမခေါ်တတ် သေးမီ ဆဲရေးတတ်နေကြသည်။ လူတချို့ကလည်း အင်္ဂလိပ်စကား ကို ထမင်းစားရေသောက်အဆင့် ပင်ပြောချင်မှ ပြောတတ်မည် ဖြစ် သော်လည်း အင်္ဂလိပ်ဘာသာ စကားဖြင့် ဆဲရေးခြင်းကိုတော့ နှုတ်စွဲနေတတ်ကြသေး၏။

အခုတစ်လော ကျွန်တော် သည် ဘောလုံးပွဲတချို့ကို ဖေ့စ် ဘွတ်ခ်ပေါ်မှာတစ်ဆင့် ကြည့်ဖြစ် နေသည်။ တကယ်တော့ လက်ဝါးလောက်ပင်မရှိသည့် စခရင်လေး ပေါ်မှာ ဘောလုံးပင် ကောင်း ကောင်း မမြင်ရတတ်သည့် အ တွက် ဘယ်လိုမှ မကြည့်ချင်။ သို့ သော် အိမ်မှာ တပ်ဆင်ထားသည့် တီဗီချန်နယ်တွေမှာလည်း ထုတ် လွှင့်ပြသမှုမရှိတတ်ခြင်း၊ ကိုယ့် နိုင်ငံအသင်း၏ ပွဲစဉ်တွေလည်း ဖြစ်နေခြင်းကြောင့် ကြည့်ဖြစ်နေ ရသည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက် ရိုက်ထုတ်လွှင့်ပေးသည့် ဘောလုံး ပွဲကြည့်ပြီဆိုပါစို့။ ဘောလုံးပွဲမစ တင်မီ မိနစ်အနည်းငယ်အလို၌ ကြော်ငြာဖြစ်စေ၊ ဘောလုံးနှစ် သင်းအမှတ်တံဆိပ်တွေနှင့် ရုပ် သေဖြစ်စေ ပြသထားပါက အရင် ဆုံးတက်လာမည့် Comment မှာ ဆဲရေးခြင်း ဖြစ်သည်။ ဘောလုံးပွဲ ဘာကြောင့် မစတင်သေးဘဲ ဘာ တွေပြနေရသလဲဟု ဆဲရေးတိုင်း ထွာသည့် မေးခွန်းဖြင့် Comment ပေးမည်။ နောက်တစ်ယောက်က ဘာကြောင့် မိုက်ရိုင်းရသလဲဟု Comment ပြန်မေးရာတွင်လည်း ဆဲရေးသည်။ သည်လိုနှင့် ဘော လုံးပွဲမစတင်မီမှာပင် ဖေ့စ်ဘွတ်ခ် မျက်နှာပြင်၌ အောက်ခြေလူတန်း စားရပ်ကွက်မှာပင် ကြားရန် မ လွယ်ကူသော အသုံးအနှုန်းများ ဖြင့် ပျစ်ပျစ်နှစ်နှစ်အပြန်အလှန် ဆဲရေးပွဲကြီး စတင်နေတော့၏။

 ဘောလုံးပွဲစတင် ပြသချိန် မှာတော့ ဆဲရေးသူတွေအတွက် သားကောင်တွေပိုများလာသည်။ ကိုယ့်ဘောလုံးသမားကိုလည်း ဆဲ သည်။ တစ်ဖက်ဘောလုံးသမား ကို ဆဲသည်။ ဒိုင်လူကြီးလည်း ဆဲ သည်။ အချင်းချင်းလည်း ပြန်ဆဲ သည်။ တစ်ခါခါ ကျွန်တော်တွေး မိတတ်သည်။ သူတို့အနေဖြင့် ဆဲ ရေးခြင်း Comment ရေးနေရ သည်နှင့် ဘောလုံးပွဲရော ကြည့် ဖြစ်သေးရဲ့လား၊ ဒါဆို သူတို့ဘာ ကြောင့် ဘောလုံးပွဲကြည့်နေကြ ပါသလဲ၊ ပြီးတော့ ဘာကြောင့် ဆဲရေးနေကြပါသလဲ။

(၂)

သည်မနက် စာအုပ်ဖတ်ရန် စာအုပ်စင်ကို မွှေမိတော့ လွန်ခဲ့ သောနှစ်ရက်လောက်က စာကြည့်တိုက်မှ ငှားခဲ့သည့် လူထုဦးလှ၏ ‘သောင်းပြောင်းထွေလာရေးချင် ရာရာ’ကို ဆွဲထုတ်မိသွားသည်။ စာအုပ်မာတိကာကို ကြည့်မိသောအခါ တိုက်တိုက်ဆိုင်ဆိုင် ‘ဘော လုံးပွဲများမှာ မဆဲဖို့’ ခေါင်းစဉ်ကို သွားတွေ့မိသည်။ ၁၉၆၃ ခုနှစ် သြဂုတ် ၂၇ ရက်နေ့ထုတ် လူထုသတင်းစာမှာ ရေးခဲ့သော ဆောင်းပါးလည်း ဖြစ်၏။

ဆောင်းပါးအကြောင်းအရာ မှာ ဆရာကြီး လူထုဦးလှတို့ခေတ် မန္တလေး ဗထူးဘောလုံးကွင်း၌ ဘောလုံးပွဲကြည့် ပရိသတ်တွေ ဆဲရေးကြသော အကြောင်း ဖြစ် သည်။  ထိုသို့ဆဲရေးခြင်းသည် ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့၏ ဂုဏ်သိက္ခာလည်း ကျဆင်းရ ကြောင်း ရှင်းပြလမ်းညွှန်ရင်း ဘောလုံးပွဲတွေမှာ မဆဲဆိုကြရန် တိုက်တွန်းထားသော ဆောင်းပါး လည်း ဖြစ်သည်။

တကယ်တော့ ဘောလုံးပွဲ တွေ၌ ပရိသတ်တွေ ဆဲဆိုကြခြင်း သည် ထိုခေတ် (၁၉၆၃ ခုနှစ်) ကာလတွေမှ စတင်သည်လည်းမ ဟုတ်။ ယခုခေတ် ဖေ့စ်ဘွတ်ခ်မှ ဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှု နိုင်နေသည့် နည်းပညာခေတ် ရောက်မှ တွင်ကျယ်နေသည်လည်းမဟုတ်။ ဆရာကြီး လူထုဦးလှ၏ ဆောင်းပါးပါ ပြန်ပြောင်း ပြောကြားချက်တစ်ခုအရ နှစ်ပေါင်းရာချီ အဖိနှိပ်ခံထားရသည့် အမျိုးသား ဇာတိမာန်စိတ်၏ ထွက်ပေါက်တစ်ခုဟု ယူဆရမလိုလိုဖြစ်နေသည်။ ဆရာကြီး၏ ဆောင်းပါး၌ -‘‘တစ်ခါသတင်းစာလုပ်ငန်း ဘက်လုပ်၊ နိုင်ငံရေးဘက်စိတ် ထက်သန်လာတော့ အပေါင်းအ သင်းဖြစ်တဲ့ ပန်းချီဆရာကြီး ဦးဘ စိန်နဲ့ မိတ်ဆွေများက ‘‘လာကိုလှ၊ ဇာတိသွေး ဇာတိမာန်သွားတင်ရ အောင်’’ဆိုပြီး ဘောလုံးပွဲအသွား ကျွန်တော့်ကို ၀င်ဝင်ခေါ်လေ့ရှိကြ ပါတယ်။

ထိုအခါက ဗြိတိသျှလက် အောက်ဖြစ်တော့ ဂျမခနာကလပ်အသင်းက အင်္ဂလိပ်မျက်နှာဖြူ၊ အထက်တန်းအရာရှိကြီးတွေ ကစားကြတာကိုး။ သူတို့အသင်း က တော်တော်ကောင်းတယ်။ ကျွန်တော်တို့အလုပ်က ‘‘ချဟဲ့’’ တို့ဘာတို့အပြင် ဒီမျက်နှာဖြူတွေ ကို အားရပါးရဆဲကြရတာကိုး။ နယ်ချဲ့သမားတွေ အုပ်စိုးနေတာ ကို မကြိုက်လို့ အပြင်မှာဆဲရင် အဖမ်းခံရမှာသေချာတယ်။ တစ် မတ်ပေးပြီး ဘောလုံးပွဲထဲမှာ တစ် နာရီလုံးလုံးဆဲနိုင်တယ်ပေါ့ဗျာ’’ဟု ရေးသားထားသည်။

