Latest News

Monday, June 26, 2017

ခြောက် ရက် စစ်ပွဲ နှင့် အစ္စရေး၏ နှစ် ၅၀ ခရီး

ခြောက် ရက် စစ်ပွဲ နှင့် အစ္စရေး၏ နှစ် ၅၀ ခရီး


တိုင်ရမ် ရေလက်ကြား အား အစ္စရေး သင်္ဘောများ
ဖြတ်သန်းသွားလာခွင့်ကို အီဂျစ် သမ္မတ နာဆာ က
ပိတ်ဆို့ ခဲ့မှုမှ စတင်ပြီး ၁၉၆၇ ဂ္ဈန်လ ၅ ရက်မှ ၁၀ ရက် အထိ အာရပိ- အစ္စရေး တတိယအကြိမ် စစ်မက်
ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေး က စတင်ပြီး အီဂျစ်ကို ၀င်ရောက်တိုက်ခိုက်
ရာမှာ မြေပြင်တွင် ရပ်ထားသော အီဂျစ် စစ်လေယာဉ်
များ စိစိညက်ညက် ချေမှုန်းခံခဲ့ရပြီး တပြိုင်တည်းမှာ
ဂျော်ဒန်၊ အီရတ် နဲ့ ဆီရီးယား တိုက်လေယာဉ်တွေပါ
ဖျက်ဆီး နိုင်ခဲ့ပါတယ်။ ထိုနေ့ကတော့ တနင်္လာနေ
ဖြစ်ပါတယ်။

ဆိုင်းနိုင်းက္ဈန်းဆွယ် မှာ ရှိတဲ့ ကြီးမားလှတဲ့ အီဂျစ်
 ခံစစ်ကြောင်းကို ရိုက်ချိုး ပြစ်လိုက်ပြန်ပါတယ်။ ထိုနေ့ ကတော့ အင်္ဂါနေ့ ဖြစ်ပါတယ်။

ဂျေရုစလင် မြို့တော်ဟောင်းကို ၀င်ရောက် သိမ်းပိုက်
လိုက်နိုင်ပြီး ၀တ်ပြု ဆုတောင်းပွဲ ကျင်းပနိုင်ခဲ့ပါတယ်။
ထိုနေ့ ကတော့ ဗုဒ္ဓဟူး နေ့ ပဲ ဖြစ်ပါတယ်။

ဆူးအက်တူးမြောင်းအထိ အရောက်ချီတက်ခဲ့တဲ့နေ့က
တော့ ကြာသပတေးနေ့ ပဲ ဖြစ်ပါတယ်။

ဂိုလန် ကုန်းမြင့်ကို အရောက် သိမ်းပိုက်နိုင်ခဲ့တဲ့ နေ့
ကတော့ သောကြာနေ့ မှာ ဖြစ်ပါတယ်။

စနေနေ့ မှာ ဒမတ်စကပ် လွင်ပြင်ကို အပေါ်စီးကနေ
စီးပြီး ကြည့်လိုရတဲ့ တောင်ထိပ် အထိ ရောက်လာ
နိုင်ခဲ့တဲ့ အတွက် အဲ့ဒီ ညနေ မှာပဲ အာရပ်တွေ အပြစ်
အခတ်ရပ်စဲဖို့ တောင်းဆိုလာတာကြောင့် စစ်ပွဲကြီး အဆုံးသတ်ခဲ့ရကာ တနင်္ဂနွေနေ့ မှာ အစ္စရေး စစ်သား
တွေ စိတ်အေးချမ်းသာစွာ အနားယူ အိပ်စက်နိုင်ခဲ့ကြ
ပါတယ်။

ထို ခြောက်ရက်စစ်ပွဲ ကာလအတွင်း အစ္စရေး စစ်
သည် ၉၈၃ ဦး ကျဆုံးကာ အာရပ်နိုင်ငံများဖက်မှ
စုစုပေါင်း နှစ်သောင်းနီးပါး သေဆုံးခဲ့ရပါတယ်။

အဆိုပါ စစ်ပွဲကြီး အလျင်အမြန်နဲ့ အခုလို အောင်ပွဲ
တွေရကာ နယ်မြေ အမြောက်အမြား သိမ်းပိုက်နိုင်ခဲ့
တာကို အစ္စရေး နိုင်ငံသားများပင် တအံ့တသြ ဖြစ်ခဲ့
ကြရပြီး ဘုရားသခင်ရဲ့ ခြေရာလက်ရာတွေ ပါနိုင်
တယ်လို့ ယုံကြည်လာကြတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

ထိုစစ်ပွဲကြီး နဲ့ အတူ အစ္စရေး က ဒေသ အတွင်း.အင်
အားကြီး နိုင်ငံ အဆင့်ကို တမဟုတ်ချင်း ရောက်ရှိ သွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကား ဆွစ်ဇာလန် နိုင်ငံ Basel မှာ ပထမ
ဆုံးအကြိမ် ဇီယွန် ကွန်ဂရက်ကြီး ကျင်းပခဲ့တဲ့ နှစ် ၁၂၀ ပြည့် ခဲ့ပြီ ဖြစ်သလို ဘဲလ်ဖိုးကြေညာစာတမ်း နဲ့ ဂျုး တွေ အတွက် နိုင်ငံထူထောင်ခွင့်ပြုမယ်လို့ ကတိ
ပေးခဲ့တာ နှစ် ၁၀၀ ပြည့်သွားခဲ့ပြီ လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ က ပါလက်စတိုင်း နယ်မြေကို
ပိုင်းခြားပြီး ဂျုး နိုင်ငံ နဲ့ အာရပ်နိုင်ငံ ထူထောင်ဖို့ အဆို
ပြုခဲ့တာ နှစ် ၇၀ ရှိလာခဲ့ပြီ ဖြစ်ပါတော့တယ်။ ဒီလို နှစ်
ပါတ်လည်တွေ့ ပြည့်လာနေတဲ့ ကြားထဲက ခြောက်
ရက်စစ်ပွဲ နှစ် ၅၀ ပြည့်ကတော့ အဓိပ္ပါယ်အများကြီး
ဖေါ်ဆောင်လာခဲ့ရပါတယ်။

ယခု တင်ပြမည့် အကြောင်းသည် မေလ ၂၀ ရက်နေ့ ထုတ် The Economist မဂ္ဂဇင်းကြီးတွင် ပါရှိသော
"six days of war, 50 years of occupation"
ဆောင်းပါးကြီးတွင် ဖေါ်ပြထားသည့် အဆိုပါ ပဋိပက္ခ
ကြီးရဲ့ အမွေ အဖြစ် ဆက်ခံလာရမှုများကို အသေး
စိတ် သုံးသပ်တင်ပြပေးသွား မှာ ဖြစ်ပါတယ်။

ခြောက်ရက် စစ်ပွဲ အတွင်း အစ္စရေး သိမ်းပိုက်ရရှိခဲ့တဲ့
နယ်မြေများသည် နောက်ပိုင်းတွင် အစ္စရေးတို့၏ နိုင်
ငံရေး နှင့် ကမ္ဘာတ၀ှမ်းလုံးနဲ့ ဆက်ဆံရေး ကို ပြဌာန်း
သတ်မှတ်ပေးလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဆိုပါ
နယ်မြေများက တကယ်တော့ ပါလက်စတိုင်းတို့ လွတ်
လပ်သော နိုင်ငံ ထူထောင်နိုင်ရေး အိမ်မက် မက်ခဲ့ကြ
တဲ့ ဗဟိုချက်မ နေရာများလည်း ဖြစ်နေပြန်ပါတယ်။

ခြောက်ရက် စစ်ပွဲသည် အစ္စရေးတို့ အတွက် ပြတ်
ပြတ်သားသား အောင်ပွဲ ခံနိုင်ခဲ့တဲ့ တခုတည်းသော
စစ်ပွဲကြီးလည်း ဖြစ်ခဲ့ပါတယ်။ ထိုစစ်ပွဲ.နောက်ပိုင်းမှာ အမြဲလို အနိုင်ရရှိခဲ့တဲ့ အာရပ်နိုင်ငံ များ နဲ့ စစ်ပွဲများ
မှနေ ၎င်းတို့ ဘယ်လိုမှ ပပျောက်သွားအောင် ချေမှုန်း
နိုင်ခြင်း မရှိရှာတော့တဲ့ non-state actor လို့ ခေါ်တဲ့
ဒေသတွင်း လက်နက်ကိုင် အဖွဲ့ များနဲ့ ရင်ဆိုင်လာ
ရ ပါတော့တယ်။ ၎င်းတို့ နိုင်ငံအား ပြင်ပ မှ ကျုးကျော်
ခံရမယ့် ခြိမ်းခြောက်မှု များ ချု ပ်ငြိမ်းသွားခဲ့ရပေမယ့်
နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကတော့ မပြီးနိုင် မစီး
နိုင် ဖြစ်လာနေပါတယ်။

၁၉၆၇ မှာ အနောက်နိုင်ငံထုတ် လက်နက်များနဲ့ ဆိုဗီ
ယက် လက်နက်များအပေါ် ပြတ်ပြတ်သားသား       အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ အမေရိကန်ကလည်း
အစ္စရေး နဲ့ အခိုင်အမာ မဟာမိတ်.ထူထောင်လာခဲ့
တာနဲ့ အမျ စစ်အေး တိုက်ပွဲ အရိပ်အငွေ့များက
အာရပ်-အစ္စရေး ပဋိပက္ခ အပေါ် အရိပ်မိုးလာခဲ့ရ
ပါတယ်။

ပြင်သစ် သမ္မတ ချားလ် ဒီဂေါက ဘက်ပြောင်းကာ ၁၉၆၈ မှာ အာရပ်နိုင်ငံများကို ထောက်ခံလာခဲ့ပြီး
မီးရပ်ခ်ျ တိုက်လေယာဉ်များ အပါအ၀င် လက်နက်
ရောင်းချမှု အားလုံးကို အစ္စရေး အား ပိတ်ပင်လိုက်
တာကြောင့် အစ္စရေး မှာ အဆင့်မြင့် နည်းပညာ       စက်မှု လုပ်ငန်းတွေ ထွန်းကားလာဖို့ မြေတောင်
မြှောက်ပေးလိုက်သလို ဖြစ်သွားခဲ့ရပါတော့တယ်။ ယခုအခါ မှာတော့ ပြင်သစ်က အစ္စရေးတွေဆီမှ
ဒရုန်းတွေ ပြန်လည် မှာယူ တင်သွင်းနေရပြီုဖြစ်
ပါတယ်။

ဂျုး များ အဖို့ ကမ္ဘာတ၀ှမ်း ခိုလှုံစရာ မရှိ ဖြစ်နေတဲ့ ဘ၀ကနေ ပါလက်စတိုင်း သန်းပေါင်းများစွာကို အုပ်
ချုပ်လာနေရတဲ့ အင်ပိုင်ယာ အသေးစားလေး ပိုင်ဆိုင်
သွားရတဲ့ ဘ၀ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ကြို တင်ကြံစည် ပြီး အနိုင်ယူ သိမ်းပိုက်ခဲ့တာ မဟုတ်တဲ့
အတွက် "မတော်တဆ အင်ပိုင်ယာ" ဆိုတဲ့ အမည်နဲ့ Gershorn Gorenberg  က စာအုပ် ရေးသား ထုတ်
ဝေခဲ့ဖူးပါတယ်။

ခြောက်ရက်စစ်ပွဲက ပါလက်စတိုင်းတို့ရဲ့  ဆုံးရှုံးသွားတဲ့ ၎င်းတို့ နယ်မြေများ ပြန်လည်ရရှိရေး လှုပ်ရှားမှုကြီး
ကို မွေးဖွားပေးခဲ့သလို အစ္စရေး တို့ အဖို့လည်း နိုင်ငံ
ရေး မှာ တယူသန် ၀ါဒ တွေ ပေါ်ထွန်းလာစေခဲ့ပြီး ဘာသာရေး နဲ့ အမျိုးသားရေးတွေ ရောပြွမ်းလာခဲ့ပြန်
ပါတယ်။

ဂျေရုစလင်ကို အရှေ့ နဲ့ အနောက်ပိုင်းခြားထားတဲ့
တံတိုင်းကြီးလည်း မရှိတော့ပဲ အဲ့ဒီနေရာမှာ ပါလက်
စတိုင်း လူ့ ဘောင် အဖွဲ့ အစည်းတွေကို အစိတ်စတ်အမွှာမွှာ  ဖြစ်သွားအောင် ခွဲခြမ်း ပြစ်ဖို့ အရံအတားတွေ
ဖန်တီးလာခဲ့ပါတယ်။

အစ္စရေး လူမျိုးတွေ ပိုပြီး ချမ်းသာကြွယ်ဝ လာနေ
သော်လည်း ၎င်းတို့ရဲ့ အုပ်ချူပ်ခံ ဖြစ်နေကြဆဲ ဖြစ်
သော ပါလက်စတိုင်းတို့ က တနေ့တခြား မွဲတေ
လိုက်လာနေမှုများကြောင့် အစ္စရေးတို့ အဖို့ စိတ်
အနှောက်အယှက် ဖြစ်စရာ ကြုံလာခဲ့ရပါတယ်။

ထို့ အတွက် ခြောက်ရက်စစ်ပွဲရဲ့ အောင်ပွဲကတော့
အစ္စရေး လူမျိုး တို့ ကို ကွဲပြားခြားနားစေယုံမျ မက ၎င်းတို့ ရဲ့ဒီမိုကရေစီ စနစ်ကိုပါ အရုပ်ဆိုး အကျည်းတန်သွား
စေခဲ့ပါတော့တယ်။

HSW
ဆက်လက် တင်ပြပါမယ်။

No comments:

Post a Comment