Latest News

Wednesday, June 28, 2017

တစ်နိုင်ငံလုံးတွင် အခြေခံပညာ ဆရာ၊ ဆရာမ ငါးသောင်းကျော် လိုအပ်နေ

တစ်နိုင်ငံလုံးတွင် အခြေခံပညာ ဆရာ၊ ဆရာမ ငါးသောင်းကျော် လိုအပ်နေ

ယခု ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများ၌ ဆရာ၊ ဆရာမ ၅၂,၂၆၃ ဦး လိုအပ်နေကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့် ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမေစန်းရီက ဇွန်လ၂၄ ရက်တွင် ကျင်းပသော အဆင့်မြင့်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲ၌ ပြောသည်။

အခြေခံပညာကျောင်းများ တွင် အထက်တန်းပြ ၆,၄၆၉ ဦး၊ အလယ်တန်းပြ ၂၃,၉၀၀ ဦး၊ မူလတန်းပြ ၂၁,၈၉၄ ဦး လိုအပ် နေပြီး ယခုပညာသင်နှစ်၌ ဖွဲ့ စည်းပုံအရ ဆရာ၊ ဆရာမ ၅၁၃,၉၀၂ ဦး ရှိရမည်ဖြစ်သော်လည်း ၃၇၀,၇၄၀ ဦးသာ ခန့်ထားနိုင်ရာ ၁၄၃,၁၆၂ ဦး လိုအပ်နေသည်။

 ထို့အပြင် ကျောင်းအဆင့် တိုးမြှင့်ခြင်းကြောင့် ဆရာ၊ ဆရာမ ၁၈,၄၆၄ ဦး လိုအပ်နေ၍ ပညာရေးကောလိပ်များက မွေး ထုတ်ပေးမည့် လုပ်ငန်းခွင် အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်းဆင်းများ၊ လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာကျွမ်း ကျင်မှု ဒီပလိုမာသင်တန်းဆင်း များနှင့် နေ့စားလပေးမူလတန်းပြ များဖြင့် ဖြည့်ဆည်းခန့်ထားပေး ပြီးသည်အထိ ငါးသောင်းကျော် ထပ်မံလိုအပ်နေခြင်းဖြစ်သည်။

‘‘ဒီနှစ်သင်တန်းဆင်းတွေ၊ နေ့စားလပေးတွေ ခန့်ပြီးရင်ကို အခြေခံပညာကဏ္ဍမှာ ဆရာ၊ ဆရာမလိုအပ်ချက်က ငါး သောင်းကျော်ရှိနေတာဖြစ်ပါတယ်။ အသစ်တွေ မခန့်သေးရင် မူလလိုအပ်ချက်က တစ်သိန်း လေးသောင်းကျော်၊ ကျောင်းအဆင့်တိုးအတွက် လိုအပ်တာက တစ်သောင်းရှစ်ထောင်ကျော်ရှိပါတယ်’’ဟု ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ပြောကြားသည်။

အခြေခံပညာဆရာ၊ ဆရာ မများကို အစိုးရက ခန့်ထားသော် လည်း အမှန်တကယ်အလုပ် မ ၀င်ရောက်သူများ၊ အကြောင်းအ မျိုးမျိုးကြောင့် ပြုန်းတီးစာရင်းများ လည်းရှိသည်။

‘‘ ဆရာ၊ ဆရာမလိုအပ် ချက်အရ ခန့်ပေမယ့် တချို့ဒေသ တွေက ဝေးလံခေါင်ဖျားနေရာ တွေဖြစ်တော့ ခန့်ပြီးမှ မသွားတဲ့ သူတွေ၊ အလုပ်မ၀င်တဲ့သူတွေ လည်းရှိတယ်။ ဒီတော့ လစ်လပ်၊ ပြုန်းတီးစာရင်းက နှစ်တိုင်းရှိနေ တယ်။ ဒီနှစ်အတွက် လိုတဲ့စာရင်း ကိုလည်း အခြေခံဦးစီးကို တင် ထားတယ်။ လိုတာအတွက် နေ့ စားလပေးဆရာ၊ ဆရာမတွေ ခေါ်ဦးမှာပါ’’ဟု ရန်ကုန်တိုင်းဒေ သကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။

တစ်နိုင်ငံလုံးတွင် အခြေခံ ပညာကျောင်း ငါးသောင်းကျော် ရှိနေပြီး ကျောင်းသား၊ ကျောင်း သူ ကိုးသန်းကျော် ပညာသင်ယူ နေကြသည်။

7Day News

No comments:

Post a Comment