Latest News

Thursday, June 29, 2017

YBS 38 မီးလောင်မှု အတွက် စုံစမ်းမှုတွေ လုပ်နေတယ်လို့ YRTA ဆို



ဒီနေ့ မနက်ပိုင်းက ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီက YBS 38 ယာဉ် မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
စုံစမ်းရတဲ့ ရလာဒ်ပေါ်မှာ မူတည်ပြီးမှသာ လိုအပ်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

YBS 38 ယာဉ်လိုင်းကို တာဝန်ယူပြေးဆွဲနေတဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဇေယျာလွင်ကတော့ ဒီကားဟာ အရည်ကြိုကို ပို့မယ့်ကားဖြစ်ပြီး အင်ဂျင်အပူလွန်ကဲရာကနေ မီးလောင်တယ်လို့ ယူဆကြောင်း ပြောကြားထားပါတယ်။

 တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းပေါ်က စာတိုက်မှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ YBS 38 မီးလောင်မှုမှာ ခရီးသည် (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း YBS 12 ယာဉ် (၂) စီး မီးလောင်မှုဖြစ်ပွားခဲ့ ဖူးပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews

No comments:

Post a Comment