Latest News

Monday, June 26, 2017

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီမှာ ထီရောင်းရငွေနှင့် ဖွင့်လှစ်ပေးမည့် ဆုကြေးငွေပမာဏတွင် အများဆုံးဖြစ်လာကြောင်း သိရ

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်အောင်ဘာလေထီမှာ ထီရောင်းရငွေနှင့် ဖွင့်လှစ်ပေးမည့် ဆုကြေးငွေပမာဏတွင် အများဆုံးဖြစ်လာကြောင်း သိရ

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ထီရောင်းရငွေနှင့် ဖွင့်လှစ်ပေးအပ်မည့် ဆုကြေးငွေ အချိုးအစားတို့တွင် အများဆုံးအဖြစ် စံချိန်တင်လာကြောင်း သိရသည်။

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် သတ်မှတ်ထားသည့်အတိုင်း အက္ခရာ ၄၄ လုံးကုန်စင်အောင် ရောင်းချနိုင်ခဲ့သောကြောင့် ထီလက်မှတ်ရောင်းရငွေပေါင်းမှာ ကျပ် ၁၈ ဘီလျံခန့်အထိရရှိခဲ့ကြောင်း သိရသည်။ ယင်းအနက် ရာခိုင်နှုန်း ၄၀ မှာ နိုင်ငံတော်အခွန်ရငွေအဖြစ် ပေးသွင်းပြီး ကျန်ရာခိုင်နှုန်း ၆၀ ဖြစ်သည့် ကျပ် ၁၀ ဘီလျံကျော်ကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။

ကျပ် ၅၀၀ တန်ထီ (၁) ကြိမ်မြောက်တွင် ထီစာအုပ်ပေါင်း သုံးသန်းခန့် (ထီလက်မှတ်စောင်ရေ သိန်း ၃၀၀ ကျော်) ရောင်းချနိုင်ခဲ့ပြီး ထီရောင်းရငွေ စုစုပေါင်းမှာ ကျပ်သန်း ၁၅၀၀ (ကျပ် ၁၅ ဘီလျံ) ခန့်အထိ စံချိန်တင် ရောင်းချခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ကျပ်ရှစ်ဘီလျံကျော်ကို ထီဆုငွေအဖြစ် ပြန်လည်ဖွင့်လှစ်ပေးအပ်ခဲ့ကြောင်း သိရသည်။

မေ ၁ ရက်တွင် ဖွင့်လှစ်ခဲ့သည့် (၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် စုစုပေါင်းထီရောင်းရငွေမှာ ကျပ်သန်း ၁၃၀၀ ကျော် (ကျပ် ၁၃ ဘီလျံကျော်) ရှိခဲ့ကြောင်း သိရသည်။

(၂) ကြိမ်မြောက် အောင်ဘာလေထီ ရောင်းရငွေ ကျပ် ၁၃ ဘီလျံကျော်တွင် ရာခိုင်နှုန်း ၄၀ ဖြင့်အခွန်ရငွေမှာ ကျပ် ၅ ဒသမ ၃ ဘီလျံကျော်ဖြစ်ပြီး ရာခိုင်နှုန်း ၆၀ ဖြင့်ဆုမဲခွဲဝေပေးသောငွေမှာ ကျပ်ရှစ်ဘီလျံခန့်ဖြစ်ကြောင်း သိရသည်။

(၃) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် စုစုပေါင်းရောင်းရငွေမှာ ကျပ်သန်းပေါင်း ၁၄၇၂၇ ဒသမ ၂၄ (ကျပ်၁၅ ဘီလျံခန့်) ရှိကြောင်းသိရသည်။ (၃) ကြိမ်မြောက် အောင်ဘာလေထီတွင် ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ ဖြစ်သော ကျပ်သန်းပေါင်း ၈၈၃၆ ဒသမ ၃၃၄ (ကျပ်ရှစ်ဘီလျံကျော်) ကိုထီဆုငွေအဖြစ် ဖွင့်လှစ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွန် ၁ ရက်တွင် စတင်ရောင်းချပြီး ဇူလိုင် ၁ ရက်တွင်ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ကျပ်သိန်းတစ်သောင်းဆုအပြင် ကျပ်သိန်း ၅၀၀၀ ဆုနှစ်ဆုနှင့် ကျပ်သိန်း ၃၀၀၀ ဆုကို ထပ်မံထည့်သွင်းပြီး ကျပ်သိန်း ၃၀၀၀ ဆုသုံးဆု၊ ကျပ်သိန်း ၁၀၀၀ ဆုကို ခြောက်ဆုအထိ ထပ်တိုးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျပ်သိန်း ၅၀၀ ဆုရှစ်ဆု၊ ကျပ်သိန်း ၃၀၀ ဆုကိုးဆု၊ ကျပ်သိန်း ၁၀၀ ဆုကိုးဆု၊ ကျပ်သိန်း ၅၀ ဆု ၁၂ ဆု၊ ကျပ်သိန်း ၃၀ ဆု ၁၂ ဆု၊ ကျပ် ၁၀ သိန်းဆု ၁၃ ဆု၊ ဝေ ဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းငါးလုံးတူ) ၁၀ ယူနစ် ဆု ၁၀၀၊ ကျပ်နှစ်သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းလေးလုံးတူ) ၁၀ ယူနစ်ဆု ၁၀၀၀၊ ကျပ်တစ်သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းသုံးလုံးတူ) ၁၂ ယူနစ် ဆု ၁၂၀၀၀၊ ကျပ်ငါးသောင်းဆု (အက္ခရာနှင့် ရှေ့ဂဏန်းနှစ်လုံးတူ) ၁၀ ယူနစ်ဆု တစ်သိန်းဖြင့် စုစုပေါင်းဆုမဲအရေအတွက် ၁၁၃၁၇၅ ဆုအထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(၄) ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီတွင် ပင်မထီအဖြစ် ‘က’ အက္ခရာမှ ‘ဖ’ အက္ခရာအထိ အစဉ်လိုက်အက္ခရာအလုံးရေ ၂၂ လုံးနှင့် အရန်ထီတွင် ‘ကက’ မှ ‘ကဖ’ အထိ အက္ခရာ ၂၂ လုံး စုစုပေါင်း ၄၄ လုံးဖြစ်ကြောင်း သိရသည်။                

Eleven Media Group

No comments:

Post a Comment