ပဲခူးတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူပေါင်း (၂၈၀၀၀)ကျော်ရှိ
ပဲခူး၊ ဇွန် ၂၈ ရက်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ပဲခူးတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၂၈၀၀၀)ကျော်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး(၂၈)မြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(၂၀)၊ မူလတန်းလွန် ကျောင်း(၅၀)၊ မူလတန်းကျောင်း(၆၉)တို့တွင် ကျောင်းသား၊ ကျောင်းသူ(၂၈၀၂၃)ဦးတို့အား ဆရာ၊ ဆရာမ (၁၀၀၀)ကျော်တို့ဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။
“ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သင်ကြားနေသော ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် မွမ်းမံ သင်တန်းချိန်မှာ ခေါ်ယူသင်ပြပေးပါတယ်။ ကျောင်းသုံး အသေးသုံးတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဆရာ၊ ဆရာမတွေ ခန့်အပ်မှုကတော့ ဘုန်းကြီးတွေရဲ့အစီအစဉ်နဲ့ ဆောင်ရွက်ကြတာပါ။”ဟုပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆရာ၊ ဆရာမများကို နိုင်ငံတော်က ထောက်ပံ့ကြေးငွေအဖြစ် မူလ တန်းပြတစ်ဦးလျှင် (၃၆၀၀၀)ကျပ်၊ အလယ်တန်းပြတစ်ဦးလျှင်(၄၁၀၀၀)ကျပ်၊ အထက်တန်းပြတစ်ဦးလျှင် (၄၅၀၀၀)ကျပ် ထောက်ပံ့ပေးထားပြီး ကျောင်းသားများအတွက် ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်တို့အား ထောက်ပံ့ပေးထားကြောင်း သိရသည်။
“ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာတော့ နယ်ကကျောင်းသားတွေရယ်၊ ဆင်းရဲတဲ့ကျောင်းသားတွေရယ် များပါတယ်။ နယ်ကကျောင်းသားတွေအတွက် ကျောင်းအိပ်၊ ကျောင်းစား စီစဉ်ပေးထားပါတယ်။ ကျောင်းသား တွေအတွက် ဗလာစာအုပ်တို့ကို အခမဲ့ပေးပါတယ်။ အလှူရှင်များပေါ်မူတည်ပြီးဆောင်ရွက်ပေးတာပါ။ ဆရာ၊ ဆရာမတွေကိုလည်း ဘုန်းကြီးက တစ်ဦးကို တစ်လလျှင် ကျပ်ငါးသောင်းကျော်စီ ပြန်ထောက်ပံ့ပေးပါတယ်။” ဟု ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်ရှိ မင်္ဂလာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ဒေါ်ချောစုဝင်း က ပြောသည်။
မိဘမဲ့ဆင်းရဲနွမ်းပါးသော ကလေးများကို ဘုန်းကြီးကျောင်းများတွင် ကျောင်းအိပ်ကျောင်းစားအနေဖြင့် တာဝန် ယူကာ ပညာသင်ကြားပေးနေခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ မြို့ပေါ်တွင်(၄၃)ကျောင်း၊ ကျေးရွာများတွင်(၉၆)ကျောင်းရှိကြောင်း သိရသည်။
မျိုးမြတ် (မြစ်မခ)
Wednesday, June 28, 2017
ပဲခူးတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူပေါင်း (၂၈၀၀၀)ကျော်ရှိ
ပဲခူးတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃၉)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူပေါင်း (၂၈၀၀၀)ကျော်ရှိ
Reviewed by Ar Ti
on
10:16 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment