Latest News

Friday, June 2, 2017

မန္တလေးဆိပ်ကမ်းကို ကန်ဒေါ်လာ ၃၈ သန်း အသုံးပြု၍ အဆင့်မြှင့်တင်မည်

မန္တလေးဆိပ်ကမ်းကို ကန်ဒေါ်လာ ၃၈ သန်း အသုံးပြု၍ အဆင့်မြှင့်တင်မည်

ဧရာဝတီမြစ်ကြောင်း ရေလမ်းကုန်သွယ်မှုမြင့်မားစေ ရန် မန္တလေးဆိပ်ကမ်းကို ကန်ဒေါ် လာ ၃၈ သန်း အကုန်အကျခံ၍အ ဆင့်မြှင့်တင်မည်ဟု မန္တလေးတိုင်း ဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဇာ နည်အောင်ကပြောသည်။

မန္တလေးဆိပ်ကမ်းအဆင့် မြှင့်တင်ရန် ဖြစ်နိုင်ခြေရှိသည့် နေ ရာငါးနေရာကို မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့က အဆိုပြု ထားပြီး ရွှေကြက်ယက်ကျေးရွာ၊ ရွှေလံဗိုလ်ဘုရားအနီးတွင် အဆင့်မြှင့်တင်ရန်လေ့လာနေကြောင်း ဦးဇာနည်အောင်ကပြောသည်။

ဆိပ်ကမ်းအဆင့်မြှင့်တင် နိုင်ရေးလုပ်ငန်းများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ဖြင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ် သည်။

‘‘မြစ်ကြောင်းတစ်လျှောက် မှာ ဆိပ်ကမ်းတွေ စနစ်တကျဖြစ် ဖို့ ဆိပ်ကမ်းကြီးကြပ်ရေးကော်မ တီ ဖွဲ့စည်းထားတယ်။ ကျွန်တော် ကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါ မယ်။ ကော်မတီရဲ့ လုပ်ငန်းတာ ဝန်ကတော့ လက်ရှိအသုံးပြုနေ တဲ့ ဆိပ်ကမ်းသာယာလှပရေးနဲ့ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ကို ဆောင်ရွက်မှာဖြစ်တယ်’’ ဟု ဦးဇာနည်အောင်ကပြောသည်။

ဆိပ်ကမ်းအဆင့်မြှင့်တင် ခြင်းအတွက် ရွှေလံဗိုလ်ဘုရားအ နီးရှိ နေရာများကို သတ်မှတ်ထား ပြီး ဆိပ်ကမ်းတစ်လျှောက်တွင် မြေယာပြဿနာများရှိနေ၍ ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားနေ ကြောင်းမေလ ၃၀ ရက်က အစိုးရ အဖွဲ့ရုံးသတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည့် မန္တလေးဆိပ် ကမ်းသည်    ၃၂ ဧကခန့်ရှိပြီး တစ်နှစ်လျှင် ကုန်တန်ချိန်နှစ်သိန်း လေးသောင်းကျော်ကိုင်တွယ် လုပ်ကိုင်နိုင်သည့် ဆိပ်ကမ်းအ ဖြစ် တည်ဆောက်မည်ဖြစ်ကာ မီတာနှစ်ရာရှည်သော ဆိပ်ခံတံ တားနှင့် ဆက်စပ်တံတားများအ ဖြစ် ရာသီမရွေးအသုံးပြုနိုင်ရန် တည်ဆောက်မည်ဖြစ်သည်။

အဆိုပါဆိပ်ကမ်းတည် ဆောက်ရန် အကြိုဖြစ်နိုင်ခြေ လေ့ လာမှုကို ၂၀၁၄ ကပြီးစီးခဲ့၍ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ကဆိပ်ကမ်း ဒီဇိုင်းရေးဆွဲကာ တစ်နှစ်ခွဲကျော်ကြာ ရပ်တန့်ထား ရာမှ ပြန်လည်စတင်ခြင်းဖြစ် သည်။

7Day News

No comments:

Post a Comment