လာ သူငယ်ချင်းရေ စာဖတ်ကြပါစို့လေ - ဆောင်းပါး
ယခုတစ်လော အိမ်နားက ရပ်ကွက်ထဲက တစ်ဆိုင်တည်းသော စာအုပ်အငှားဆိုင်လေးသို့ ခဏ တစ်ဖြုတ် ရောက်မိသည်။ ဆိုင်ရှင်နှင့်လူချင်းလည်း ရင်းနှီးသည်ကတစ်ကြောင်း၊ ရှားပါးစာအုပ်များကို သိမ်းဆည်းတတ်သူ ဖြစ်၍ စာဖတ်လိုလျှင်လည်းကောင်း ရောက်ဖြစ်ပါသည်။ လွန်ခဲ့သည့်၁၀ နှစ်ဝန်းကျင်က စာအုပ်အငှားဆိုင်များ လမ်းထဲမှာ အများအပြားရှိသည်။ အနည်းဆုံး ခြောက်ဆိုင်လောက်တော့ရှိသည်။ အခုများတော့ တစ်ဆိုင်တည်း ခပ်ယဲ့ယဲ့သာ။
ကျွန်တော့်မိတ်ဆွေစာအုပ် ဆိုင်ပိုင်ရှင်လည်း ညည်းညူနေ သည်။ တစ်ရက်လုံးမှ စာအုပ်နှစ် အုပ်၊ သုံးအုပ်မှ အနိုင်နိုင်ရယ်။ စာဖတ်ပရိသတ်ကလည်း ရှိနေ သေးတော့ ဖြည့်ရသည့်မဂ္ဂဇင်းဖိုး တွေက မနည်း။ အခြားသော စီး ပွားရေးတစ်ခုရှိ၍သာ မိဘလက် ငုတ်လက်ရင်းအလုပ်ကို ထိန်း ထားနိုင်ခြင်းဖြစ်သည်။
တစ်ခါ ရပ်ကွက်ထဲရှိ တစ်ခု တည်းသော စာကြည့်တိုက်ကို ကြည့်ဦးမလား။ မနက်ဆို အသက် ကြီးပိုင်းလောက်သာ ဂျာနယ်လာ ဖတ်တာလောက်ရှိတော့သည်။ စာအုပ်စင်မှာ ပင့်ကူမျှင်တွေ၊ ဖုန် တွေတက်လို့။ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူးလုပ်နေတဲ့သူ ငယ်ချင်းကလည်း ရင်ထဲက ခံစား ချက်ကို ဖွင့်ဟသည်။ စာကြည့် တိုက်ဖွင့်စ လွန်ခဲ့တဲ့ ၂ နှစ်နဲ့အခု ကွာခြားကြောင်း၊ ဖွင့်ခါစ လပိုင်း သာအနည်းငယ်စည်ကား၍ ယခု လို ခြောက်ကပ်သွားသည်မှာ နှစ် ပေါက်တော့မည်ဖြစ်ကြောင်း၊ စာ ဖတ်သူမလာ။ စာဖတ်သူမရှိ။ ကျွန်တော်တို့ငယ်စဉ်ကနဲ့ကွာခြား ကြောင်း ပြောကြသည်။
ကျွန်တော်တို့ ငယ်စဉ်က လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်ယခု လိုမျိုး ဖတ်ပြီးပြန်ထားစာကြည့် တိုက်လေးများ၊ အတည်တကျရပ် ကွက် စာကြည့်တိုက်များ အလွန်ရှားသည်။ စာအုပ်အငှားဆိုင်များ သာ အားကိုးနေရသည်။ ငယ်ရွယ် တုန်းက ရွှေသွေးစာစောင်သည် အကြိုက်ဖြစ်ခဲ့ပြီး အိမ်မှာလည်း ဝယ်ကာ နောက်ပိုင်းအထူကြီးဖြစ် တော့ စာအုပ်ချုပ်ရတော့သည်။ ပလုတ်တုတ်ဂျာနယ်၊ ရတနာပန်း ခင်းနှင့် ကလေးအရွယ်မှစ၍ ယနေ့အထိ ဖတ်သည်က သုတ စွယ်စုံ။
