Latest News

Tuesday, June 6, 2017

ဝါရင့်နောက်ခံလူ ပီပီ ရီးယဲလ်အသင်းမှ ထွက်ခွာတော့မည်

ဝါရင့်နောက်ခံလူ ပီပီ ရီးယဲလ်အသင်းမှ ထွက်ခွာတော့မည်

ရီးယဲလ်မက်ဒရစ်အသင်း၏ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီသည် အသင်းမှထွက်ခွာတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က အတည်ပြုပြောကြားခဲ့သည်။

(၃၄)နှစ်အရွယ်ရှိပြီဖြစ်သည့် ပီပီသည် ယခုလအကုန်တွင် အသင်းနှင့်
စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက (၂)နှစ်သက်တမ်းတိုးလိုသော်လည်း အသင်းက (၁)နှစ်သာ သက်တမ်းတိုးလိုသဖြင့် ထွက်ခွာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပီပီသည် ပြင်သစ်ထိပ်သီး PSG၊ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းများနှင့် ချိတ်ဆက်လျက်ရှိပြီး ၎င်းကိုယ်တိုင်ကမူ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကာ အင်္ဂလန်မှ ကမ်းလှမ်းမှုများစွာရှိနေသည်ဟုလည်း ၀န်ခံခဲ့သည်။

Photo:AFP
Eleven Sports

No comments:

Post a Comment