Latest News

Tuesday, June 27, 2017

နောက်က ယာဉ်ကိုကျော်တက်စေချင်ရင် လက်ယာမီးနဲ့အချက်ပြဖို့ စက်တင်ဘာ ၁ ရက်နေ့ စမည်

နောက်က ယာဉ်ကိုကျော်တက်စေချင်ရင် လက်ယာမီးနဲ့အချက်ပြဖို့
စက်တင်ဘာ ၁ ရက်နေ့ စမည်

နောက်ကားကို ကျော်တက်ခိုင်းရင်ဘယ်ဘက်က အချက်ပြမီးကို အချက်ပြပြီး ကျော်တက်တာဟာ မှားယွင်းကြောင်းသိရပါတယ်။

နေပြည်တော်၊ ဇွန် ၂၅ – လမ်းမပေါ်မှာမောင်းနှင်တဲ့ မော်တော် ယာဉ်အားလုံးယာဉ်ရဲ့ လက်ယာဘက်(ညာ)မီး အချက်ပြပြီးမှ ကျော်တက်တဲ့စနစ်ကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး တစ်နိုင်ငံ လုံးအနေဖြင့် စတင်ကျင့်သုံးဖို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်များအားလုံးအနေနဲ့ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံးမှာ မောင်းနှင်တဲ့ ယာဉ်တွေအားလုံး နောက်မှကျော်တက်လိုတဲ့ မော်တော်ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်ရဲ့လက်ယာမီးနဲ့ မှန်ကန်စွာအချက်ပြ ရမှာဖြစ်ပါတယ်။

ဟိုးတုန်းကဆို ဘယ်ဘက်ကိုဆစ်ဂနယ်ပြပြီး ကျော်တက်ခိုင်းတယ် လေ၊ ဒါတွေက အမှန်တကယ်တော့ကျော်တက်ခိုင်းလို့မရဘူး၊ ဘာလို့လဲဆိုတော့ ဘယ်ကွေ့မယ့်ယာဉ်လဲ အဲဒီလိုဆစ်ဂနယ် ပြတယ်၊သူ့ကိုကျော်ခိုင်းတယ် ထင်ပြီး နောက်ကကျော်တော့ ဒီဘက်က ကွေ့လဲ ကွေ့ရောတိုက်ကြရောလို့ အများဆုံးမှားတတ် တဲ့ပုံစံကို ရန်ကုန်မြို့ဒေါင်းဒေါင်းယာဉ်မှုစစ်ရုံးမှ ဒုရဲမှူးကြီး ဦးမင်းသူက ရှင်းပြပါတယ်။

ယာဉ်တွေကျော်တက်ရာမှာ ရှေ့မှယာဉ်ဟာနောက်မှကျော်တက် လိုတဲ့ ယာဉ်ကိုကျော်တက်နိုင်ကြောင်း ယာဉ်ရဲ့လက်ယာ(ညာ) ဘက်မီးနဲ့ အချက်ပြခြင်းကအမှန်ဖြစ်ပေမဲ့ယာဉ်မောင်းအများစုဟာ ယာဉ်ရဲ့လက်ဝဲ (ဘယ်) မီးဖြင့်သာ အချက်ပြလျက်လွဲမှားစွာကျင့်သုံး နေကြတာဖြစ်ပါတယ်။

နေပြည်တော် ယာဉ်မှုစစ်ရုံးမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဲဒီစနစ် မှားတယ်ဆိုတဲ့အကြောင်းကို လုပ်နေတာဖြစ်ပါတယ်၊ ပျောက်ဖို့လဲခက်ပါတယ်၊ ဒါကဟိုတုန်းကတည်းက စွဲမြဲလာတဲ့အ ကျင့်ကြီးတစ်ခုဖြစ်နေတာလေ၊ တော်တော်လုပ်ယူရမယ်လို့ ပြောပါတယ်။

ယာဉ်မောင်းအများစုမှားယွင်းစွာ လက်ခံကျင့်သုံးနေတဲ့ နောက် ကားကို ကျော်တက်ခိုင်းရင် ဘယ်ဘက်ကအချက်ပြမီးကို အချက်ပြပြီးကျော်တက်စေတာဟာ မှားယွင်းကြောင်းကိုယာဉ်မာင်း သင်တန်းကျောင်းတွေမှာ ထည့်သွင်းသင်ကြားပါတယ်။

ဒါပေမဲ့လည်း အများစုဟာ အခုချိန်အထိ အဲသည်ဘယ်ဘက် အချက်ပြမီးကိုပဲ အသုံးပြုနေတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ မှစပြီး ယာဉ်မောင်းသူတွေ တစ်ပြိုင်တည်းလိုက်နာကျင့်သုံးဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
မိုးမိုး/Kumudra

No comments:

Post a Comment