တစ်ခါ အသက်လေးကြီး လာတော့ ငါးတန်း၊ ခြောက်တန်းကစ၍ ဝတ္ထုများဖတ်လာသည်။ စစချင်း ဒဂုံရွှေမျှား၊ ဆရာကြီးရွှေဥဒေါင်းတို့၏စွန့်စားခန်းဝတ္ထုများကိုဖတ်တော့ ဝတ္ထုထဲမှ ဇာတ်ကောင်၊ ဇာတ်လိုက်များကို အားကျမိသည်။ ရှစ်တန်းအရွယ်ကစ၍ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဆရာမ မစန္ဒာဝတ္ထုများကို ဖတ်ရင်းလွမ်းတတ်ဆွေးတတ်လာသလို လူတို့၏သဘာဝ ကိုယ်မသိခဲ့မမီခဲ့သည့် ခေတ်စနစ်စရိုက်ကို သိနိုင်မြင်နိုင်လာသည်။ မင်းသိင်္ခ၏ စာအုပ်များကို ဖတ်တော့ ဇာတ် လိုက်ဆားပုလင်းနှင်းမောင်သည် အိပ်မက်ထဲအထိ ပါဝင်လာခဲ့ သည်။
ဆရာမန်းတင်ရဲ့ မြို့ပိုင် မောင်ပြုံးချို နယ်ပိုင်မောင်ပြုံးချို၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ၊ ပထမအရွယ် စာပေများ၊ ဆရာ သိပ္ပံမောင်ဝရဲ့ ခရီးသွားစာပေ များဖတ်တော့ နိုင်ငံအတွင်းရှိ ဒေ သများ၏ဒေသန္တရဗဟုသုတသာ မက ထိုခေတ်ထိုအခါက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအ နေကိုပါ သိလာခဲ့သည်။ အသက် ကြီး၍ တက္ကသိုလ်တက်တော့ အင်္ဂလိပ်ဝတ္ထုများကို မြည်းစမ်းနိုင် လာပြီး ဘာသာပြန်စာပေခေတ် စားချိန်မှာတော့ ဆရာမောင်ထွန်း သူ၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ပေါ်ထွန်းတို့၏လက်ရာများကို ခံ စားလာနိုင်ခဲ့သည်။ ဆရာကြီးနတ် နွယ်ရေးသားသည့် မြန်မာပြည် မြောက်ပိုင်းဆိုလျှင် လက်မချချင်လောက်အောင် ဆွဲဆောင်မှု အ ပြည့်ရှိသည့် စာပေများဖြစ်သည်။
စာပေများတွင် အဓိအားဖြင့် တော့ အုပ်စုခွဲလျှင် ရသစာပေနှင့် သုတစာပေဟူ၍ ခွဲနိုင်ပါသည်။ သုတစာပေဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ အသိဉာဏ်ပညာတိုး တက်ကောင်းမွန်လာစေမှာဖြစ် ပြီး ရသစာပေကတော့ လူတို့၏ သဘော အကောင်းအဆိုး၊ အ ကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိလာမည်မှာ ဖြစ်သည်။
သာဓကအနေဖြင့် အမေရိ ကန်သမ္မတကြီး အေဗရာဟင်လင် ကွန်းသည် သာမန်သစ်ခုတ်သမား လေးဘဝမှ နိုင်ငံ၏အကြီးဆုံး ဦး သျှောင်သမ္မတဖြစ်လာသည်မှာ စာဖတ်ခြင်းကြောင့် ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် ပေပေတေတေ နှင့် အာရှနိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ တရုတ်တို့တွင်မှာပါ ထောင်ကျဖူးပြီး လူဆိုးလူမိုက် တစ်ယောက်အဖြစ်မှ အမေရိကန် ဂန္ထဝင်စာရေးဆရာကြီး ဂျက်လန် ဒန်(ဆရာမြတန်းသင့်ဘာသာပြန် သော အရိုင်းခေါ်သံ ဝတ္ထုမူလ စာရေးဆရာ)အဖြစ်သို့ ပြောင်း ပေးသူမှာ စာအုပ်စာပေတည်းဟူ သော လူ့မိတ်ဆွေကြောင့် ဖြစ် သည်။ ကျွန်တော်တို့မြန်မာပြည် တွင်လည်း သာမန်ကျေးတော သားလေးမှ စာပေဖတ်ရှု၍ ဗဟု သုတပြည့်စုံသောကြောင့် စာတို ငညိုဘဝမှ ဝန်ဇင်းမင်းရာဇာဘဝ သို့ ရောက်ခဲ့သည်။
ယခုခေတ် တိုးတက်လာ သောနည်းပညာနှင့်အတူ ကျွန် တော်တို့နိုင်ငံတွင် တစ်ဖက်က လည်း လူငယ်တို့စာဖတ်တာ နည်းလာသည်။ ဖွံ့ဖြိုးပြီးအနောက်နိုင် ငံနည်းပညာဖွံ့ဖြိုးသော နိုင်ငံများ တွင် စာဖတ်ခြင်းသည် နိုင်ငံသား တိုင်းအတွက် အရေးပါသည်။ တစ်လကို စာတစ်အုပ်၊ ဝတ္ထုတစ် အုပ်အနည်းဆုံးဖတ်ကြသည်။ ဂျာမနီနိုင်ငံတွင် လေ့လာထား ချက်များအရ အရွယ်ရောက်သူ တိုင်း တစ်လစာတစ်အုပ်တော့ ဖတ်ကြသည်။ ယခုလောလော ဆယ် ကမ္ဘာတွင် စာအဖတ်ဆုံးလူ မျိုးမှာ အစ္စရေး ဂျူးလူမျိုးများဖြစ် ပြီး တစ်ပတ်လျှင် စာတစ်အုပ်မှ သုံးအုပ်အထိ ဖတ်ကြ၊ လေ့လာကြသည်။ ကျွန်တော်တို့နိုင်ငံတွင် တော့ အင်တာနက်နည်းပညာတိုး တက်လာသော်လည်း နည်းပညာ ကို စနစ်တကျ သုံးစွဲမှု အားနည်း ကြခြင်းသည် လူတို့၏ကိုယ်ရည် ကိုယ်သွေးအသိဉာဏ်ပညာနှင့် စာပေလေ့လာလိုက်စားမှုကို အား နည်းစေသည်။
နိုင်ငံတကာတွင် အသက် (၁၂)နှစ်အောက်ကလေးများကို i pad, tablet စသော ပစ္စည်းများ ပေးသုံးခြင်းကို တားမြစ်ထား သည်။ ပျိုမျစ်နုနယ်သော အသိ ဉာဏ်ကို အရောင်ဆိုးအကျည်း တန်စေသောကြောင့်ဖြစ်သည်။ ထို့အပြင် အသက်အရွယ်အလိုက် စာကြည့်တိုက်များတွင် စာဖတ် စင်တာများကိုလည်း ထားရှိသည်။ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် အကျွမ်းဝင်စေအောင် သင်ပြပေးထားသည်။ ကျွန်တော်တို့ နိုင်ငံတွင်တော့ ထိုသို့သော စနစ်မရှိ၊ ဖန်တီးပေးထားခြင်းလည်း မရှိခဲ့ပါ။
အများအားဖြင့် ကျွန်တော် တို့နိုင်ငံတွင် တိုးတက်လာသော အင်တာနက်နည်းပညာကို ဖျော် ဖြေရေးပိုင်း ဖေ့စ်ဘွတ်ခ်နှင့် အွန် လိုင်းဂိမ်းဆော့ခြင်းများတွင်သာ လူကြီးရော လူငယ်ပါ အသုံးချကြ သည်။ နောက်ပိုင်း သတိထားမိ လာသည်မှာ လူမှုကွန်ရက်များ တွင် အမုန်းစကားများ ရိုင်းစိုင်းစွာ ဆဲဆိုပြောဆိုမှုများနှင့် ကိုယ်ချင်း စာတရားနည်းပါးသော အပြုအမူ အပြောအဆိုများပါ လူ့ပတ်ဝန်း ကျင်အသိုင်းအဝိုင်းများတွင် တွေ့ မြင်လာကြသည်။ နှမသားချင်း မစာနာသော ပြောဆိုမှုများ၊ ဘာမ ဟုတ်သည့် ပြဿနာလေးတစ်ခုမှ စ၍ ဖြစ်ပွားရသည့်လူသတ်မှုများ၊ လုယက်မှုများ၊ အရက်ဖိုး၊ ဆေးဖိုး မရ၍ အဖေအရင်း၊ အမေရင်းကို တောင် သတ်သူများ စသည်ဖြင့် အမှုအခင်းများကို ကြားရသူမှာ လည်း စိတ်မချမ်းသာ၊ ကျူးလွန်သူမှာလည်း ပေးဆပ်ရမည့်အပြစ် ဒဏ်မှာ မသက်သာပါ။ ဒါတွေ အားလုံးကို ခြုံကြည့်လိုက်လျှင် စဉ်းစားဆင်ခြင်ဉာဏ်အားနည်း ခြင်းနှင့် အသိဉာဏ်ပညာမကြွယ် ဝခြင်း၊ ဆင်ခြင်တုံတရားနည်းပါးခြင်းတို့သည် အဓိကဖြစ်လာသည်ကို တွေ့ရသည်။
