Latest News

Monday, June 26, 2017

ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

ပညာရေးဝန်ထမ်းအဖြစ် အမှန်တကယ် ရပ်တည်သွားမယ့်သူမျိုး ဖြစ်ဖို့လိုပါတယ်။

ရန်ကုန်၊ ဇွန် ၂၄- အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပညာရေးတက္ကသိုလ် ဆက်လက်တက်ရောက်ဖို့ငွေကြေး မတတ်နိုင်သူတွေအနေနဲ့ ပညာသင်ထောက်ပံ့ကြေးလျှောက် ထားနိုင်တယ်လို့ သိရပါတယ်။
‘ပညာရေးတက္ကသိုလ်တက်ချင်တဲ့ အမှန်တကယ်နွမ်းပါးပြီး ပညာသင် ဖို့ ခက်ခဲသူတွေအတွက်ပေးမှာပါ၊ ပညာရေးဝန်ထမ်းအဖြစ် အမှန် တကယ်ရပ်တည်သွားမယ့်သူမျိုး ဖြစ်ဖို့လိုပါတယ်လို့ Unique Quality ပညာရေးဖောင်ဒေးရှင်းက တာဝန်ခံ မမေသူနိုင်က ပြောပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အခြေခံပညာအထက်တန်း စာမေးပွဲအောင်မြင်ခဲ့တဲ့ အမှတ်စာရင်း မိတ္တူ၊ တက္ကသိုလ်တက်ဖို့ အတွက်ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ အပါအဝင် တစ်နှစ်တစ်တန်းအောင်မြင်ဖို့နဲ့ စာမေးပွဲကျပါက သို့မဟုတ် ကျောင်းခေါ်ချိန်မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့်မရပါကနောက်နှစ်မှာ ထောက်ပံ့ကြေးရပ်ဆိုင်း မှာဖြစ်တာကိုသိရှိပါကြောင်း ကျောင်းသူကျောင်းသား ကိုယ်တိုင် ကတိပြုရေးသားတင်ပြချက်စတဲ့ အချက်အလက်တွေကို ပူးတွဲ တင်ပြလျှောက်ထားရမယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့စရိတ်အဖြစတစ်ဦးကို တက်ရောက်တဲ့ပညာ သင်နှစ်အလိုက် လစဉ်အနည်းဆုံး ကျပ် ၆၀,ဝ၀ဝ ကစပြီးဘွဲ့ရရှိ တဲ့အထိထောက်ပံ့ဖို့စီစဉ်ထားပါတယ်။ အခုနှစ်ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ် ဘီအီးဒီတက်ရောက်မယ့်သူ ခြောက်ဦးခန့် ရွေးချယ်ပြီး ပညာသင်စရိတ်ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မည်သည့်ဒေသကမဆိုလျှောက်ထားခွင့်ရှိပြီးလျှောက်ထားသူရဲ့ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်ပေါ်မူတည်ကာ အခြားပညာရေး အဖွဲ့အစည်းတစ်ခုရဲ့ထောက်ပံ့ကြေးကိုလည်း လျှောက်ထားခွင့်ပြု မယ်လို့ သိရပါတယ်။
‘ကျွန်မတို့ဆီက ပညာသင်ထောက်ပံ့ကြေးအပါအဝင်ကျန်တဲ့အဖွဲ့ အစည်းရဲ့ပညာသင်ထောက်ပံ့ကြေး တစ်ခုကိုလျှောက်ထားခွင့်ပြု တယ်၊ နှစ်ခုဆိုရင ကျောင်းသားအတွက် ကောင်းကောင်းလုံလောက် တယ်လို့ယူဆပါတယ်လို့ မမေသူနိုင်က ပြောပါတယ်။

လျှောက်ထားလိုသူ ကျောင်းသူ ကျောင်းသားတွေရဲ့ပတ်စ်ပို့ဓာတ်ပုံ သုံးပုံနဲ့ပူးတွဲပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနဲ့ လှည်းတန်းလမ်းထောင့် အမှတ်(၁၇/၁၉)သို့ ပေးပို့လျှောက်ထား ရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ဝ၉၅၁၅၄၉၅၀၊ ဝ၉ ၂၅၀ ၉၄၆၄၈၄ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့သိရပါတယ်။Unique Quality ဖောင်ဒေးရှင်းအနေနဲ့ အနာဂတ်မှာတိုင်းပြည်ရဲ့ ဆရာ ဆရာမတွေဖြစ်လာမယ့် အထူးသဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်ဖို့အခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ဘွဲ့ရတဲ့အထိပညာသင်စရိတ်ထောက်ပံ့ပေး နေတဲ့ ဖောင်ဒေးရှင်းဖြစ်ပါတယ်။ အဲသည်ဖောင်ဒေးရှင်းကို ၂၀၁၄ခုနှစ် မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုအထိထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုရကျောင်းသူ ကျောင်းသားပေါင်း ၁၁ ဦးထောက်ပံ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
မေသော်တာမောင်/Kumudra

No comments:

Post a Comment