Latest News

Tuesday, June 13, 2017

အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူများအား ငွေကျပ် သိန်းတစ်ထောင် အထိထုတ်ချေးမည်

အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူများအား ငွေကျပ် သိန်းတစ်ထောင် အထိထုတ်ချေးမည်

ရန်ကုန် ဇွန် ၁၂

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ငွေကြေးအခက်အခဲဖြစ်နေသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား ဂျာမနီနိုင်ငံ အခြေစိုက် KFW ဖွံ့ဖြိုး ရေးဘဏ်နှင့် ပြည်တွင်း တိုင်းရင်းသားပိုင် ဘဏ် တစ်ခုဖြစ်သည့်CBဘဏ်တို့ ပူးပေါင်း ကာ လာမည့်သြဂုတ်လမှစတင်၍ လုပ်ငန်းရှင် တစ်ဦးလျှင် အများဆုံးငွေကျပ်သိန်း တစ်ထောင်အထိ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ဒီချေးငွေ အမျိုးအစားသစ်ကတော့ CB-KFWချေးငွေဖြစ်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအတွက် လုပ်ငန်းများ ပိုမို တိုးတက် လာ ဖို့ ရည်ရွယ်ပါတယ်။ ချေးငွေသက်တမ်းကတော့ တစ်နှစ်မှ ငါးနှစ် အထိ ကာလလတ်နှင့် ကာလရှည်ချေးငွေဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါ တယ်။

 ငွေကြေးအခက်အခဲဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အများ ဆုံးငွေ ကျပ်သိန်း တစ်ထောင်အထိ ထုတ်ချေး နိုင်မှာဖြစ်ပါတယ်။

 လာမယ့်သြဂုတ် လမှစပြီး CBဘဏ်မှတစ်ဆင့် ထုတ်ချေးပေး သွားမှာ ဖြစ်ပါတယ်''ဟု CB ဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးစောဒီ နိုကူးက ယနေ့နံနက်ပိုင်းတွင် ဆူးလေရှန်ဂီလာဟိုတယ်၌ ပြုလုပ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ချေးငွေ အမျိုးအစားသစ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောသည်။

အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ထွန်း၊
ဂျာမနီ သံရုံး မှ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အတိုင်ပင်ခံအရာရှိ ဒေါက်တာKatharina Spiessျ နှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံမKFWဖွံ့ဖြိုးရေးဘဏ် အရှေ့အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Christine Heimburger တို့လည်း တက်ရောက်ကြသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ချေး ရန်အတွက် ဂျာမနီအစိုးရမှ ယူရိုငွေ ၄ ဒသမ ၄၅ သန်း ရရှိ ထားကြောင်း၊ ယင်းချေးငွေကို ဂျာမနီအခြေစိုက် KFW ဘဏ်နှင့် ပြည်တွင်း ဘဏ်CB ဘဏ်တို့ ပူးပေါင်းပြီး ချေးငွေ များထုတ်ပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ချေးငွေအတွက် အပေါင်ပစ္စည်းပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ ထုတ်ပေးမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး တွင် အသေးစားနှင့် အလတ်စားစီးပွားရေး စတင်လုပ်ကိုင်မည့် သူများလည်း လုပ်ငန်းခိုင်မာ မှုရှိပါက ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment