Latest News

Monday, June 12, 2017

ဒေါ်လာ ၈၀ လုယက်ခံရတဲ့ ငှက်ပျောသီးသည် အဘိုးအိုကို အွန်လိုင်းသုံးသူတွေက ဒေါ်လာ ၃,၀၀၀ ဝိုင်းဝန်းလှူဒါန်း

ဒေါ်လာ ၈၀ လုယက်ခံရတဲ့ ငှက်ပျောသီးသည် အဘိုးအိုကို အွန်လိုင်းသုံးသူတွေက ဒေါ်လာ ၃,၀၀၀ ဝိုင်းဝန်းလှူဒါန်း

အင်ဒိုနီးရှားနိုင်ငံမှာ စုဆောင်ထားတဲ့ငွေများ လုယက်ခံရတဲ့ ငှက်ပျောသီးရောင်းသူ အဘိုးအိုတစ်ဦးအတွက် အင်တာနက်အသုံးပြုသူတွေက ဝိုင်းဝန်းကူညီလှူဒါန်းခဲ့ကြပါတယ်။ ငှက်ပျောသီးရောင်းတဲ့ အဘိုးအိုဟာ ၎င်းစုဆောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၈၀ ခန့် (အင်ဒိုနီးရှား ရူပီး ၁ သန်းကျော်) လုယက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆူရတ်မန်းအမည်ရှိ အသက် ၉၄ နှစ်အရွယ် အဘိုးအိုဟာ ငှက်ပျောသီးလှည့်လည်ရောင်းနေစဉ် ကားမောင်းလာသူတစ်ဦးက ငှက်ပျောသီးဝယ်ရန် အဘိုးအိုကို ကားအတွင်းသို့ ဝင်ရောက်ရန် ပြောခဲ့ပါတယ်။ အဘိုးအို ကားအတွင်းရောက်ချိန်မှာ လူနှစ်ဦးက ၎င်းထံမှ ပိုက်ဆံအိတ်ကို လုယူကာ ငွေအားလုံးကို ယူထားလိုက်ပြီး အဘိုးအိုကို ကားအတွင်းမှတွန်းထုတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပိုက်ဆံလုယက်ခံရပြီး ပူပင်သောကရောက်နေတဲ့ အဘိုးအို ဆူရတ်မန်းရဲ့အဖြစ်ကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းမှာလွှင့်တင်ခဲ့ရာ အင်တာနက်သုံးသူတွေက စာနာသနားပြီး ငွေများဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။ ငှက်ပျောသီးရောင်းတဲ့ အဘိုးအိုဟာ လုယက်ခံလိုက်ရတဲ့ငွေဖြင့် လာမယ့် ဇွန်လနှောင်းပိုင်းမှာ ကျရောက်မယ့် အီးဒ်နေ့အတွက် အိမ်ထောင်ပရိဘောဂ ဝယ်ယူရန် ရည်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

အဘိုးအိုဟာ စုဆောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၈၀ တန်ဖိုးရှိ အင်ဒိုနီးရှားငွေများ လုယက်ခံလိုက်ရပြီးနောက် ဝမ်းပန်းတနည်းဖြင့် လမ်းသွားလမ်းလာတွေကို အကူအညီတောင်းခံခဲ့ပါတယ်။ အဘိုးအိုရဲ့အဖြစ်ကို မြင်တွေ့ခဲ့တဲ့ တွမ်မီရီဇာက ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းမှာလွှင့်တင်ခဲ့ပါတယ်။
အဘိုးအိုရဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ရတဲ့ အင်ဒိုနီးရှား အွန်လိုင်းအသုံးပြုသူတွေက ဝိုင်းဝန်းကူညီလှူဒါန်းခဲ့ရာ အဘိုးအိုအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ နီးပါး (အင်ဒိုနီးရှား ရူပီး ၃၇ သန်းကျော်) ကောက်ခံရရှိခဲ့ပြီး တွမ်မီရီဇာက အဘိုးအိုမိသားစုထံ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ငှက်ပျောသီးရောင်းတဲ့ အဘိုးအိုဟာ သားသမီး ၁၀ ဦးနဲ့ မြေး ၅၂ ဦးရှိပြီး ဆူမတြားကျွန်းရှိ ဂျမ်ဘီမြို့မှာ နေ့စဉ် ငှက်ပျောသီး လှည့်လည်ရောင်းနေသူ ဖြစ်ပါတယ်။

Source  & Photo: CNA

Duwun

No comments:

Post a Comment