Latest News

Wednesday, June 28, 2017

ကားဈေးကွက် စောင့်ကြည့်အနေအထားနဲ့ ကြိုးကြားကြိုးကြားသာ ရောင်းနေရ

ကားဈေးကွက် စောင့်ကြည့်အနေအထားနဲ့ ကြိုးကြားကြိုးကြားသာ ရောင်းနေ


အသစ်တင်သွင်းဖို့ ခက်ခဲလာတဲ့အတွက် လက်ထဲကျန်နေတဲ့ကားတွေကို ထိန်းရောင်းတဲ့အနေအထားဖြစ်တယ်။

ရန်ကုန်၊ ဇွန် ၂၅ – အခုတလော မိုးရွာသွန်းတဲ့ ရက်တွေ များနေတဲ့အတွက် ဝယ်လက် လာရောက်တာနည်းပါတယ်။ ဈေးကွက်စောင့်ကြည့်အနေအထားတွေလည်းရှိနေတဲ့အတွက် ကြိုးကြားကြိုးကြားသာအရောင်းအဝယ်ရှိပါတယ်။

“ကားဈေးကွက်က အေးနေတယ်ဆို ပေမဲ့ လုံးဝကြီးမရောင်းရတာတော့ မဟုတ်ဘူး၊ စတိနံပါတ်မဟုတ်တောင် နံ ပါတ်ထွက်ပြီးသား ကားလေးတွေကတော့ ကြိုးကြားကြိုးကြားရောင်းနေရတယ်”လို့ သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုချစ်တိုးက ပြောပါ တယ်။

စလစ်ဈေး ပြန်မြင့်တက်

၁၉၉၅ မော်ဒယ်အောက် ဝိုင်ဘီအက်စ် ယာဉ်အိုဟောင်း ဘတ်စ်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက် နောက်ဆုံးထား အပ်နှံခွင့်ပြုတဲ့ နောက်ပိုင်း ကျပ်သိန်း ၁၀ဝ အထက်ရောက်နေတဲ့ စလစ်ဈေးက ကျပ် သိန်း ၉၀ ဝန်းကျင်အထိ ကျဆင်းပါတယ်။ လက်ရှိမှာလည်း ဇွန်လ ၂၀ ရက်အတွင်း စာရင်းပေးထားတဲ့ ဝိုင်ဘီအက်စ် ယာဉ်အိုဟောင်းဘတ်စ်တွေကို အပ်နှံလဲလှယ်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ သက်တမ်းနှစ် ၂၀ အမည်ပေါက်စလစ်ရဲ့ဈေးနှုန်းက ကျပ် ၉၉ သိန်းဝန်းကျင်အထိ မြင့်တက် နေပါတယ်။ အဲဒါကြောင့် စလစ်ကပ်ကား အရောင်းအဝယ်ပိုအေးသွားပါတယ်။

မိုးရွာသွန်းတဲ့ရက်တွေ များနေတဲ့အတွက်လည်း နယ်ဝယ်လက်အလာကျဲပါတယ်။ လက်ရှိမှာ နယ်လိုင်စင်နဲ့ စလစ်ကပ်ကားတွေက နယ်ဝယ်လက်ကို အား ထားလာရတဲ့အနေအထားဖြစ်ပါတယ်။ တစ်ဖက်ကလည်း စလစ်ဈေးတွေ ဆက်တိုက်ကျဆင်းပြီး ကားဈေးတွေကျမလား၊ ၃၀/၆၀ စလစ်အစားထိုးစနစ်နဲ့ ကားတွေ ဝင်လာတဲ့အတွက် ဈေးတွေ ကျဆင်းမလား၊ နောက်ထပ်မူဝါဒအပြောင်းအလဲတွေ ရှိဦးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဈေးကွက်စောင့်ကြည့်အနေအထားတွေ ရှိနေတာကြောင့် ကားဈေးကွက်က အေးစက်မြဲ အေးစက်နေပါတယ်။

ဖရီးပါမစ်ကား


ဖရီးပါမစ် ပွိုင့်သရီးကားလေးတွေ အရောင်းအဝယ်အနည်းငယ်ဖြစ်ပါတယ်။ စလစ်ကပ်ကားနဲ့ နှိုင်းယှဉ်ရင် ဖရီးပါမစ်ကားက အရောင်းအဝယ် ပိုဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်လိုင်စင် ဟွန်ဒါဖစ် လို ကားမျိုးတွေ ရောင်းရပါတယ်။ ဟွန်ဒါဖစ် ဂျီပီဝမ်းလေးတွေ စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်နဲ့ တင်သွင်းကြတာလည်း ရှိပါတယ်။ အဲဒါက ကျပ်သိန်း ၂၄၀ လောက်အထိ ကုန်ကျနိုင်ပါတယ်။ စတိ နံ ပါတ်ကားသစ်တွေထက် ဈေးကွက်ထဲမှာရှိတဲ့ နံပါတ်နိမ့်ကားဟောင်းလေးတွေ အရောင်းအဝယ်ဖြစ်တာ များပါတယ်။

ဝယ်ရောင်းတွေအနေနဲ့ အသစ်တင်သွင်းဖို့ ခက်ခဲလာတဲ့အတွက် လက်ထဲကျန်နေတဲ့ ကားတွေကို ထိန်းရောင်းတဲ့ အနေအထားဖြစ်တယ်။ အခွန်ရာခိုင်နှုန်း မြင့်တက်နေတဲ့အတွက်လည်း လက်ထဲရှိတဲ့ ကားတွေ ဈေးချမရောင်းနိုင်ဘဲ ကားဈေးနှုန်းတွေက အမြင့်ဈေးမှာ ဈေးမာနေပါတယ်။

သည်ရက်ပိုင်းအတွင်း ၂၀၁၈ မှာ စလစ်ကပ်ကားတွေကို ဘယ်မောင်းသာ တင်သွင်းခွင့်ပြုမယ်ဆိုတဲ့ သတင်းလည်း ထွက်ရှိနေပါတယ်။  ၂၀၁၅ မော်တော် ယာဉ်ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ပြီး အသစ်ပြဋ္ဌာန်းနိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။ အဲသည်မော်တော်ယာဉ် ဥပဒေအသစ်ပြဋ္ဌာန်းပြီးရင်တော့ ဘယ်မောင်း ကားတွေသာ တင်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ နည်းဥပဒေတွေ ထွက်ရှိလာဖို့ အချိန်ဘယ်လောက်ယူရဦးမလဲဆိုတာကလည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ သက်ဆိုင်ရာက ပြဋ္ဌာန်းတဲ့ ကား မူဝါဒတွေက ဘရန်းနယူးကားသစ်တွေ တင်သွင်းတာကိုပဲ ဦးစားပေးနေတာဖြစ်ပါတယ်။ အဲဒါကြောင့် ကားဟောင်းတင် သွင်းတဲ့အနေအထားတွေ တဖြည်းဖြည်း ကျဉ်းမြောင်းသွားပြီး ဘရန်းနယူးကားသစ်တွေရဲ့ ဈေးကွက်ကသာ တွင်ကျယ်လာနိုင်ပါတယ်။

 အောင်ထွန်းဦး/Kumudra


No comments:

Post a Comment