ဘာပေ ပြင်သစ်အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်း
ပြင်သစ်အသင်း လူငယ်ကြယ်ပွင့် ဘာပေသည် ပြီးခဲ့သည့်တနင်္လာနေ့က အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ကြောင်း သိရသည်။
ဘာပေမှာ ပြီးခဲ့သည့်သောကြာနေ့က ကစားခဲ့သည့် ပါရာဂွေးနှင့်ခြေစမ်းပွဲ ကို ပေါင်ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး လက်ရှိအခြေအနေကြောင့် လာမည့် ဇွန်(၉)ရက်နေ့တွင် ဆွီဒင်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲ အသင်းလူစာရင်းတွင်ပြန်လည်ပါဝင်လာဖွယ်ရှိနေသည်။
ပြင်သစ်အသင်းသည် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(က)တွင် ကျရောက်နေပြီး (၅)ပွဲကစားအပြီးတွင် ရမှတ်(၁၃)မှတ်ဖြင့် ဒုတိယနေရာမှဆွီဒင်အသင်းကို (၃)မှတ်ဖြတ်ကာ ဦးဆောင်ထားသောကြောင့် ယင်းပွဲအနိုင်ရလျှင် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။
Photo:AFP
Eleven Sports
Subscribe to:
Post Comments (Atom)
No comments:
Post a Comment