Latest News

Monday, June 12, 2017

အဝေးသင် စာစဉ်တွေကို လာမယ့်နှစ်ကစပြီး အွန်လိုင်းက တင်နိုင်မယ်

အဝေးသင် စာစဉ်တွေကို လာမယ့်နှစ်ကစပြီး အွန်လိုင်းက တင်နိုင်မယ်

လာမယ့် ပညာသင်နှစ်မှစတင်ပြီး အဝေးသင်စာစဉ်တွေကို အွန်လိုင်းမှဒေါင်းလုတ်ရယူပြီး အွန်လိုင်းမှတင်တဲ့စနစ်ကို စတင်ပြုလုပ်မယ်လို့ သိရပါတယ်။

အဝေးသင် ကျောင်းသားတွေဟာ ၂၀၁၈ ပညာသင်နှစ်မှ စတင်ကာ ပထမနှစ်ဝက်နဲ့ ဒုတိယနှစ်ဝက် စာစဉ်တွေကို ကျောင်းတွေမှာ သွားရောက်ထုတ်ယူစရာမလိုအပ်တော့ဘဲ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝက်ဘ်ဆိုက်ကတစ်ဆင့် ဒေါင်းလုတ်ရယူဖြေဆိုကာ အွန်လိုင်းမှ ပြန်တင်ရတဲ့စနစ်ကို ပြုလုပ်မှာ ဖြစ်ပါတယ်။


ရန်ကုန်အဝေးသင်တက္ကသိုလ်အနေနဲ့ လက်ရှိမှာ အွန်လိုင်းဒီပလိုမာ ဥပဒေသင်တန်းနဲ့ အွန်လိုင်းဥပဒေ ပညာဘွဲ့သင်တန်းနှစ်မျိုးကို ဖွင့်လှစ်ထားပြီး ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ စာစဉ်တင်ခြင်း၊ သင်ခန်းစာပို့ချခြင်းတွေကို အွန်လိုင်းမှ တိုက်ရိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့အတွက် ထိုကဲ့သို့ ပုံစံမျိုးကို အဝေးသင်ကျောင်းသားတွေအတွက် ပြုလုပ်ပေးနိုင်ဖို့  စီစဉ်လျက်ရှိကြောင်းလည်း သိရပါတယ်။

ရန်ကုန်အဝေးသင်တက္ကသိုလ်ရဲ့ လက်အောက်မှာ အဝေးသင်ဌာနခွဲပေါင်း ၂၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ တစ်သိန်းကျော် တက်ရောက်နေတာ ဖြစ်ပါတယ်။

Photos & Source: Democracy Today

Duwun

No comments:

Post a Comment