သည်လိုဆိုတော့လည်း ဘောလုံးပွဲမှာ ဆဲရေးကြရခြင်း၏ အကြောင်းရင်းက ပျော်စရာလို လို။ အခုတော့ နယ်ချဲ့အင်္ဂလိပ် အုပ်စိုးသည့် ခေတ်ကာလလည်း မဟုတ်တော့ပေ။

ဆရာကြီးက ဆဲရေးခြင်းကို ‘ကိုယ့်မျက်နှာပေါ် တံတွေးပြန် ထွေးခြင်း’ဟု အဓိပ္ပာယ်ဖွင့်ဆို သည်။ ပြီးတော့ ‘မဆဲရေး’တရား ဟောပြထားပုံက...။

‘‘ရမ်းရမ်းကားကားကစား လို့ ဆဲတယ်လို့ တချို့က ဆိုကြ လိမ့်မယ်။ ရမ်းတဲ့သူကို ဘာဆဲဖို့ လိုသလဲ၊ လူထုပရိသတ်ရှေ့မှာ သူအရှက်ကွဲနေပါပြီ’’တဲ့။

တစ်ဖန်....။

‘‘ဒိုင်ညစ်ရင်လည်း မဆဲပါနဲ့၊ ဒိုင်ညစ်တယ်ဆိုတာလည်း လူပုံ အလယ်မှာ ညစ်ရတာမို့ သူ့ဘာသာ သူအရှက်ကွဲနေ၊ ဂုဏ်ပျက်နေပါ ပြီ’’တဲ့။

သူတို့ခေတ်က ဘောလုံးပွဲ၊ သူတို့ခေတ်က ပရိသတ်၊ သူတို့ ခေတ်က ဆဲရေးကြသူတွေ၊ ပြီး တော့ သူတို့ခေတ်က သတင်းစာ ဆရာနှင့် သတင်းစာ။

(၃)

အခုတော့ကော....တဲ့။

ကျွန်တော်သွားကြည့်ဖြစ်ခဲ သော ဘောလုံးကွင်းကြီးတွေမှာ တော့ မသိ။ ဖေ့စ်ဘွတ်ခ်ထဲမှ တိုက်ရိုက်လွှင့်ပေးသည့် ဘောလုံးပွဲ တွေမှာတော့ ကျွန်တော်တို့ မြန်မာတွေ အဆဲပွဲတော်ကြီးကို အုန်းအုန်းခြိမ့်ခြိမ့်ကြီးကို ကျင်းပနေကြမြဲ၊  ကျင်းပကောင်းဆဲ။

တကယ်တော့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဆဲရေးနေကြခြင်းက ဘောလုံးပွဲတစ်မျိုးတည်းမှာသာ မ ဟုတ်။ ဖေ့စ်ဘွတ်ခ်ပေါ်တကလာ သမျှကဏ္ဍစုံမှာ ၀ါဒမျိုးစုံ၊ ယုံ ကြည်ရာမျိုးစုံနှင့် လူတန်းစားမျိုး စုံတို့ ဆဲရေးနေကြသည်။

ဥပမာ- ပါတီတစ်ခုခု၏ ခေါင်းဆောင်တစ်ယောက်ဓာတ် ပုံလေးဖြစ်စေ၊ သတင်းတစ်ခုခု ဖြစ်စေ ဖေ့စ်ဘွတ်ခ်မှာ တက်လာ ပါက ပါတီတူသူတွေ၊ ယုံကြည် ချက်တူသူတွေက ၀ိုင်းဝန်းချီးကျူး မြှောက်ပင့်ကြသော်လည်း မတူ ညီသူတွေက Comment တွေနှင့် ဆဲရေးကြတော့သည်။ ထိုအခါ ထောက်ခံသူတွေက ပြန်ဆဲသည်။သည်လိုနှင့် မကြားဝံ့မနာသာ တိုင်းထွာမှုတွေနှင့် ဆွေမျိုးတွေ အပြင် လူမျိုးနာမည်တွေပါ တပ် ပြီး ဆဲရေးကြတော့သည်။

တချို့က ပရိုဖိုင်ဓာတ်ပုံ အတုနှင့်၊ တချို့က ကိုယ့်ဓာတ်ပုံ အစစ်တွေနှင့်။

ထိုမျှမက။ ဆဲရေးတတ်သူ တွေ၏ သားကောင်တွေက ဖေ့စ် ဘွတ်ခ်မှာ ဒုနှင့်ဒေး။ ရုပ်ရှင်သရုပ် ဆောင်၊ အဆိုတော်၊ ဇာတ်မင်း သား၊ အားကစားသမား၊ နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်၊ မီဒီ ယာသမားစသည်စသည် မိမိတို့ နှင့် အယူအဆ၊ ရှုထောင့်မတူညီ သူတိုင်းကို လွယ်လွယ်ဖွင့်၍ ရ သော ဖေ့စ်ဘွတ်ခ်အကောင့်တွေ မှတစ်ဆင့် ဆဲရေးနေကြတော့ သည်။

(၄)

ကျွန်တော်မကြာမကြာတွေး မိတတ်သည်။ ဆဲဆိုခြင်းအ ကြောင်း။ တခြားစကားတွေလိုပင် ဘာသာစကားသက်သက်ဖြင့် ဖွဲ့ စည်းထားပါလျက် ဓားနှင့် ထိုးခုတ်ခံရသလို  ဘာကြောင့်များ နာကျင်ထိခိုက်ကြရပါလိမ့်။ ဒါကတော့ ဆဲရေးခြင်းစကားလုံး၏ အဓိပ္ပာယ်တွေကြောင့်သာ ဖြစ်သည်။ ဆဲရေးခြင်းဟူသမျှသည် သူတစ်ပါးတို့ အမြတ်တနိုးထားသော အရာတို့ ကို ထိခိုက်စော်ကားထားသော အဓိပ္ပာယ်တွေချည်းသာ ဖြစ်နေ တတ်ကြသည်။

ဘာကြောင့်ဆဲရေးကြရသ လဲ။ ‘အမိယုတ်တော့ နှုတ်ကြမ်း’ တဲ့။ သည်စကားပုံကိုက ဆဲရေး ခြင်းဖြစ်ပြန်သည်။ တချို့က ဒေါ သကို ဖြေသိမ့်သော လက်နက်အ ဖြစ် သုံးကြသည်။ တချို့က သူငယ်ချင်း အချင်းချင်းအပျော်သက် သက်။ ဆဲသူမှာလည်း စေတနာ မပါ၊ အဆဲခံရသူမှာလည်း မနာ ကျင် မထိခိုက်။ တချို့ကတော့ ယောင်ယမ်းရာမှာပင် ဆဲရေး ယောင်ယမ်းမိသည်အထိ အဆဲ ကို စွဲနေကြသည်။

မြန်မာ့ဇာတိမာန်စာဆိုကြီး  အချုပ်တန်း ဆရာဖေကတော့ ‘တွေးမိတိုင်း အရိုးနာသည်၊ အမျိုးပါ ဆဲချင်ပေါ့လေး’ဟု သူ့ကျွန် ဖြစ်ရသည့်အတွက် မချိတင်ကဲ ဆဲရေးခဲ့ဖူး၏။

 အခု ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျွန်တော်တွေ့နေရသည့် ဆဲရေး သူများကတော့ ယောင်ယမ်းဆဲ ရေးခြင်းလည်း မဟုတ်။ ချစ်စနိုးဆဲရေးခြင်းလည်း မဟုတ်။ သူ့ကျွန် ဖြစ်ရ၍ မချိတင်ကဲဆဲရေးခြင်း လည်း မဟုတ်။ အကြောင်းပြချက်မည်မည်ရရမရှိပါဘဲ လျှို့ဝှက် အပ်သော ကိုယ်အင်္ဂါအစိတ်အ ပိုင်းတွေ နာမည်ခေါ်၍ ဆဲရေးနေ ခြင်းကား အရုပ်ဆိုးလွန်းသည်။ Hate Speech ၏ အမြင့်ဆုံးမီး လောင်အမှတ်လည်း ဖြစ်သည်။

အမိယုတ်တော့ နှုတ်ကြမ်း သတဲ့။

ဆရာကြီး လူထုဦးလှစကား ကို ငှားပြောရလျှင်တော့ ‘ကိုယ့် မျက်နှာပေါ် တံတွေး ပြန်ထွေးနေ သူများ’သာ ဖြစ်လေသည်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

7Day News

No comments:

Post a Comment