Latest News

Monday, June 12, 2017

ရန်ကုန်တိုင်းထဲမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ပညာပေးဖို့ ခက်ခဲနေတဲ့ နေရာတွေရှိနေ

ရန်ကုန်တိုင်းထဲမှာ သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ပြီး ပညာပေးဖို့ ခက်ခဲနေတဲ့ နေရာတွေရှိနေ

ရန်ကုန်တိုင်းဒေသကြီးထဲမှာ
သွေးလွန်တုပ်ကေွးနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ အခက်အခဲဖြစ်နေတဲ့ နေရာအများအပြားရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရန်ကုန်မြို့ထဲက ဆင်ခြေဖုံးနေရာတွေကို သွားလာဖို့ခက်သလို ကျူးကျော်နေထိုင်သူတွေလည်းရှိနေပြီး ကျန်းမာရေးဝန်ထမ်း နည်းပါးတာကြောင့် အသိပညာပေးမှုလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ဖို့ အားနည်းနေတာ ဖြစ်ပါတယ်။


ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတေါကိုလည်း ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပြီး ရုပ်မြင်သံကြားကတစ်ဆင့်ထုတ်လွှင့်တွေကိုလည်း ပြုလုပ်ဖို့လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဟာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားပြီး သေဆုံးမှုနှုန်းလည်း မြင့်မားနေကာ ဒီနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ သုံးရာကျော်ရှိပြီး သေဆုံးသူ ကိုးဦး အထိရှိတယ်လို့ သိရပါတယ်။

၂၀၁၆ ဇွန်လထိ တစ်နိုင်ငံလုံး သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေ ကိုးရာကျော်ရှိတာဖြစ်ပြီး ရန်ကုန်တိုင်းမှာ ၃၁၈ ဦး ဖြစ်ပွားခဲ့ပါတယ်။

Source : MMK

Duwun

No comments:

Post a Comment