Latest News

Friday, June 2, 2017

မြေဂရန်အမြန်ရလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိကို ကျပ် ၁၂ သိန်း လာဘ်ငွေပေးခဲ့ရဟုဆို

မြေဂရန်အမြန်ရလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိကို ကျပ် ၁၂ သိန်း လာဘ်ငွေပေးခဲ့ရဟုဆို

လာဘ်ယူကြောင်း စွပ်စွဲခံရသူက မဟုတ်မှန်ကြောင်း တုံ့ပြန်

မြောက်ဒဂုံမြို့နယ်ရှိ မြေကိုးဧက  ဂရန်အမြန်ပြန်ရလို သဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာ ရှိ ဦးတင်ထွန်းကို ငွေကျပ် ၁၂ သိန်းလာဘ်ငွေပေးအပ်ခဲ့ရကြောင်း လာဘ်ထိုးခဲ့ရသူဟုဆိုသူများက ဇွန်လ ၂ ရက်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ် ပြောကြားသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြေဧက ၃၀ ကျော်ကို မြို့ပြနှင့် အိုးအိမ်စီမံကိန်းအဖြစ် ၁၉၉၀- ၉၁ ခန့်တွင် နိုင်ငံတော်က သိမ်း ယူခဲ့သည်။ စီမံကိန်းအကောင်အ ထည်ဖော်ကာ လွတ်လပ်မြေအ ဖြစ် ကျန်ရှိနေသော မြေကိုးဧက ကို မူဝါဒများ၊ ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြန်လည်ပိုင် ဆိုင်ခံစားခွင့်ပြုပေးရန်၊ မူလပိုင် ရှင်ဟုဆိုသူ ဦးအုန်းဟံအမည်ဖြင့် လျှောက်ထားခဲ့ကြောင်း ဦးအုန်း ဟံ၏ ကိုယ်စားလှယ်ဆိုသူ ဒေါ်ချောကေခိုင်နှင့် လုပ်ငန်းတူ ဆောင်ရွက်သူ မိုက်ကယ်ကျော် မြင့်တို့က မီဒီယာများအား ပြော ကြားခဲ့သည်။

မြေဂရန်အမြန်ရရန် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင် ထွန်းကို လာဘ်ငွေ ၁၂ သိန်းပေးခဲ့ရကြောင်း ၎င်းတို့က သတင်း ထောက်များကို ပြောသည်။ ‘‘သူ(မိုက်ကယ်ကျော်မြင့်) ကိုယ်တိုင် ပေးတာ။ အဲဒီနေ့က ကျွန်မ မကွေးမှာ ရောက်နေလို့ ပိုက်ဆံပေးတဲ့ အချိန်မှာ မရှိဘူး။ ဒါပေမဲ့လို့ ပိုက်ဆံရတယ်၊ ပေးတယ်ဆိုတာက အဲဒီရုံးက ရုံးဝန်ထမ်းကောင်လေး သက်သေရှိပါတယ်။ ဘယ်လိုအ ခြေအနေမျိုးမှာ ပေးရလဲဆိုတော့ တန်ဖိုးသင့်သွင်းဖို့အတွက်ကို လို အပ်တဲ့ ပေးရတာပေါ့။ ဒါ အမြန်ကျဖို့အတွက်ပေါ့။ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို ပေးရတာ။ဒါနဲ့ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကိုဝန်ကြီးချုပ်အပါအဝင် အစိုးရတစ်ဖွဲ့လုံး သိစေချင်တာပေါ့။ သိစေချင်ပြီး မျှမျှတတဖြစ်စေချင်တာ ပေါ့’’ဟု ဒေါ်ချောကေခိုင်က ပြော ကြားသည်။

မိုက်ကယ်ကျော်မြင့်က ‘‘PSO က တောင်းတာပါ။ ဝန်ကြီး ချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို မြန်မြန်ဆန် ဆန်ရအောင် လုပ်ပေးမယ်၊ ဂရန် ထုတ်ပေးမယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ တောင်းတာပါ’’ဟု ဆို သည်။

မြေဂရန်ရရှိအောင် ဆောင်ရွက်မှုအဆင်မပြေဖြစ်ရခြင်းနှင့် ပတ်သက်၍ မိုက်ကယ်ကျော်မြင့် က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လက်သင့်ရာ စားတော်ခေါ်သည့် အကျင့်ပျက်လုပ် ကိုင်ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ထိခိုက်မှေးမှိန်အောင် လုပ်ဆောင်နေမှု များနှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်ရေးအရာရှိဖြစ်သူ၏ အဂတိလိုက်စားမှုများကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး သိရှိစေရန်ဆိုကာ ဇွန်လ ၂ ရက်က သတင်းစာရှင်းလင်းပွဲကို မူလက ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီတွင် ကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော် လက်မခံ၍ ယုဇနဟိုတယ်၌ ကျင်းပရန် ကြိုးစားရာ ဟိုတယ်ကသက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုမှု လိုအပ် ကြောင်း တုံ့ပြန်ခဲ့သည်။ ထို့ ကြောင့် သတင်းစာရှင်းလင်းမှုကို တာမွေမြို့နယ် ဟစ်တိုင်ကွင်းအ နီး လမ်းဘေးတွင် ပြုလုပ်ခဲ့သည်။

မိုက်ကယ်ကျော်မြင့်က သတင်းထောက်များကို ရှင်းလင်း နေစဉ် သက်ဆိုင်ရာနယ်မြေရဲ တပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန တာဝန်ရှိသူအချို့ လာရောက်ကာ ရဲအရာရှိတစ်ဦး က တားဆီးခြင်းများ ပြုလုပ်ခဲ့သည်။

‘‘စုရုံးစုရုံးဆိုလို့ တို့လည်း ပြေးလာတာ’’ဟု ထွေအုပ်တာဝန် ရှိသူတစ်ဦးက ပြောသည်။

မိုက်ကယ်ကျော်မြင့်၏ ပြော ဆိုမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသူ ဦးတင်ထွန်းက ‘‘ဝန်ကြီးချုပ် တရားဝင်ခန့်ထားတဲ့ PSO လည်း မဟုတ်ပါဘူး။ အလုပ်ကူလုပ်ပေး တာပဲရှိတယ်။ ကျွန်တော်ကတော့ ဘယ်သူ့ဆီကနေမှ မြေကိစ္စနဲ့ပတ် သက်ပြီး ငွေပေးငွေယူလုပ်ထား တာမရှိပါဘူး။ မြေကိစ္စက ကျွန် တော်နဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်နဲ့ဆိုင်တဲ့ ကိစ္စက ရုံး ကိစ္စလည်းပဲ ရှိပါတယ်’’ဟု တုံ့ ပြန်ပြောသည်။

ဆက်လက်၍ ဦးတင်ထွန်း က ‘‘ရန်ကုန်တိုင်းမှာ လာပြီးပတ် သက်နေတဲ့လူတွေ အများကြီးပါ။ ပေးတဲ့လူတွေရှိပါတယ်။ ၁၂ သိန်းမပြောနဲ့၊ သိန်းလေးငါးဆယ် ပေးတဲ့လူတောင် ခင်ဗျားအထုပ် ပြန်ယူသွားမလား၊ ကျွန်တော်ဝန် ကြီးချုပ်ကို တင်ပြလိုက်ရမလား ဒါပဲ ပြောတာပါ။ ၁၂ သိန်းနဲ့က တော့ နည်းတယ်ပေါ့ဗျာ။ အမှန် သူပြောရမှာ ကျွန်တော့်ကို သိန်း ငါးရာလောက်တောင်းတယ်လို့ ပြောရမှာ။ မြေအမှုတစ်မှုဗျာ။ သူ တို့ မြေကိုလိုချင်လို့ တအားလိုက် နေကြတဲ့ လူတွေပဲ။ မြေအမှုတစ် မှုဟာ အရင်အစိုးရလက်ထက်မှာ ဘယ်လောက်တန်တယ်ဆိုတာ အစ်ကိုတို့ သတင်းသမားတွေ လည်း သိတာပဲ။ အနိမ့်ဆုံး သိန်း လေးငါးရာ၊ တစ်ထောင်မှ မမြတ် ရင် မလုပ်ဘူး။ နောက်ပြီး ဒီလူ တွေက ပွဲစားတွေမို့လို့ ဝန်ကြီးချုပ် နဲ့ ပေးမတွေ့တာပါ။ ကျွန်တော်ပိုက်ဆံယူထားရင် ဝန်ကြီးချုပ်နဲ့ ပေးတွေ့မှာပေါ့’’ဟု ပြောသည်။

မိုက်ကယ်ကျော်မြင့်က သတင်းစာရှင်းလင်းပွဲတွင် ဦးတင်ထွန်းနှင့် ၎င်းတို့အကြား ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်က ဆက်သွယ်ထားသည့် တယ်လီ ဖုန်းမက်ဆေ့ခ်ျဟုဆိုကာ မိတ္တူ ကူး၍ ဖြန့်ဝေခဲ့သည်။ ယင်းစာ ရွက်တွင် ‘‘အစ်ကိုရေ ကျွန်တော် မိုက်ကယ်ပါ။ ညနေကျရင် နိုင် ဝင်းထွန်းကိုတွေ့ပြီး ဖုန်းဖိုးပြန် ပေးလိုက်ပါ့မယ်။ အစ်ကိုသိ အောင် လှမ်းပြောပေးထားတာ ပါ။ ကျေးဇူးပါခင်ဗျာ။ (ရပါတယ် ဗျာ) အစ်ကိုရေ နိုင်ဝင်းထွန်းကို အခုပဲ ကျွန်တော် ၁၂ သိန်းပေး လိုက်ပါပြီ။ အစ်ကိုသိအောင် လှမ်းပြောပေးတာပါ (ကျေးဇူးပါ ဗျ)’’ဟူသည့် စာသားများ ပါဝင် သည်။

ယင်းနှင့်ပတ်သက်၍ ဦးတင် ထွန်းက ‘‘သူ့စာပါအကြောင်းအ ရာကို အခုရုံးမှာ မေးပါတယ်။ မေးတဲ့အခါ သူကနေ ဒီပိုက်ဆံ ၁၂ သိန်းကို ရုံးက တစ်ယောက် ရှိတယ်။ နိုင်ဝင်းထွန်းဆိုတာ အ ငယ်တန်းစာရေးတစ်ယောက် ပေါ့။ အငယ်တန်းစာရေးတစ် ယောက်နဲ့ အောက်မှာတွေ့တဲ့အ ချိန်မှာ သူက အမှုတွဲပေးတယ်လို့ ပြောပါတယ်။ အမှုတွဲကတော့ ကျွန်တော့်ဆီ ရောက်ပါတယ်။ ကြာပါပြီ။ ကျွန်တော်လည်း အခု မှ ပြန်မေးရတာ မမှတ်မိလို့။ ပြန် မေးတော့ ပိုက်ဆံ ၁၂ သိန်းက သူ (မိုက်ကယ်ကျော်မြင့်)ပေးတယ် တဲ့။ အစ်ကို့ (ဦးတင်ထွန်း)တောင် ကျွန်တော် (နိုင်ဝင်းထွန်း) ပြော သေးတယ်တဲ့။ သူပိုက်ဆံ ၁၂ သိန်းပေးတယ်တဲ့၊  ကိုတင်ထွန်းကို မက်ဆေ့ခ်ျ ပို့ပြီးပြီ။ ထည့်သွင်း လိုက်မယ်ဆိုပြီး မက်ဆေ့ခ်ျပို့ပြီး ပြီ။ ကိုတင်ထွန်းက ဟုတ်ကဲ့ဗျလို့ ပြောတယ်တဲ့။ ကျွန်တော်က အ စည်းအဝေးခန်းထဲမှာဆိုရင် ကျွန် တော်က စာအရှည်ပို့လေ့မရှိဘူး။ ဘာမှ ပြန်ဖြေရှင်းလေ့မရှိပါဘူး။ တစ်ခုခုပြောလို့ရှိရင် တစ်ဖက်လူ ကို လေးစားတဲ့အနေနဲ့ ဟုတ်ကဲ့ ဗျ။ ကျွန်တော်  ဒါပဲ ပြောလိုက် တာ။ ကျွန်တော် ယူတယ်ဆိုရင် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အခုလို ၁၂ သိန်းပေးတာ ကျွန် တော်လက်ခံရရှိပါပြီ ဘာညာ ကျွန်တော် Confirm ပြန်ပို့မှာပေါ့ ဗျ’’ဟု ဆိုသည်။

ဦးတင်ထွန်းသည် ဦးဖြိုးမင်း သိန်း ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ ဝင်ပြိုင်စဉ်ကပင် အနီးကပ်ရှိနေသူတစ်ဦးဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးဖြစ်သည်ဟု ၎င်း က ဆက်လက်ပြောသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခွင့်ရရေး ပုဂ္ဂိုလ်ရေးအရလည်း ကောင်း၊ စာအရလည်းကောင်း မြောက်ဒဂုံမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးနိုင်ဇော်လင်းကိုယ်တိုင် တောင်းဆိုပေးခဲ့သော်လည်း တွေ့ခွင့်မရခဲ့ဟု မိုက်ကယ်ကျော်မြင့် က ဆိုသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးနိုင်ဇော်လင်းထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။ ဦးနိုင်ဇော်လင်းအနေဖြင့် ယခုဖြစ်စဉ်ပါ မြေကိစ္စနှင့်ပတ် သက်၍ မူလပိုင်ရှင်ထံသို့ ပြန် လည်ခံစားခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပေးထား သည်ဟု မိုက်ကယ်ကျော်မြင့်က ဆိုသည်။

မိုက်ကယ်ကျော်မြင့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့်ပတ်သက် ခြင်း ရှိ၊ မရှိ သတင်းထောက်များ မေးမြန်းမှုကို ‘‘KNU/KNLA-PCနဲ့ အတိတ်မှာ လုပ်ခဲ့တဲ့အလုပ် ဘာမှမရှိပါဘူး။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ တစ် ချိန်တုန်းက ဒုက္ခရောက်တဲ့အချိန် မှာ အားကိုးစရာမရှိတဲ့ အခြေအ နေမှာ အကူအညီတောင်းခဲ့ဖူးတာ တွေရှိတယ်။ ဒါပေမဲ့ တပ်မတော် ဟာ PC နဲ့ လုံးဝပတ်သက်ခြင်းမရှိ ဘူး။ PC ရဲ့ တပ်ဖွဲ့ဝင်လည်း မဟုတ်ဘူး’’ဟု ၎င်းက ဆိုသည်။

KNU/KNLA-PC အမည် အသုံးပြု၍ စီးပွားရေးတာဝန်ခံအ ဖြစ် တာဝန်ယူဆောင်ရွက်နေသူ များနှင့်ပတ်သက်ပြီး မြေယာကိစ္စ အပါအဝင် အငြင်းပွားမှုများရှိနေ၍ စိစစ်ရန် ဆောင်ရွက်နေ ကြောင်း အဖွဲ့တာဝန်ရှိသူတစ် ဦးက မိုက်ကယ်ကျော်မြင့်သည် PC နှင့်ပတ်သက်မှု ရှိ၊ မရှိ 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားသည်။

KNU/KNLA-PC သည် ၂၀၀၇ တွင် KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ သည်။ ၂၀၁၀ အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဆောင် ရွက်မှုကို ငြင်းဆန်ခဲ့၍ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် ဆွေးနွေးကာ ၂၀၁၅ တွင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည်။

မိုက်ကယ်ကျော်မြင့်က ဗိုလ် မှူးဗထူးအိမ်ရာနှင့်ပတ်သက်၍ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် စည်ပင်က အမှုဖွင့်ခြင်းခံရကာ ယခင်အစိုးရလက်ထက်က ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရကြောင်း ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ မိမိအကျိုးစီးပွားအောင်မြင်မှုရရှိ ရေး လာဘ်ပေးလာဘ်ယူပြုလုပ် ပါက ပေးသူရော ယူသူပါ အပြစ်ရှိကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးကျော်ဟိုးက မှတ်ချက်ပြု သည်။

NLD ပါတီဝင်များ လာဘ် ပေးလာဘ်ယူကိစ္စနှင့် ငြိစွန်းပါက စုံစမ်းစစ်ဆေးမှုပြုလုပ်၍ ပါတီ စည်းကမ်းအရ အရေးယူကြောင်း NLD ဗဟိုစည်းကမ်းထိန်းသိမ်း ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ် သူ ဦးကျော်ဟိုးက ပြောသည်။

 ဆက်လက်၍ ၎င်းက ‘‘နောက်ပြီးတော့ စီအီးစီ (ဗဟိုအ လုပ်အမှုဆောင်အဖွဲ့)ကို တင်ပြ တယ်။ စီအီးစီက ဒါနဲ့ပတ်သက် လို့ အမှုဖွင့်ပါဆိုရင် ကျွန်တော်တို့ က သက်ဆိုင်တဲ့သူတွေကို အမှု ဖွင့်ဖို့ ညွှန်ကြားပါတယ်’’ဟု ပြော ကြားသည်။

အထက်ပါ သတင်းစာရှင်း လင်းခြင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ဖုန်းကို ဆက်သွယ်ရာဆက်သွယ်မရပေ။

ထပ်မံရရှိသော သတင်းများ အရ မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်ချောကေခိုင်တို့ကို သက်ဆိုင် ရာ တာဝန်ရှိသူများက တွေ့ဆုံ၍ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ တရားဝင် ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ရန် ပြောကြားသော်လည်း လက်ခံခြင်းမရှိဘဲ ဆက်လက်စုဝေးကာရှင်း လင်းပွဲ ပြုလုပ်နေ၍ တာမွေရဲ စခန်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

7Day News

No comments:

Post a Comment