တကယ်တော့ နည်းပညာကို တစ်ဖက်တစ်လမ်းကနေ အကျိုး ရှိအောင် အသုံးချနိုင်ပါသည်။ လို အပ်သောစာရွက်စာတမ်းများကို အွန်လိုင်းမှတစ်ဆင့် ရှာဖွေနိုင် သည်။ ဒေါင်းလုတ်ဆွဲ၍ သိမ်း ဆည်းနိုင်သည်။ ကိုယ်သိချင်၊ ကိုယ်ဖတ်ချင်တာကို အချိန်မကုန် လူမပန်းဘဲအလွယ်တကူရှာဖွေ နိုင်သည်။ အချက်အလက်များကို မပင်မပန်းဘဲ သိမ်းဆည်းနိုင်ပါ သည်။ သို့သော် သုံးစွဲသည့်သူ အ ပေါ်တော့ မူတည်၍ အကျိုးဖြစ် ထွန်းမှုလည်း ကွာသွားပါသည်။ ထို့ကြောင့် နည်းပညာဟူသည်သုံး စွဲသူပေါ် မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုးနှစ်ရပ်ကွာခြားသွားသည် ကို သတိပြုသင့်သည်။
ပညာရပ်တစ်ခုကိုလေ့လာ ရာတွင် အတန်းပညာနှင့် အသိပ ညာကွာခြားသည်ကို သတိပြုအပ် ပါသည်။ အတန်းပညာထူးချွန်ပါ က ဘွဲ့ရနိုင်သော်လည်း ပညာ တတ်ဟု ခေါ်ဆိုဖို့ရာ လိုပါသေး သည်။ တကယ်တော့ ပညာဆို သည့်စကားတွင် အတတ်ပညာ သာမက အသိပညာပါ ပါဝင်သေး သည်။ အသိပညာကိုရှာဖွေရာ တွယ် အလွယ်ကူဆုံးမှာ စာအုပ် စာပေဖတ်ရှုခြင်းနှင့် ဘဝပေးအ သိတရားမှလာသည်။
‘အလိမ္မာစာမှာရှိ’ ဟူသော စကားလည်းရှိပါသည်။ စာပေ ဖတ်ရှုလေ့လာခြင်းမှသည် အ ကောင်းအဆိုး၊ အမှားအမှန်ဝေ ဖန်ထောက်ရှုကာ ဆင်ခြင်နိုင် သည်။ ကိုယ်ကျင့်တရား၊ ကိုယ် ကျင့်သီလကို တည့်မတ်နိုင်ပါ သည်။
ယခုအခါ ကျွန်တော်တို့နိုင်ငံ သည် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသော ကာလဖြစ်သည်။ ထိုသို့ တည်ဆောက်ရာ တွင် အရေးအကြီးဆုံးမှာ လူသား အရင်းအမြစ်ပင် ဖြစ်သည်။ ကောင်းမွန်သော၊ ပြည့်စုံသော လူသားအရင်းအမြစ်တည်ဆောက် ဖို့ရာ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်ဝပြီး နှလုံးသားလှ သော နိုင်ငံသားများ များစွာ လို အပ်ပါသည်။ ထို့ကြောင့် လူ့စွမ်း အားအရင်းအမြစ်ပြုစုပျိုးထောင် ရာတွင် လိုအပ်သော စာဖတ်ခြင်း အလေ့အထ အကျင့်ကိုပါ ကလေးများအား ထည့်သွင်းပျိုးထောင် ပေးကြပါ။ လူငယ်လူရွယ်တို့ အ နေနဲ့လည်း စာဖတ်ကြပါ၊ စာ ကြည့်တိုက်လေးများအသက်ဝင် အောင် ကြိုးပမ်းကြပါလို့ တိုက် တွန်းရင်း နိဂုံးချုပ်လိုက်ပါသည်။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment