Latest News

Friday, June 2, 2017

မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်

မြန်မာတစ်နိုင်ငံလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်

မိုရာဆိုင်ကလုန်းမုန် တိုင်းအရှိန်ကြောင့် အနောက် တောင်မုတ်သုံလေဝင်ရောက်မှု မြန်ဆန်ခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး သို့ အနောက်တောင်မုတ်သုံလေ အပြီးသတ်ဝင်ရောက်ခဲ့ပြီးဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

အနောက်တောင်မုတ်သုံ လေသည် မေလ ၁၅ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင်မြန်မာနိုင်ငံ တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် အလယ်ပိုင်းဒေသတို့ကို အစဉ်လိုက်  ဝင်ရောက်ခဲ့ကြောင်း ယင်းဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မိုရာဆိုင်ကလုန်းမုန်တိုင်း သည် မေလ ၂၅ ရက်ကစကာ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါအချိန်တွင် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသ သို့ အနောက်တောင်မုတ်သုံလေ စတင် ဝင်ရောက်နေချိန်ဖြစ် သည်။ လေဖိအားနည်းရပ်ဝန်းပိုမို အားကောင်းလာပြီးနောက် ဆိုင် ကလုန်းမုန်တိုင်းဖြစ်ချိန်တွင် မြစ် ဝကျွန်းပေါ်ဒေသနှင့် အလယ်ပိုင်း ဒေသများသို့ ဆက်တိုက်ဝင် ရောက်ခဲ့ကာ မြန်မာနိုင်ငံမြောက် ပိုင်းဒေသများသို့ ဇွန်လ ၁ ရက်၌ အပြီးသတ် ဝင်ရောက်ခဲ့ကြောင်း ဦးကျော်မိုးဦးက ပြောသည်။

အနောက်တောင် မုတ်သုံ သေည် နှစ်စဉ်မေလလယ်ခန့်က စတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်း ဒေသသို့ ဝင်ရောက်ကာ မြစ်ဝ ကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသသို့ အစဉ် လိုက် ဝင်ရောက်ခြင်းဖြစ်သည်။  အ နောက်တောင်မုတ်သုံလေ ဝင်ရောက်ရာ  လမ်းကြောင်းတစ် လျှောက် လေထုမငြိမ်မသက်ဖြစ်ပြီး မိုးကြိုးပစ်ခြင်းနှင့် လေပြင်း ကျခြင်းများ မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်ခဲ့ရသည်။

အနောက်တောင်မုတ်သုံလေဝင်ရောက်ပြီး တစ်ပတ်ခန့် ကြာသည်အထိ မြန်မာနိုင်ငံဒေသအနှံ့တွင် မိုးကြိုးနှင့်လေပြင်း အန္တရာယ်သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

7Day News

No comments:

Post a Comment